ရွမ္းျပည္နယ္စည္ပင္သာယာေရးဦးစီးဌာန ေပ်ာက္ဆံုးဝန္ထမ္းႏွစ္ဦးႏွင့္ လာဘ္စားမႈအား စံုခံုရံုးေကာ္မတီ ဖြဲ႕စစ္ေဆးေန

ရွမ္းျပည္နယ္စည္ပင္သာယာေရးဦးစီးဌာန ေပ်ာက္ဆံုးဝန္ထမ္းႏွစ္ဦးႏွင့္ လာဘ္စားမႈအား စံုခံုရံုးေကာ္မတီ ဖြဲ႕စစ္ေဆးေန
ဇူလိုင် 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္လ(၈)ရက္
စည္ပင္ဝန္ထမ္းႏွစ္ဦးေပ်ာက္ဆံုးေနမႈႏွင့္ လာဘ္စားမွဳအပါအဝင္ ရွမ္းျပည္နယ္စည္ပင္သာယာေရး ဦးစီးဌာနႏွင့္ ပတ္သက္၍ ထြက္ေပၚေနသည့္သတင္းမ်ားအား စံုခံုရံုးေကာ္မတီဖြဲ႕စည္း၍ စစ္ေဆးလွ်က္ရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

"စံုခံုရံုးေကာ္မတီဖြဲ႕ၿပီးေတာ့ စစ္ေဆးေနတယ္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ၀န္ႀကီးေတြ တစ္ေယာက္မွေတာ့ မပါဘူး။ ဒီစစ္ေဆးခ်က္ေတြက ျပစ္မႈထင္ရွားတယ္လို႔ ေပၚေပါက္ရင္ ဥပေဒအတိုင္းအေရးယူမွာပါ။ ကၽြန္ေတာ္တို႔အစိုးရက ဥပေဒအတိုင္းသြားေနတာပါ"ဟု ရွမ္းျပည္နယ္အစိုးရ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းက ေျပာသည္။

၂၀၁၆ ခုႏွစ္အတြင္း သီေပါၿမိဳ႕နယ္စည္ပင္သာယာေရး၀န္ထမ္း(၂)ဦး လစာထုတ္ၿပီးအျပန္ မိုင္းေနာင္ႏွင့္ ေက်းသီးသို႔ အသြားလမ္းတြင္ ေပ်ာက္ဆံုးေနမႈအား ဌာနအေနျဖင့္တာ၀န္ယူေျဖရွင္းေပးမႈမရွိျခင္း၊ စည္ပင္၀န္ထမ္းတစ္ဦးအား အျပစ္ရွာ၍ အလုပ္ထုတ္ပစ္ခဲ့ျခင္း၊ စည္ပင္သာယာေရးဦးစီးဌာန၏ ဘတ္ဂ်က္ ရန္ပံုေငြမ်ားအား ႏွစ္ေပါင္းမ်ားစြာ အလြဲသံုးစားမႈျပဳခဲ့သည္ဟု စြပ္စြဲခ်က္မ်ားျဖင့္ ဝန္ထမ္းႏွစ္ဦး၏ မိသားစုဝင္မ်ားက သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီးေနာက္ ယင္းကဲ့သို႔ ေကာ္မတီဖြဲ႕၍ စစ္ေဆးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီျပႆနာက ကၽြန္ေတာ္တုိ႔ NLD အစုိးရသစ္၊ စည္ပင္ဝန္ႀကီးလက္ထက္မွာျဖစ္တဲ့ ျပႆနာမဟုတ္ပါဘူး။ ျပည္သူေတြ ထင္ေယာင္ထင္မွား မျဖစ္ေစခ်င္ပါဘူး။ ဒါဆုိရင္ ခင္ဗ်ားတုိ႔ အစုိးရသစ္အေနနဲ႔ ဘာမွမလုပ္ဘူးလားလို႔ ေမးစရာ႐ွိပါတယ္။ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ၫႊန္ၾကားခ်က္ျဖင့္ ၿပီးခဲ့တဲ့အပတ္ကစၿပီး စုံေကာ္ဖြဲ႔ၿပီး စစ္ေဆးခိုင္းထားပါတယ္။ စစ္ေဆးခ်က္ေပၚလြင္ျပီး ခိုင္မာမွန္ကန္ပါက မွားတဲ့လူ၊ လာဘ္စားတဲ့လူ တာဝန္ယူရပါလိမ့္မယ္"ဟု ရွမ္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

