ရွမ္း(အေရွ႕) မိုင္းေယာင္း နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္မည္ဆိုပါက လမ္းပိုင္းမ်ား ျပဳျပင္ရန္လို

ရွမ္း(အေရွ႕) မိုင္းေယာင္း နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္မည္ဆိုပါက လမ္းပိုင္းမ်ား ျပဳျပင္ရန္လို
ဇူလိုင် 4, 2016
By Tachileik News Agency

မိုင္းေယာင္း၊ ဇူလိုင္(၄)ရက္
တရုတ္ႏိုင္ငံႏွင့္ တရား၀င္ကုန္သြယ္မႈျပဳႏိုင္ရန္ ဖြင့္လွစ္မည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းနယ္စပ္ကုန္သြယ္ေရး စခန္းအတြက္ လမ္းပိုင္းမ်ား ႀကိဳတင္ျပဳျပင္ရန္ လိုအပ္ေနေၾကာင္း ေဒသခံကုန္သည္မ်ားထံမွ သိရသည္။

"မိုင္းေယာင္းဘက္မွာ တရုတ္ႏိုင္ငံနဲ႔ နယ္စပ္ဂိတ္ဖြင့္မယ္ဆိုေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ ကုန္သြယ္မႈေကာင္းဖို႔ လမ္းေတြေကာင္းဖို႔ေတာ့ လိုတယ္။ အခုလမ္းေတြကိုျပင္ထားတာေတာ့ အရင္ကထက္ စာရင္ ေကာင္းတယ္။ ဒါေပမဲ့ ဒီထက္ေကာင္းတဲ့ လမ္းဆိုရင္ ပိုၿပီး ကုန္စည္စီးဆင္းဖို႔အတြက္ အဆင္ေျပမွာေပါ့။ ဒါမွ ထိုင္းက ေလာင္စာဆီေတြကို ျပန္လည္တင္ပို႔လို႔ရမယ္"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒုတိယဥကၠဌ ဦးေဌးေအာင္က ေျပာသည္။

တရုတ္ႏိုင္ငံသို႔ ကုန္စည္မ်ား တရား၀င္လမ္းေၾကာင္းမွ တင္ပို႔ႏိုင္ရန္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း နယ္စပ္ဂိတ္တစ္ခု တိုးခ်ဲ႕ဖြင့္လွစ္ရန္ ရွမ္းျပည္နယ္အစိုးရမွ စီစဥ္လွ်က္ရွိရာ ထိုင္းႏိုင္ငံမွ ေလာင္စာဆီႏွင့္ အျခားေသာ ေဒသတြင္း လယ္ယာထြက္ကုန္မ်ားအား အဆိုပါ နယ္စပ္ဂိတ္မွ တင္ပို႔ႏိုင္ရန္ လမ္းအဆင့္ျမႇင့္တင္ရန္ လိုအပ္သည္ဟု ကုန္သည္မ်ားက ဆိုသည္။

"ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေကာင္းမြန္ဖို႔ဆိုရင္ လမ္းေကာင္းရမယ္ဆိုတာ ကၽြန္ေတာ္တို႔သိပါတယ္။ ဒါအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားပါတယ္။ အခုက ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္အစိုးရက ဂိတ္ဖြင့္လွစ္ႏိုင္ဖို႔ကို ျပည္ေထာင္စု အစိုးရဆီ စာတင္ထားၿပီးၿပီ။ ဒါေပမ့ဲ လုပ္ထံုးလုပ္နည္းအရ (၆)လေလာက္ ၾကာတတ္တယ္။ အဓိက ဥပေဒအပိုင္းေတြ ထည့္သြင္းရတာျဖစ္တဲ့အတြက္ အခု အျမန္ဆံုးျဖစ္ေအာင္ေတာ့ ကၽြန္ေတာ္ ဖုန္းနဲ႔လည္း တင္ျပထားၿပီးပါၿပီ။ ဂိတ္ဖြင့္ၿပီးတာနဲ႔ တျခားအရာေတြလည္း တစ္ဆက္တည္း လုပ္ေဆာင္သြားဖို႔ ျပင္ဆင္သြားမွာပါ"ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ခရိုင္အတြင္းရိွ ရာဘာစိုက္ဧကေပါင္း (၃၄,၈၃၆)မွ ေရာ္ဘာကုန္ၾကမ္းမ်ားကို တာခ်ီလိတ္ - က်ိဳင္းတံု -မိုင္းလား ကုန္သြယ္မႈလမ္းေၾကာင္းမွ လည္းေကာင္း၊ မိုင္းေယာင္း ျမိဳ႕နယ္မွ စပါးမ်ားကို မိုင္းေယာင္းလမ္းေၾကာင္းမွလည္းေကာင္း တရုတ္ႏိုင္ငံသို႔ တရားမ၀င္ တင္ပို႔ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
.....................

