မိုင္းျဖတ္၌ က်င္းပသည့္ မိုးရာသီ စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲ၌ ေဘာလံုးအသင္း (၁၅)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့

မိုင္းျဖတ္၌ က်င္းပသည့္ မိုးရာသီ စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲ၌ ေဘာလံုးအသင္း (၁၅)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့
ဇူလိုင် 28, 2016
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ အမွတ္(၁၈) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္၏ မိုးရာသီ စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲအား က်င္းပျပဳလုပ္ရာ ဗိုလ္လုပြဲတြင္ စကခ(၁၈)ေဘာလံုးအသင္းမွ အႏိုင္ရရွိသြားေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲအား ဇူလိုင္လ(၁၁)ရက္ေန႔မွ ဇူလိုင္လ(၂၈)ရက္ေန႔အထိ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး၊ ေဘာလံုးအသင္း (၁၅)သင္းတို႔ ယွဥ္ၿပိဳင္ရာ ၿပိဳင္ပြဲ၏ ဗိုလ္လုပြဲ၌ စကခ(၁၈)ႏွင့္ တဆရ(၁/၁၀၀)တို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရာမွ စကခ(၁၈)ေဘာလံုးအသင္းက (၁-၀)ျဖင့္ အႏိုင္ရရွိသြားခဲ့ျခင္း ျဖစ္သည္။
ယင္းၿပိဳင္ပြဲတြင္  အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္လက္ေအာက္ရွိ မိုင္းျဖတ္၊ မိုင္းေယာင္း ႏွင့္ တာေလၿမိဳ႕မ်ားရွိ တပ္ရင္း/တပ္ဖြဲ႔မ်ားမွ ေဘာလံုးအသင္း (၁၅)သင္းမွ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ
...................
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၏ မိုးရာသီ စစ်ဆင်ရေးကွပ်ကဲရေးမှူးဒိုင်း ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲတွင် စကခ(၁၈)ဘောလုံးအသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ဇူလိုင်လ(၁၁)ရက်နေ့မှ ဇူလိုင်လ(၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ဘောလုံးအသင်း (၁၅)သင်းတို့ ယှဉ်ပြိုင်ရာ ပြိုင်ပွဲ၏ ဗိုလ်လုပွဲ၌ စကခ(၁၈)နှင့် တဆရ(၁/၁၀၀)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ရာမှ စကခ(၁၈)ဘောလုံးအသင်းက (၁-ဝ)ဖြင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် တာလမြေို့များရှိ တပ်ရင်း/တပ်ဖွဲ့များမှ ဘောလုံးအသင်း (၁၅)သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net