ဇြန္လအတြင္း မူဆယ္ (၁၀၅)မုိင္ ကုန္သြယ္ေရးစခန္းမွ တရုတ္ႏွင့္ ကုန္သြယ္မႈ အနည္းငယ္က်ဆင္း

ဇြန္လအတြင္း မူဆယ္ (၁၀၅)မုိင္ ကုန္သြယ္ေရးစခန္းမွ တရုတ္ႏွင့္ ကုန္သြယ္မႈ အနည္းငယ္က်ဆင္း
ဇူလိုင် 2, 2016
By Tachileik News Agency

မူဆယ္၊ ဇူလိုင္လ(၂)ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးစခန္းမွ တရုတ္ႏိုင္ငံႏွင့္ ဇြန္လအတြင္း ကုန္သြယ္မႈ အနည္းငယ္က်ဆင္းလွ်က္ရွိေၾကာင္း မူဆယ္ (၁၀၅)မိုင္  ကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

"ပို႔ကုန္ အေနနဲ႔ဆို အဓိက ေလာင္စာဆီလိုမ်ိဳးက က်ဆင္းလာပါတယ္။ တျခား လယ္ယာထြက္ကုန္ေတြလည္း က်ဆင္းလာတယ္။ သြင္းကုန္မွာေတာ့ လူသံုးကုန္ပစၥည္းေတြ သြင္းတာ က်တယ္။ ယာဥ္ယႏၱရား တင္သြင္းခြင့္ ျပဳလိုက္ေတာ့ အားလံုးနဲ႔ျခံဳရင္ သိပ္ၿပီးမက်ဘူးေပါ့" ဟု မူဆယ္(၁၀၅)မိုင္ ကုန္သည္ႀကီးမ်ားအသင္းမွ ေကာ္မတီ၀င္ ဦးထြန္းထြန္းကိုက ေျပာသည္။

တရုတ္ယြမ္ေငြတန္ဖိုးမွာ ဇြန္လ ပထမပတ္အတြင္း တစ္ယြမ္လွ်င္ က်ပ္(၁၈၀)ေက်ာ္ခန္႔ေပါက္ေစ်းရွိခဲ့ရာ ဇြန္ လေနာက္ဆံုးပတ္အတြင္း (၁၇၇)က်ပ္ ၀န္းက်င္အထိ က်ဆင္းလာသျဖင့္ သြင္းကုန္တန္ဖိုး က်ဆင္းသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

"တရုတ္ကို ေလာင္စာဆီပို႔တဲ့အခါ ဆိပ္ကမ္းကေန ယူပို႔ရတယ္။ အဲဒီေတာ့ အစိုးရအေနနဲ႔ သြင္းကုန္အတြက္ အခြန္တစ္ခါ၊ တရုတ္ကို ပို႔ေတာ့ ပို႔ကုန္အတြက္ တစ္ခါ အခြန္(၂)ခါအျမတ္ရတယ္။ ဒါေပမဲ့ တရုတ္ႏိုင္ငံမွာ က်ေတာ့ ေလာင္စာဆီကို တရား၀င္တင္သြင္းခြင့္မေပးထားဘူး။ တရုတ္ႏိုင္ငံမွာ တကယ္ ေလာင္စာဆီေရာင္းခ်တာ တရုတ္ အစိုးရက ႀကိဳးကိုင္ထားတဲ့ ကုမၸဏီ(၃)ခုပဲရွိတယ္။ အဲဒါေၾကာင့္ ဒီကပို႔တဲ့ဟာက တရားမ၀င္ဆိုၿပီး ဖမ္းခ်င္တဲ့အခါ ဖမ္းတာ"ဟု မူဆယ္(၁၀၅)မိုင္မွ ေလာင္စာဆီတင္သြင္းေသာ ကုန္သည္တစ္ဦးက ေျပာသည္။

ေလာင္စာဆီမွာ ျမန္မာႏိုင္ငံတြင္ တစ္လီတာ ေပါက္ေစ်း က်ပ္(၅၈၀)ခန္႔သာရွိၿပီး တရုတ္ႏိုင္ငံတြင္ တစ္လီတာ က်ပ္(၁၀၀၀)၀န္းက်င္းထိေပါက္ေစ်းရွိသျဖင့္ တရုတ္ႏိုင္ငံ ယူနန္ေဒသမွ တရုတ္ကုန္သည္မ်ားမွာ ျမန္မာႏိုင္ငံမွ မွာယူေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း ၎မွေျပာသည္။

၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ မူဆယ္(၁၀၅)မိုင္မွ ျမန္မာ-တရုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၅၃၇၇.၈၇၇)သန္းရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း။  ။ ကိုဇက္
........................

