ျမန္မာႏို္င္ငံလံုးဆုိင္ရာ တိုင္းရင္းသားလူငယ္မ်ားညီလာခံ ပင္လံု၌ စတင္က်င္းပ

ျမန္မာႏို္င္ငံလံုးဆုိင္ရာ တိုင္းရင္းသားလူငယ္မ်ားညီလာခံ ပင္လံု၌ စတင္က်င္းပ
ဇူလိုင် 27, 2016
By Tachileik News Agency

႐ွွမ္းျပည္နယ္ေတာင္ပိုင္း လိြဳင္လင္ခ႐ိုင္ ပင္လံုၿမိဳ႕၌ ျမန္မာႏိုင္ငံလံုးဆိုင္ရာ တိုင္းရင္းသားလူငယ္မ်ား ညီလာခံကို ဇူလိုင္လ ၂၇ ရက္က စတင္က်င္းပရာ ျပည္နယ္တြင္းရိွ ႏုိင္ငံေရးပါတီမ်ားမွလည္း ဖြင့္ပြဲတက္ေရာက္ၾကေၾကာင္း သိရသည္။

“တိုင္းရင္းသား လူငယ္ေတြက ၿငိမ္းခ်မ္းေရးအတြက္ လုပ္တာဆိုေတာ့ အင္မတန္ေကာင္းတဲ့ကိစၥပါ။ ၿငိမ္းခ်မ္းေရးဆိုတာ လူႀကီးေရာ လူငယ္ေရာ ဗမာေရာ တိုင္းရင္းသားအားလံုးေရာ ျပည္သူလူထုတစ္ရပ္လံုး ပါဝင္ရမယ့္ပြဲျဖစ္ပါတယ္။ ဒီပြဲကိုသမိုင္းရဲ႕ မွတ္တိုင္တစ္ခုျဖစ္တဲ့ ပင္လံုမွာ လာေရာက္လုပ္ကိုင္ျခင္းက အင္မတန္မွ ျပည့္ဝတဲ့ အဓိပၸါယ္ကိုေဆာင္ပါတယ္။ အင္မတန္ေကာင္းတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ကၽြန္မအေနနဲ႔ အားေပးေထာက္ခံပါတယ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ  ႐ွမ္းျပည္နယ္ဥကၠဌ ေဒၚခင္မိုးမိုးက ေျပာသည္။

တိုင္းရင္းသားလူငယ္မ်ား ညီလာခံဖြင့္ပြဲသို႔  ရခိုင္အမ်ိဳးသားပါတီမွ ေဒါက္တာ ေအးေမာင္၊ ညီညြတ္ေသာ တုိင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ မွ ဗိုလ္မႉးႀကီး ခြန္ဥကၠာ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီမွ ဒုတိယ ဥကၠဌ စိုင္းခမ္းပန္ဖ ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ  ႐ွမ္းျပည္နယ္ဥကၠဌ ေဒၚခင္မိုးမိုးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“ရည္ရြယ္ခ်က္ကေတာ့ တိုင္းရင္းသားမ်ား စည္းလံုး ညီၫြတ္ေစရန္ တိုင္းရင္းသားေဒသေတြမွာ ျဖစ္ေပၚေနေသာ ျပသနာမ်ားကို အတူ ယွဥ္တြဲေဆာင္ရြက္တတ္တဲ့ ယဥ္ေက်းမူ ျဖစ္ေပၚေစဖို႔  အမ်ဳိးသားႏိုင္ငံေရး ဆံုးျဖတ္ခ်က္နဲ႔ မူဝါဒေရးရာေပၚလစီေရးရာေတြ  ခ်မွတ္တဲ့အခါ လူငယ္ေတြရဲ႕ အခန္းက႑ ပါဝင္ေစဖို႔ ေမ်ွာ္မွန္းခ်က္ကေတာ့ ဒီညီလာခံၿပီးရင္ ကၽြန္ေတာ္တုိ႔႔လူငယ္ေတြအေနနဲ႔ တိုင္းရင္းသားမ်ား ေပါင္းစည္းထားတဲ့ အင္အားစု ျဖစ္ေပၚေစဖို႔ပါ” ဟု ပြဲျဖစ္ေျမာက္ေရ ဦးေဆာင္ေကာ္မတီမွ မင္းေႏွာင္းေထာက ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္လံုၿမိဳ႕တြင္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္ညီလာခံကုိ ဇူလိုင္ ၂၇ မွ ၃၁ အထိ က်င္းပသြားမည္ျဖစ္သည္။

