မန္တလေးမြို့တွင် ငြိမ်းချမ်းရေးကာတွန်းပြပွဲ သုံးရက်ကြာကျင်းပ

မန္တလေးမြို့တွင် ငြိမ်းချမ်းရေးကာတွန်းပြပွဲ သုံးရက်ကြာကျင်းပ
ဇူလိုင် 31, 2016
By Tachileik News Agency



...................

မန္တလေးမြို့တွင် ''မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ''ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးကာတွန်းပြပွဲကို သီရိပန်းချီပြခန်း၌ ပြုလုပ်သည်။

အဆိုပါ ပြပွဲတွင် မန္တလေးမှကာတွန်းဆရာ (၃၀) ကျော်၏ လက်ရာ (၇၀) ကျော်ကိုပြသထားပြီး ကာတွန်းတစ်ကားလျှင်ကျပ် သုံးသောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး၊ ဇူလိုင်လ (၃၁) ရက် မှ သြဂုတ်လ (၂) ရက်အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net