မိုင္းယန္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုအတြက္ အေရးေပၚလူနာတင္ယာဥ္ ရရွိေရး ျပည္နယ္အစိုးရအဖြဲ႕ထံ ေတာင္းဆို

မိုင္းယန္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုအတြက္ အေရးေပၚလူနာတင္ယာဥ္ ရရွိေရး ျပည္နယ္အစိုးရအဖြဲ႕ထံ ေတာင္းဆို
ဇူလိုင် 28, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ျပည္နယ္ဝန္ႀကီး(၅)ဦးတို႔၏ လူထုေတြ႔ဆံုပြဲတြင္ မိုင္းယန္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံအတြက္ အေရးေပၚလူနာတင္ယာဥ္တစ္စီး ရရိွႏိုင္ေရးကို မိုင္းယန္းေဒသခံမ်ား ကိုယ္စားတက္ေရာက္လာေသာ ကိုယ္စားလွယ္မ်ားမွ ေတာင္းဆိုေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ လူထုေတြ႔ဆုံပြဲကို ဇူလိုင္လ(၂၇)ရက္က က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး လူထု၏ ေတာင္းဆိုခ်က္မ်ားမွ ျပည္နယ္အစိုးရ အေနျဖင့္ ေျဖရွင္းေပးႏုိင္သည္မ်ားကို ေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

"မိုင္းယန္းၿမိဳ ့နယ္ ျပည္သူ႔ေဆးရုံမွာ လာၿပီးေတာ့ ေဆးကုသမႈ ခံယူေနၾကသူေတြထဲက အေရးေပၚလူနာေတြကို က်ိဳင္းတုံျပည္သူ႔ေဆးရုံကို ပို ့ေဆာင္ေပးဖို႔အတြက္ အျပင္ကေမာ္ေတာ္ကားေတြကို ငွားၿပီးေတာ့ ပို႔ေဆာင္ေပးေနရတဲ့အတြက္ေၾကာင့္ အခ်ိန္ၾကန္႔ၾကာမႈေတြရိွေနတဲ့အတြက္ မလိုလားအပ္တဲ့ အသက္ဆုံးရႈံးမႈေတြ ႀကဳံေနရပါတယ္။ အေရးေပၚ လူနာတင္ယာဥ္တစ္စီးသာရိွမယ္ဆိုရင္ အေရးေပၚ လူနာမ်ားကို က်ဳိင္းတုံေဆးရုံႀကီးကို အခ်ိန္ၾကန္႔ၾကာမႈမရိွဘဲ ပို႔ေဆာင္ေပးႏိုင္မွာျဖစ္တဲ့အတြက္ အခုလို ေတာင္းဆိုရျခင္းျဖစ္ပါတယ္။"ဟု မိုင္းယန္းၿမိဳ ့နယ္မွ ေဒသခံမ်ားကိုယ္စား တက္ေရာက္လာေသာ ၿမိဳ႕မိၿမိဳ႕ဖ ဦးျမင့္လိႈင္က ေျပာသည္။

မိုင္းယန္းၿမိဳ ့နယ္ ျပည္သူ ့ေဆးရုံတြင္ (၂၅) ကုတင္ဆံ့ ေဆးရုံတစ္ခုျဖစ္ၿပီး အဆိုပါ ေဆးရုံတြင္ မိုင္းယန္းၿမိဳ ့ အျပင္ အနီးဝန္းက်င္ရိွ အထူးေဒသမ်ားမွ ေဒသခံမ်ားလည္း အားထားေနရေသာ ေဆးရုံတစ္ခုျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဇူလိုင္လ(၂၇)ရက္ေန႔က က်ဳိင္းတံု၌ ျပဳလုပ္ခဲ့သည့္ လူထုေတြ႕ဆံုပြဲတြင္ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာက္၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစြံဆိုင္း၊ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလတို႔ ပါဝင္သည့္ အစိုးရအဖြဲ႕ႏွင့္ က်ိဳင္းတုံၿမိဳ႕ရိွ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရိွသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာ၀န္ရိွသူမ်ား၊ လူမႈေရးအသင္းအဖြဲ ့မ်ားႏွင့္ ေဒသခံမ်ား ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္သည္။

သတင္း - #ဇြဲျမတ္
..............................

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီး(၅)ဦးတို့၏ လူထုတွေ့ဆုံပွဲတွင် မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စီး ရရှိနိုင်ရေးကို မိုင်းယန်းဒေသခံများ ကိုယ်စားတက်ရောက်လာသော ကိုယ်စားလှယ်များမှ တောင်းဆိုကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် လူထုတွေ့ဆုံပွဲကို ဇူလိုင်လ(၂၇)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထု၏ တောင်းဆိုချက်များမှ ပြည်နယ်အစိုးရ အနဖြေင့် ဖြေရှင်းပေးနိုင်သည်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

"မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လာပြီးတော့ ဆေးကုသမှု ခံယူနကြေသူတွေထဲက အရေးပေါ်လူနာတွေကို ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးဖို့အတွက် အပြင်ကမော်တော်ကားတွေကို ငှါးပြီးတော့ ပို့ဆောင်ပေးနေရတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာမှုတွေရှိနေတဲ့အတွက် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ကြုံနေရပါတယ်။ အရေးပေါ် လူနာတင်ယာဉ်တစ်စီးသာရှိမယ်ဆိုရင် အရေးပေါ် လူနာများကို ကျိုင်းတုံဆေးရုံကြီးကို အချိန်ကြန့်ကြာမှုမရှိဘဲ ပို့ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် အခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်။"ဟု မိုင်းယန်းမြို့နယ်မှ ဒေသခံများကိုယ်စား တက်ရောက်လာသော မြို့မိမြို့ဖ ဦးမြင့်လှိုင်က ပြောသည်။

မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် (၂၅) ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်ပြီး အဆိုပါ ဆေးရုံတွင် မိုင်းယန်းမြို့ အပြင် အနီးဝန်းကျင်ရှိ အထူးဒေသများမှ ဒေသခံများလည်း အားထားနေရသော ဆေးရုံတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ(၂၇)ရက်နေ့က ကျိုင်းတုံ၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျောက်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစွံဆိုင်း၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့ ပါဝင်သည့် အစိုးရအဖွဲ့နှင့် ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံများ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

သတင်း - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~