ျမန္မာအမ်ဳိးသမီးပြဲစား၏ လိမ္လည္မႈေၾကာင့္ ျမန္မာ (၆)ဦး မဲေဆာက္ေလဆိပ္တြင္ ဖမ္းဆီးခံရ

ျမန္မာအမ်ဳိးသမီးပြဲစား၏ လိမ္လည္မႈေၾကာင့္ ျမန္မာ (၆)ဦး မဲေဆာက္ေလဆိပ္တြင္ ဖမ္းဆီးခံရ
ဇူလိုင် 26, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕တြင္ အလုပ္သြားေရာက္ လုပ္ကိုင္ရန္ မဲေဆာက္ေလဆိပ္မွ ထြက္ခြာမည့္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား (၆)ဦးမွာ ပြဲစားက စီစဥ္ေပးလုိက္သည့္ ေလယာဥ္လက္မွတ္အတုေၾကာင့္ ဖမ္းဆီးခံထားရသျဖင့္ အလုပ္သမားကူညီေရးအဖြဲ႕က ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏို္င္ငံသား (၆) ဦးအတြက္ အလုပ္ လုပ္ကိုင္ခြင့္လက္မွတ္ ပန္းေရာင္ကတ္ႏွင့္ ေလယာဥ္ လက္မွတ္မ်ားကို ပြဲစားျဖစ္သည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးက စီစဥ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး၊ ေလယာဥ္လက္မွတ္မွာ အတုျဖစ္ေနသျဖင့္ ေလဆိပ္တြင္ ထိုင္းရဲႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

" အလုပ္သမားေတြဟာ ဘာမွနားမလည္ဘဲ ပြဲစားမေကာင္းတာေၾကာင့္ ခုေတာ့ ေထာင္က်မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီ။ ဒီေန႔မွာ AAC အဖြဲ႕ဟာ ျမန္မာပြဲစားမရဲ႕ နယ္ေျမအထိ ကြင္းဆင္း စစ္ေဆးၿပီး အစိုးရ စာရြက္စာတမ္း အတုျပဳလုပ္မႈ၊ အလုပ္သမားေတြကို ေထာင္က်သည္အထိ လိမ္လည္မႈတို႔ အတြက္ အမႈဖြင့္ ဖမ္းဝရမ္းထုတ္ႏိုင္ေအာင္ လက္ရွိျပင္ဆင္ေနပါတယ္။"ဟု ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီအဖြဲ႕ဝင္''AAC'' မဟာမိတ္အဖြဲ႕ မွ  ကိုရဲမင္းက ေျပာသည္။

အဆိုပါ ျမန္မာအလုပ္သမား(၆)ဦး၏ အမ်ိဳးမ်ားက AAC အဖြဲ႕ကို အကူအညီေတာင္းခံခဲ့သျဖင့္ AAC က ဇူလိုင္လ၏ တတိယပတ္က  စမြတ္ပါကန္နယ္ေျမရဲစခန္းတြင္ အဆိုပါ ပြဲစားအမ်ိဳးသမီးအား အမႈဖြင့္ခဲ့ေသာ္လည္း ရဲစခန္းက အမႈဖြင့္ရန္ လက္မခံခဲ့ေၾကာင္း သိရသည္။

''ျမန္မာသံရံုးမွာ အလုပ္သမားအဖြဲ႕အခ်ိဳ႕နဲ႔ ေတြ႕ဆံုစဥ္ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားခဲ့တဲ့ ျမန္မာသံရံုး အေနနဲ႔ မိမိတို႔ျမန္မာအလုပ္သမားမ်ား ဥပေဒအရ မွားေနရင္ေတာင္မွ သံရံုးအေနနဲ႔ ေစာင့္ေရွာက္ ကာကြယ္ေပးရမယ္လို႔  ညႊန္ၾကားခဲ့တာေၾကာင့္ ဘန္ေကာက္ျမန္မာသံရံုး ဝန္ထမ္းေတြ အေနနဲ႔ ဒီအမႈမွာ ထိထိေရာက္ေရာက္ ကူညီေပးေစခ်င္တယ္'' ဟု AAC အဖြဲ႕ဒါရိုက္တာ ဦးခိုင္က ေျပာသည္။

