စိုက္ဧက အမ်ားဆံုးရိွသည့္ မိုင္းေယာင္း၌ သိပၸံနည္းက် စိုက္ပ်ိဳးနည္း ပညာေပးရန္ အခက္အခဲရွိေန

စိုက္ဧက အမ်ားဆံုးရိွသည့္ မိုင္းေယာင္း၌ သိပၸံနည္းက် စိုက္ပ်ိဳးနည္း ပညာေပးရန္ အခက္အခဲရွိေန
ဇူလိုင် 1, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္လ (၁) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ (၃)ခုအနက္ စိုက္ဧကအမ်ားဆံုးရိွသည့္ မိုင္းေယာင္းၿမိဳ႕နယ္တြင္ မိရိုးဖလာစိုက္ပ်ိဳးနည္းစနစ္အစား သိပၸံနည္းက်စိုက္ပ်ိဳးနည္းျဖင့္ အထြက္ႏႈန္း တိုးျမႇင့္ရန္ စိုက္ပ်ိဳးေရးဌာနမွ လုပ္ေဆာင္ရာ၌ အခက္အခဲႀကံဳေနရေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန အေနျဖင့္ ေဒသတြင္း ေတာင္သူလယ္သမားမ်ားအား စိုက္ပ်ဳိးနည္းစနစ္ ပညာေပး လုပ္ေဆာင္ရာတြင္ ဘာသာစကား အခက္အခဲအျပင္ သိပၸံနည္းက်စိုက္နည္းစနစ္မွာ လက္ဝင္ၿပီး လုပ္သားအင္အား ပိုမိုသံုးစြဲရသျဖင့္ ေဒသခံမ်ား စိတ္ဝင္စားမႈ အားနည္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုင္းေယာင္းၿမိဳ႕က က်န္တဲ့ၿမိဳ႕ေတြထက္ စပါးအထြက္ႏႈန္းေကာင္းတယ္။ ေျမလည္းေကာင္းေတာ့ ၁၀၀ စိုက္ရင္ ၁၀၀ နီးပါးထြက္တယ္။ သူတို႔က မိရိုးဖလာ သမားရိုးက်စိုက္ၾကတာေတာင္ အထြက္ႏႈန္း မ်ားတယ္ဆိုေတာ့ စနစ္တက် ေဘာင္ခက္ၿပီး သိပၸံနည္းက် စုိက္ပ်ိဳးမယ္ဆိုရင္ အထြက္ႏႈန္းက ဒီထက္မက တိုးမွာပါ။”ဟု မိုင္းေယာင္းၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးမွဴး ဦးေက်ာ္ေက်ာ္မိုးက ေျပာသည္။

မိုင္းေယာင္းၿမိဳ႕နယ္၏ စပါးအထြက္ႏႈန္းမွာ လက္ရိွတြင္ မိရိုးဖလာ စိုက္ပ်ိဳးနည္းစနစ္ျဖင့္ စိုက္ပ်ိဳးေနျခင္းျဖစ္ေသာ္လည္း အထြက္ႏႈန္း အေကာင္းဆံုးျဖစ္ေနၿပီး စပါးအထြက္ႏႈန္းမွာ ပ်မ္းမွ်အားျဖင့္ ရာခုိင္ႏႈန္း (၁၀၀) ေက်ာ္ေၾကာင္း  တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနရုံးမွ သိရသည္။

“မိုင္းေယာင္းမွာ (၁၀၀)ရာခိုင္ႏႈန္းထိ ထြက္တယ္ဆိုတာ စပါးအထြက္ႏႈန္း ေတာ္ေတာ္ ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ဒါေတာင္ မိရိုးဖလာနည္းေတြ မိရိုးဖလာမ်ိဳးေတြနဲ႔ပဲ စိုက္ေနၾကတာ။ အဲဒါကို မ်ိဳးေကာင္း၊ မ်ိဳးသန္႔ေတြနဲ႔ နည္းစနစ္က်က် စိုက္ပ်ိဳးမယ္ဆိုရင္ ဒီထက္မက စပါးအထြက္ႏႈန္း တိုးေစမွာပါ။” ဟု ေဒသခံတစ္ဦးက ေျပာသည္။