မိုင်း​ေယာင်း​၊​ ဇူလိုင်(၄)ရက်
တရုတ်နိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုပြုနိုင်ရန် ဖွင့်လှစ်မည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းနယ်စပ်ကုန်သွယ်ရေး စခန်းအတွက် လမ်းပိုင်းများ ကြိုတင်ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

"မိုင်းယောင်းဘက်မှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်ဖွင့်မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုကောင်းဖို့ လမ်းတွေကောင်းဖို့တော့ လိုတယ်။ အခုလမ်းတွေကိုပြင်ထားတာတော့ အရင်ကထက် စာရင် ကောင်းတယ်။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ လမ်းဆိုရင် ပိုပြီး ကုန်စည်စီးဆင်းဖို့အတွက် အဆင်ပြေမှာပေါ့။ ဒါမှ ထိုင်းက လောင်စာဆီတွေကို ပြန်လည်တင်ပို့လို့ရမယ်"ဟု တာချီလိတ် နယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဦးဌေးအောင်က ပြောသည်။

တရုတ်နိုင်ငံသို့ ကုန်စည်များ တရားဝင်လမ်းကြောင်းမှ တင်ပို့နိုင်ရန် မိုင်းယောင်းမြို့နယ်အတွင်း နယ်စပ်ဂိတ်တစ်ခု တိုးချဲ့ဖွင့်လှစ်ရန် ရှမ်းပြည်နယ်အစိုးရမှ စီစဉ်လျှက်ရှိရာ ထိုင်းနိုင်ငံမှ လောင်စာဆီနှင့် အခြားသော ဒေသတွင်း လယ်ယာထွက်ကုန်များအား အဆိုပါ နယ်စပ်ဂိတ်မှ တင်ပို့နိုင်ရန် လမ်းအဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု ကုန်သည်များက ဆိုသည်။

"ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်ဖို့ဆိုရင် လမ်းကောင်းရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ အခုက ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရက ဂိတ်ဖွင့်လှစ်နိုင်ဖို့ကို ပြည်ထောင်စု အစိုးရဆီ စာတင်ထားပြီးပြီ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ (၆)လလောက် ကြာတတ်တယ်။ အဓိက ဥပဒေအပိုင်းတွေ ထည့်သွင်းရတာဖြစ်တဲ့အတွက် အခု အမြန်ဆုံးဖြစ်အောင်တော့ ကျွန်တော် ဖုန်းနဲ့လည်း တင်ပြထားပြီးပါပြီ။ ဂိတ်ဖွင့်ပြီးတာနဲ့ တခြားအရာတွေလည်း တစ်ဆက်တည်း လုပ်ဆောင်သွားဖို့ ပြင်ဆင်သွားမှာပါ"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

လက်ရှိတွင် တာချီလိတ်ခရိုင်အတွင်းရှိ ရာဘာစိုက်ဧကပေါင်း (၃၄,၈၃၆)မှ ရော်ဘာကုန်ကြမ်းများကို တာချီလိတ် - ကျိုင်းတုံ -မိုင်းလား ကုန်သွယ်မှုလမ်းကြောင်းမှ လည်းကောင်း၊ မိုင်းယောင်း မြို့နယ်မှ စပါးများကို မိုင်းယောင်းလမ်းကြောင်းမှလည်းကောင်း တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း​။ ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~