မူဆယ်၊ ဇူလိုင်လ(၂)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံနှင့် ဇွန်လအတွင်း ကုန်သွယ်မှု အနည်းငယ်ကျဆင်းလျှက်ရှိကြောင်း မူဆယ် (၁၀၅)မိုင် ကုန်သည်ကြီးများအသင်းမှ သိရသည်။

"ပို့ကုန် အနေနဲ့ဆို အဓိက လောင်စာဆီလိုမျိုးက ကျဆင်းလာပါတယ်။ တခြား လယ်ယာထွက်ကုန်တွေလည်း ကျဆင်းလာတယ်။ သွင်းကုန်မှာတော့ လူသုံးကုန်ပစ္စည်းတွေ သွင်းတာ ကျတယ်။ ယာဉ်ယန္တရား တင်သွင်းခွင့် ပြုလိုက်တော့ အားလုံးနဲ့ခြုံရင် သိပ်ပြီးမကျဘူးပေါ့" ဟု မူဆယ်(၁၀၅)မိုင် ကုန်သည်ကြီးများအသင်းမှ ကော်မတီဝင် ဦးထွန်းထွန်းကိုက ပြောသည်။

တရုတ်ယွမ်ငွေတန်ဖိုးမှာ ဇွန်လ ပထမပတ်အတွင်း တစ်ယွမ်လျှင် ကျပ်(၁၈၀)ကျော်ခန့်ပေါက်ဈေးရှိခဲ့ရာ ဇွန် လနောက်ဆုံးပတ်အတွင်း (၁၇၇)ကျပ် ဝန်းကျင်အထိ ကျဆင်းလာသဖြင့် သွင်းကုန်တန်ဖိုး ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

"တရုတ်ကို လောင်စာဆီပို့တဲ့အခါ ဆိပ်ကမ်းကနေ ယူပို့ရတယ်။ အဲဒီတော့ အစိုးရအနေနဲ့ သွင်းကုန်အတွက် အခွန်တစ်ခါ၊ တရုတ်ကို ပို့တော့ ပို့ကုန်အတွက် တစ်ခါ အခွန်(၂)ခါအမြတ်ရတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ကျတော့ လောင်စာဆီကို တရားဝင်တင်သွင်းခွင့်မပေးထားဘူး။ တရုတ်နိုင်ငံမှာ တကယ် လောင်စာဆီရောင်းချတာ တရုတ် အစိုးရက ကြိုးကိုင်ထားတဲ့ ကုမ္ပဏီ(၃)ခုပဲရှိတယ်။ အဲဒါကြောင့် ဒီကပို့တဲ့ဟာက တရားမဝင်ဆိုပြီး ဖမ်းချင်တဲ့အခါ ဖမ်းတာ"ဟု မူဆယ်(၁၀၅)မိုင်မှ လောင်စာဆီတင်သွင်းသော ကုန်သည်တစ်ဦးက ပြောသည်။

လောင်စာဆီမှာ မြန်မာနိုင်ငံတွင် တစ်လီတာ ပေါက်ဈေး ကျပ်(၅၈၀)ခန့်သာရှိပြီး တရုတ်နိုင်ငံတွင် တစ်လီတာ ကျပ်(၁၀၀၀)ဝန်းကျင်းထိပေါက်ဈေးရှိသဖြင့် တရုတ်နိုင်ငံ ယူနန်ဒေသမှ တရုတ်ကုန်သည်များမှာ မြန်မာနိုင်ငံမှ မှာယူရောင်းချနခြေင်းဖြစ်ကြောင်း၎င်းမှပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူဆယ်(၁၀၅)မိုင်မှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၃၇၇.၈၇၇)သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~