Update News

မိုင္းျဖတ္တပ္နယ္မွ ဒုတိယအႀကိမ္အျဖစ္ ကြ်န္းပင္(၁၀၀၀)ေက်ာ္ စိုက္ပ်ဳိး









တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕အေျခခ် အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္လက္ေအာက္ရွိ မိုင္းျဖတ္တပ္နယ္မွ ဒုတိယအႀကိမ္ သစ္ပင္စိုက္ပ်ဳိးပြဲအျဖစ္ ယေန႔ဇူလိုင္လ(၃၁)ရက္ေန႔က အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ရံုးေရွ႕တြင္ ျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ သစ္ပင္စိုက္ပြဲသို႔ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ ဇနီး အပါအ၀င္ မိုင္းျဖတ္တပ္နယ္ လက္ေအာက္ရွိ တပ္ရင္း/တပ္ဖြဲ႔မ်ားမွ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္ ႏွင့္ ရဲေမတို႔မွ ကြ်န္းပင္ေပါင္း (၁၀၀၀)ေက်ာ္ကို စုေပါင္း စိုက္ပ်ဳိးခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ကိုသာ
................

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့အခြေချ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ မိုင်းဖြတ်တပ်နယ်မှ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအဖြစ် ယနေ့ဇူလိုင်လ(၃၁)ရက်နေ့က အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပွဲသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် ဇနီး အပါအဝင် မိုင်းဖြတ်တပ်နယ် လက်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် နှင့် ရဲမေတို့မှ ကျွန်းပင်ပေါင်း (၁၀၀၀)ကျော်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
« PREV
NEXT »