ကျောက်မဲ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ နှင့် ပတ်သက်၍ ပညာပေးလုပ်ဆောင်
ကျောက်မဲ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ နှင့် ပတ်သက်၍ ပညာပေးလုပ်ဆောင်
ဇူလိုငျ 7, 2016
By Tachileik News Agency
ကျောက်မဲမြို့တွင် ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ ဆိုင်ကယ်စီးဦးထုပ် ဝေခြင်းစသည့် လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် များနေခြင်းကြောင့် စည်းကမ်းထိန်းသိမ်းရေးအပိုင်းအား လုပ်ဆောင်နေပေမဲ့လည်း စည်းကမ်းမဲ့ယာဉ်များ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးခြင်းကို အပြီးသတ်လုပ်ဆောင်မှာဖြပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများ ထိခိုက်နည်းနာမှု အနည်းဆောင်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် ပညာပေးကာလအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
သတင်း။  ။ နေဖြိုးမြင့်
...........
ကျောက်မဲ၊ ဇူလိုင်လ (၇) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရန် အစီအစဉ် မရှိသေးဘဲ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ပညာပေးဟောပြောပွဲများကိုသာ ဆက်တိုက် လုပ်ဆောင်နေကြောင်း ကျောက်မဲယာဉ်ထိန်းရုံးမှ သိရသည်။
“လုပ်နေကျအတိုင်း ပညာပေးလုပ်ငန်းစဉ်တွေတော့ နေ့တိုင်းလုပ်နေပါတယ်။ ကျွန်တော်တို့ ကျောင်းတွေ ဂိတ်တွေ၊ လူများတဲ့ နေရာတွေနဲ့ ဂုတ်တွင်းယာဉ်လမ်းကြောင်း ကင်းရှင်းရေးတွေတော့ နေ့တိုင်း သွားနေရပါတယ်”ဟု ကျောက်မဲယာဉ်ထိန်းရုံးမှ တပ်ကြပ်ကြီးဘစောက ပြောသည်။
ကျောက်မဲမြို့တွင် ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ ဆိုင်ကယ်စီးဦးထုပ် ဝခြေင်းစသည့် လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
“ပညာပေးလုပ်ငန်းတွေတော့ ရှိပါတယ်။ ဦးထုပ် ဝေတာတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး လုပ်ငန်းတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ ကျောက်မဲက ရှမ်း/မြောက် လားရှိုးရဲ့ လက်အောက်ခံတပ်ဖွဲ့ခွဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ပတ်သက်တာက အထက်က အဖွဲ့အစည်းက လုပ်ခိုင်းမှ လုပ်ရတာပါ။ လက်ရှိတော့ အဲဒီအတွက် မလုပ်ရသေးပါဘူး။“ဟု ရဲအုပ်အောင်ကိုထက်က ပြောသည်။
ကျောက်မဲမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် များနခြေင်းကြောင့် စည်းကမ်းထိန်းသိမ်းရေးအပိုင်းအား လုပ်ဆောင်နေပေမဲ့လည်း စည်းကမ်းမဲ့ယာဉ်များ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကျောက်မဲမှာ လိုင်စင်မဲ့ယာဉ်တွေ များတယ်။ အဓိကက ကားတွေများတယ်။ စည်းကမ်းမဲ့တာတွေလည်း တွေ့နေရတယ်။ ဖမ်းဆီးအရေးယူတာတွေ ရှိစေချင်တယ်။ ယာဉ်တွေများလာ စည်းကမ်းမဲ့တာတွေ များလာတာကို ထိန်းသိမ်းစေချင်တယ်”ဟု ကျောက်မဲဒေသခံ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်အစိုးရအနဖြေင့် ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးခြင်းကို အပြီးသတ်လုပ်ဆောင်မှာဖြပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများ ထိခိုက်နည်းနာမှု အနည်းဆောင်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် ပညာပေးကာလအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
သတင်း။ နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~