သမားရိုးက်နည္းျဖစ္သည့္ အစုလိုက္ မ်ိဳးၾကဲစိုက္ပ်ိဳးျခင္းေၾကာင့္ အပင္မ်ားဖြာထြက္ၿပီး သီးႏွံ ထြက္သင့္သေလာက္ မထြက္ျခင္းျဖစ္သျဖင့္ စနစ္တက် ေဘာင္ခတ္ၿပီး သိပၸံနည္းက်စိုက္ပ်ိဳးရန္ အႀကံျပဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
....................

တာချီလိတ်၊ ဇူလိုင်လ (၁) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ် (၃)ခုအနက် စိုက်ဧကအများဆုံးရှိသည့် မိုင်းယောင်းမြို့နယ်တွင် မိရိုးဖလာစိုက်ပျိုးနည်းစနစ်အစား သိပ္ပံနည်းကျစိုက်ပျိုးနည်းဖြင့် အထွက်နှုန်း တိုးမြှင့်ရန် စိုက်ပျိုးရေးဌာနမှ လုပ်ဆောင်ရာ၌ အခက်အခဲကြုံနေရကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန အနဖြေင့် ဒေသတွင်း တောင်သူလယ်သမားများအား စိုက်ပျိုးနည်းစနစ် ပညာပေး လုပ်ဆောင်ရာတွင် ဘာသာစကား အခက်အခဲအပြင် သိပ္ပံနည်းကျစိုက်နည်းစနစ်မှာ လက်ဝင်ပြီး လုပ်သားအင်အား ပိုမိုသုံးစွဲရသဖြင့် ဒေသခံများ စိတ်ဝင်စားမှု အားနည်းနခြေင်းဖြစ်ကြောင်း သိရသည်။

“မိုင်းယောင်းမြို့က ကျန်တဲ့မြို့တွေထက် စပါးအထွက်နှုန်းကောင်းတယ်။ မြေလည်းကောင်းတော့ ၁၀၀ စိုက်ရင် ၁၀၀ နီးပါးထွက်တယ်။ သူတို့က မိရိုးဖလာ သမားရိုးကျစိုက်ကြတာတောင် အထွက်နှုန်း များတယ်ဆိုတော့ စနစ်တကျ ဘောင်ခက်ပြီး သိပ္ပံနည်းကျ စိုက်ပျိုးမယ်ဆိုရင် အထွက်နှုန်းက ဒီထက်မက တိုးမှာပါ။”ဟု မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

မိုင်းယောင်းမြို့နယ်၏ စပါးအထွက်နှုန်းမှာ လက်ရှိတွင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနခြေင်းဖြစ်သော်လည်း အထွက်နှုန်း အကောင်းဆုံးဖြစ်နပြေီး စပါးအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း (၁၀၀) ကျော်ကြောင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

“မိုင်းယောင်းမှာ (၁၀၀)ရာခိုင်နှုန်းထိ ထွက်တယ်ဆိုတာ စပါးအထွက်နှုန်း တော်တော် ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါတောင် မိရိုးဖလာနည်းတွေ မိရိုးဖလာမျိုးတွေနဲ့ပဲ စိုက်နကြေတာ။ အဲဒါကို မျိုးကောင်း၊ မျိုးသန့်တွေနဲ့ နည်းစနစ်ကျကျ စိုက်ပျိုးမယ်ဆိုရင် ဒီထက်မက စပါးအထွက်နှုန်း တိုးစေမှာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သမားရိုးကျနည်းဖြစ်သည့် အစုလိုက် မျိုးကြဲစိုက်ပျိုးခြင်းကြောင့် အပင်များဖွာထွက်ပြီး သီးနှံ ထွက်သင့်သလောက် မထွက်ခြင်းဖြစ်သဖြင့် စနစ်တကျ ဘောင်ခတ်ပြီး သိပ္ပံနည်းကျစိုက်ပျိုးရန် အကြံပြုနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~