လက္တြဲေဖာ္ကို အေကာင္းဆံုးခ်ီပိုးႏုိင္တဲ့ ကမၻာ့ခ်န္ပီယံ အမ်ိဳးသားေရြးပြဲ

လက္တြဲေဖာ္ကို အေကာင္းဆံုးခ်ီပိုးႏုိင္တဲ့ ကမၻာ့ခ်န္ပီယံ အမ်ိဳးသားေရြးပြဲ
ဇူလိုင် 5, 2016
By Tachileik News Agency

ဘာသာျပန္၊ ဇူလိုင္(၅)
ၿပိဳင္ပြဲဝင္အားလံုး ေပ်ာ္ရႊင္ေစရမယ္ဆိုတဲ့ လက္တြဲေဖာ္ဇနီးသည္ျဖစ္သူကို သယ္ေဆာင္ၿပီး ေျပးရတဲ့ ကမၻာ့ခ်န္ပီယံ အမ်ိဳးသားၿပိဳင္ပြဲမွာ ၂၀၁၆ ခုႏွစ္အတြက္ ရုရွားက ဇနီးေမာင္ႏွံက ခ်န္ပီယံဆုရ ရိွသြားပါတယ္။

ဖင္လန္ႏိုင္ငံမွာ ႏွစ္စဥ္က်ငး္ပေနတဲ့ ဒီၿပိဳင္ပြဲမွာ ထမီဒရီဆာဂါဆိုတဲ့ အမ်ိဳးသားက ဇနီးျဖစ္သူ အဲနက္စ္တာဆီလိုဂီႏိုဗာကို ၂၅၃ မီတာေဝးတဲ့ သဲလမ္းကေန တစ္မိနစ္နဲ႔ ႏွစ္စကၠန္႔အတြင္း ထမ္းေျပးသြားၿပီး ခ်န္ပီယံျဖစ္သြားတာပါ။

ဒီၿပိဳင္ပြဲမွာ ၾသစေတးလ်၊ ဂ်ာမနီ၊ ဆြီဒင္နဲ႔ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ႏုိင္ငံေပါင္း (၁၂)ႏိုင္ငံက စံုတြဲေပါင္း (၃၅)တြဲက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

ဒီၿပိဳင္ပြဲစည္းကမ္းမွာ ကိုယ့္ဇနီးသည္ကို ဘယ္လိုပံုစံနဲ႔ သယ္ေဆာင္ရမလဲဆိုတဲ့ ကန္႔သတ္ခ်က္မရိွဘဲ ႀကိဳက္တဲ့ပံုစံနဲ႔ မခ်ီသြားႏိုင္ပါတယ္လို႔ ဆိုပါတယ္။

လက္ရိွအႏိုင္ရသြားတဲ့ ရုရွားစံုတြဲဟာ လြန္ခဲ့တဲ့သံုးႏွစ္က တတိယခ်ိတ္ထားတာပါ။ ဒီႏွစ္မွာ ဒုတိယခ်ိတ္သြားတဲ့ စံုတြဲကေတာ့ (၅)စကၠန္႔အကြာနဲ႔ က်န္ေနခဲ့တာပါ။

၂၀၁၄ ခုနွစ္နဲ႔ ၂၀၁၅ ခုႏွစ္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဗိုင္လာပါေဗယီယန္ကေတာ့ တစ္နွစ္မွာ တြဲဘက္တစ္ေယာက္ဆီနဲ႔ ဆုခ်ိတ္ခဲ့တာပါ။

ဒီၿပိဳင္ပြဲစည္းကမ္းက လက္ထပ္ထားဖို႔ မလိုေပမဲ့ အမ်ိဳးသမီးက ကိုယ္အေလးခ်ိန္ အနည္းဆံုး (၄၉) ကီလိုဂရမ္ေတာ့ ရိွရမွာျဖစ္ၿပီး အသက္ (၁၇)ႏွစ္ျပည့္ၿပီး ျဖစ္ရပါမယ္။

ဘာသာျပန္၊ ဇာႏွင္းထိုက္
Ref; People's Daily, China
...............

ဘာသာပြန်၊ ဇူလိုင်(၅)
ပြိုင်ပွဲဝင်အားလုံး ပျော်ရွှင်စေရမယ်ဆိုတဲ့ လက်တွဲဖော်ဇနီးသည်ဖြစ်သူကို သယ်ဆောင်ပြီး ပြေးရတဲ့ ကမ္ဘာ့ချန်ပီယံ အမျိုးသားပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်အတွက် ရုရှားက ဇနီးမောင်နှံက ချန်ပီယံဆုရ ရှိသွားပါတယ်။

ဖင်လန်နိုင်ငံမှာ နှစ်စဉ်ကျငး်ပနေတဲ့ ဒီပြိုင်ပွဲမှာ ထမီဒရီဆာဂါဆိုတဲ့ အမျိုးသားက ဇနီးဖြစ်သူ အဲနက်စ်တာဆီလိုဂီနိုဗာကို ၂၅၃ မီတာဝေးတဲ့ သဲလမ်းကနေ တစ်မိနစ်နဲ့ နှစ်စက္ကန့်အတွင်း ထမ်းပြေးသွားပြီး ချန်ပီယံဖြစ်သွားတာပါ။

ဒီပြိုင်ပွဲမှာ သြစတေးလျ၊ ဂျာမနီ၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း (၁၂)နိုင်ငံက စုံတွဲပေါင်း (၃၅)တွဲက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဒီပြိုင်ပွဲစည်းကမ်းမှာ ကိုယ့်ဇနီးသည်ကို ဘယ်လိုပုံစံနဲ့ သယ်ဆောင်ရမလဲဆိုတဲ့ ကန့်သတ်ချက်မရှိဘဲ ကြိုက်တဲ့ပုံစံနဲ့ မချီသွားနိုင်ပါတယ်လို့ ဆိုပါတယ်။

လက်ရှိအနိုင်ရသွားတဲ့ ရုရှားစုံတွဲဟာ လွန်ခဲ့တဲ့သုံးနှစ်က တတိယချိတ်ထားတာပါ။ ဒီနှစ်မှာ ဒုတိယချိတ်သွားတဲ့ စုံတွဲကတော့ (၅)စက္ကန့်အကွာနဲ့ ကျန်နေခဲ့တာပါ။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဗိုင်လာပါဗေယီယန်ကတော့ တစ်နှစ်မှာ တွဲဘက်တစ်ယောက်ဆီနဲ့ ဆုချိတ်ခဲ့တာပါ။

ဒီပြိုင်ပွဲစည်းကမ်းက လက်ထပ်ထားဖို့ မလိုပေမဲ့ အမျိုးသမီးက ကိုယ်အလေးချိန် အနည်းဆုံး (၄၉) ကီလိုဂရမ်တော့ ရှိရမှာဖြစ်ပြီး အသက် (၁၇)နှစ်ပြည့်ပြီး ဖြစ်ရပါမယ်။

ဘာသာပြန်၊ ဇာနှင်းထိုက်
Ref; People's Daily, China

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~