မတ္တရာမြို့၌ ဓမ္မရတနာငွေစုကော်မတီမှ ငွေစုအသင်းသားများ စုဆောင်းငွေ ပြန်ရရေး ဆန္ဒထုတ်ဖော်

မတ္တရာမြို့၌ ဓမ္မရတနာငွေစုကော်မတီမှ ငွေစုအသင်းသားများ စုဆောင်းငွေ ပြန်ရရေး ဆန္ဒထုတ်ဖော်
ဇူလိုငျ 28, 2016
By Tachileik News Agency





.................

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ (ဗြဟ္မာစာရီနာရေးကူညီမှုအသင်း) ဓမ္မရတနာငွေစုကော်မတီအား စုဆောင်းငွေများ ပြန်လည်ထုတ်ပေးရန် ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက ငွေစုအသင်းသား(၁၅၀)ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဗြဟ္မစာရီနာရေးကူညီမှုအသင်း၊ ဓမ္မရတနာငွေစုအသင်းကော်မတီတွင် ငွေစုအသင်းသား(၇၀၀)ကျော်မှ စုဆောင်းထားသော ငွေကြေးများအား ပြန်လည်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုတွင် လူဦးရေ(၁၅၀)ကျော်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုသည် မတ္တရာမြို့ ဆုထူးပန် ဓမ္မာရုံမှ နေ့လယ်(၁၁)နာရီတွင် စတင်ထွက်ကာ ဟစ်တိုင်ကွင်းထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ် အချိန် တစ်နာရီခန့်ကြမြင့်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~