တုိင္းရင္းသားမ်ား အခ်င္းခ်င္းအၾကား ယံုၾကည္ခ်စ္ခင္စည္းလံုးညီညြတ္မႈ ရ႐ိွရန္၊ လူငယ္မ်ား၏ စိန္ေခၚမႈႏွင့္ တုိင္းရင္းသားျပႆနာမ်ားကို ႐ွင္းလင္းရန္၊ အနာဂတ္တြင္ တိုင္းရင္းသားလူငယ္မ်ား ျပည္ေထာင္စုတာဝန္ကုိ ဆက္လက္ သယ္ပိုးသြားႏိုင္ရန္ ရည္႐ြယ္ၿပီး ျမန္မာတစ္ႏိုင္ငံလံုးဆိုင္ရာ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားညီလာခံ က်င္းပရျခင္းျဖစ္ေၾကာင္း ျဖစ္ေျမာက္ေရး ဦးေဆာင္ေကာ္မတီထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ဟံႏိုင္

...............

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ဇူလိုင်လ ၂၇ ရက်က စတင်ကျင်းပရာ ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများမှလည်း ဖွင့်ပွဲတက်ရောက်ကြကြောင်း သိရသည်။

“တိုင်းရင်းသား လူငယ်တွေက ငြိမ်းချမ်းရေးအတွက် လုပ်တာဆိုတော့ အင်မတန်ကောင်းတဲ့ကိစ္စပါ။ ငြိမ်းချမ်းရေးဆိုတာ လူကြီးရော လူငယ်ရော ဗမာရော တိုင်းရင်းသားအားလုံးရော ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရမယ့်ပွဲဖြစ်ပါတယ်။ ဒီပွဲကိုသမိုင်းရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ပင်လုံမှာ လာရောက်လုပ်ကိုင်ခြင်းက အင်မတန်မှ ပြည့်ဝတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ အင်မတန်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အားပေးထောက်ခံပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရှမ်းပြည်နယ်ဥက္ကဌ ဒေါ်ခင်မိုးမိုးက ပြောသည်။

တိုင်းရင်းသားလူငယ်များ ညီလာခံဖွင့်ပွဲသို့ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒုတိယ ဥက္ကဌ စိုင်းခမ်းပန်ဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရှမ်းပြည်နယ်ဥက္ကဌ ဒေါ်ခင်မိုးမိုးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားများ စည်းလုံး ညီညွတ်စေရန် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေသော ပြသနာများကို အတူ ယှဉ်တွဲဆောင်ရွက်တတ်တဲ့ ယဉ်ကျေးမူ ဖြစ်ပေါ်စေဖို့ အမျိုးသားနိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ မူဝါဒရေးရာပေါ်လစီရေးရာတွေ ချမှတ်တဲ့အခါ လူငယ်တွေရဲ့ အခန်းကဏ္ဍ ပါဝင်စေဖို့ မျှော်မှန်းချက်ကတော့ ဒီညီလာခံပြီးရင် ကျွန်တော်တို့လူငယ်တွေအနေနဲ့ တိုင်းရင်းသားများ ပေါင်းစည်းထားတဲ့ အင်အားစု ဖြစ်ပေါ်စေဖို့ပါ” ဟု ပွဲဖြစ်မြောက်ရေ ဦးဆောင်ကော်မတီမှ မင်းနှောင်းထောက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်ညီလာခံကို ဇူလိုင် ၂၇ မှ ၃၁ အထိ ကျင်းပသွားမည်ဖြစ်သည်။

တိုင်းရင်းသားများ အချင်းချင်းအကြား ယုံကြည်ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိရန်၊ လူငယ်များ၏ စိန်ခေါ်မှုနှင့် တိုင်းရင်းသားပြဿနာများကို ရှင်းလင်းရန်၊ အနာဂတ်တွင် တိုင်းရင်းသားလူငယ်များ ပြည်ထောင်စုတာဝန်ကို ဆက်လက် သယ်ပိုးသွားနိုင်ရန် ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ဟံနိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~