သီေပါၿမိဳ႕နယ္မွ ေပ်ာက္ဆံုးေနသည့္ ၀န္ထမ္းႏွစ္ဦးႏွင့္ပတ္သက္၍ အဆိုပါေဒသရိွ သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားထံမွ အေၾကာင္းျပန္ၾကားလာျခင္းမရွိသျဖင့္ ေပ်ာက္ဆံုးေၾကာင္းမွလြဲ၍ ဌာနအေနျဖင့္ သတင္းထုတ္ျပန္ႏုိင္မွဳ မရိွျခင္းျဖစ္ေၾကာင္း စည္ပင္သာယာေရးဦးစီးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

သတင္း။  ။ ကိုဇက္
.............
တာချီလိတ်၊ ဇူလိုင်လ(၈)ရက်
စည်ပင်ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေမှုနှင့် လာဘ်စားမှုအပါအဝင် ရှမ်းပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့်သတင်းများအား စုံခုံရုံးကော်မတီဖွဲ့စည်း၍ စစ်ဆေးလျှက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
"စုံခုံရုံးကော်မတီဖွဲ့ပြီးတော့ စစ်ဆေးနေတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တစ်ယောက်မှတော့ မပါဘူး။ ဒီစစ်ဆေးချက်တွေက ပြစ်မှုထင်ရှားတယ်လို့ ပေါ်ပေါက်ရင် ဥပဒေအတိုင်းအရေးယူမှာပါ။ ကျွန်တော်တို့အစိုးရက ဥပဒေအတိုင်းသွားနေတာပါ"ဟု ရှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း သီပေါမြို့နယ်စည်ပင်သာယာရေးဝန်ထမ်း(၂)ဦး လစာထုတ်ပြီးအပြန် မိုင်းနောင်နှင့် ကျေးသီးသို့ အသွားလမ်းတွင် ပျောက်ဆုံးနေမှုအား ဌာနအနဖြေင့်တာဝန်ယူဖြေရှင်းပေးမှုမရှိခြင်း၊ စည်ပင်ဝန်ထမ်းတစ်ဦးအား အပြစ်ရှာ၍ အလုပ်ထုတ်ပစ်ခဲ့ခြင်း၊ စည်ပင်သာယာရေးဦးစီးဌာန၏ ဘတ်ဂျက် ရန်ပုံငွေများအား နှစ်ပေါင်းများစွာ အလွဲသုံးစားမှုပြုခဲ့သည်ဟု စွပ်စွဲချက်များဖြင့် ဝန်ထမ်းနှစ်ဦး၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ကော်မတီဖွဲ့၍ စစ်ဆေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီပြဿနာက ကျွန်တော်တို့ NLD အစိုးရသစ်၊ စည်ပင်ဝန်ကြီးလက်ထက်မှာဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ ပြည်သူတွေ ထင်ယောင်ထင်မှား မဖြစ်စေချင်ပါဘူး။ ဒါဆိုရင် ခင်ဗျားတို့ အစိုးရသစ်အနေနဲ့ ဘာမှမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြားချက်ဖြင့် ပြီးခဲ့တဲ့အပတ်ကစပြီး စုံကော်ဖွဲ့ပြီး စစ်ဆေးခိုင်းထားပါတယ်။ စစ်ဆေးချက်ပေါ်လွင်ပြီး ခိုင်မာမှန်ကန်ပါက မှားတဲ့လူ၊ လာဘ်စားတဲ့လူ တာဝန်ယူရပါလိမ့်မယ်"ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
သီပေါမြို့နယ်မှ ပျောက်ဆုံးနေသည့် ဝန်ထမ်းနှစ်ဦးနှင့်ပတ်သက်၍ အဆိုပါဒေသရှိ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများထံမှ အကြောင်းပြန်ကြားလာခြင်းမရှိသဖြင့် ပျောက်ဆုံးကြောင်းမှလွဲ၍ ဌာနအနဖြေင့် သတင်းထုတ်ပြန်နိုင်မှု မရှိခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~