ဖမ္းဆီးခံရေသာ ျမန္မာအလုပ္သမား(၆)ဦး လြတ္ေျမာက္ေရးအတြက္ AAC အဖြဲ႕ မွ ထိုင္းအထူးရဲအဖြဲ႕ သို႔ ဆက္လက္ တင္ျပထားၿပီး လိမ္လည္သြားသည့္ ပြဲစားအား ဖမ္းဆီးရမိေရးကို ဆက္လက္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

.....................
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်သွားရောက် လုပ်ကိုင်ရန် မဲဆောက်လေဆိပ်မှ ထွက်ခွာမည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၆)ဦးမှာ ပွဲစားက စီစဉ်ပေးလိုက်သည့် လေယာဉ်လက်မှတ်အတုကြောင့် ဖမ်းဆီးခံထားရသဖြင့် အလုပ်သမားကူညီရေးအဖွဲ့က ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါ မြန်မာနို်င်ငံသား (၆) ဦးအတွက် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကတ်နှင့် လေယာဉ် လက်မှတ်များကို ပွဲစားဖြစ်သည့် မြန်မာအမျိုးသမီးတစ်ဦးက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်တွင် ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
" အလုပ်သမားတွေဟာ ဘာမှနားမလည်ဘဲ ပွဲစားမကောင်းတာကြောင့် ခုတော့ ထောင်ကျမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ။ ဒီနေ့မှာ AAC အဖွဲ့ဟာ မြန်မာပွဲစားမရဲ့ နယ်မြေအထိ ကွင်းဆင်း စစ်ဆေးပြီး အစိုးရ စာရွက်စာတမ်း အတုပြုလုပ်မှု၊ အလုပ်သမားတွေကို ထောင်ကျသည်အထိ လိမ်လည်မှုတို့ အတွက် အမှုဖွင့် ဖမ်းဝရမ်းထုတ်နိုင်အောင် လက်ရှိပြင်ဆင်နေပါတယ်။"ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင်''AAC'' မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းက ပြောသည်။
အဆိုပါ မြန်မာအလုပ်သမား(၆)ဦး၏ အမျိုးများက AAC အဖွဲ့ကို အကူအညီတောင်းခံခဲ့သဖြင့် AAC က ဇူလိုင်လ၏ တတိယပတ်က စမွတ်ပါကန်နယ်မြေရဲစခန်းတွင် အဆိုပါ ပွဲစားအမျိုးသမီးအား အမှုဖွင့်ခဲ့သော်လည်း ရဲစခန်းက အမှုဖွင့်ရန် လက်မခံခဲ့ကြောင်း သိရသည်။
''မြန်မာသံရုံးမှာ အလုပ်သမားအဖွဲ့အချို့နဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တဲ့ မြန်မာသံရုံး အနေနဲ့ မိမိတို့မြန်မာအလုပ်သမားများ ဥပဒေအရ မှားနေရင်တောင်မှ သံရုံးအနေနဲ့ စောင့်ရှောက် ကာကွယ်ပေးရမယ်လို့ ညွှန်ကြားခဲ့တာကြောင့် ဘန်ကောက်မြန်မာသံရုံး ဝန်ထမ်းတွေ အနေနဲ့ ဒီအမှုမှာ ထိထိရောက်ရောက် ကူညီပေးစေချင်တယ်'' ဟု AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်က ပြောသည်။
ဖမ်းဆီးခံရသော မြန်မာအလုပ်သမား(၆)ဦး လွတ်မြောက်ရေးအတွက် AAC အဖွဲ့ မှ ထိုင်းအထူးရဲအဖွဲ့ သို့ ဆက်လက် တင်ပြထားပြီး လိမ်လည်သွားသည့် ပွဲစားအား ဖမ်းဆီးရမိရေးကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~