တရုတ်နိုင်ငံတွင်း ဆည်ရေပိုလွှဲများ ဖောက်ချမှုကြောင့် မူဆယ်ခရိုင်အတွင်း သီးနှံစိုက်ခင်းများ ရေလွှမ်း
တရုတ်နိုင်ငံတွင်း ဆည်ရေပိုလွှဲများ ဖောက်ချမှုကြောင့် မူဆယ်ခရိုင်အတွင်း သီးနှံစိုက်ခင်းများ ရေလွှမ်း
ဇူလိုငျ 31, 2016
By Tachileik News Agency
တရုတ်နိုင်ငံ ကြယ်ဂေါင်ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ရေပိုလွှဲမှ ရေလွှတ် လိုက်သဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ်ခရိုင် ရွှေလီမြစ် (နမ့်မောဝ်းမြစ်)ရေကြီးလာပြီး သီးနှံစိုက်ဧကပေါင်း (၄၀၀၀)ကျော် ရေလွှမ်းမိုးသွားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချနေသည့် အကျိုးဆက်သည်  တရုတ်နိုင်ငံမှ မြစ်ဖျားခံလာသည့် ရွှေလီမြစ်ရေတိုးလာရခြင်းဖြစ်ပြီး  ဇူလိုင်လ(၂၇)ရက် နေ့မှစတင်၍ ရေပြန်ကျသွားသဖြင့် လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို လိုက်လံ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ရေလွှမ်းမိုးမှုခံခဲ့ရသည့် မူဆယ်ခရိုင်အတွင်း  မူဆယ်မြို့နယ်မှ  စိုက်ဧက စုစုပေါင်း (,၆၀၁)ဧကတွင် စပါး(,၄၄၉)ဧက၊ မြေပဲ(၁၃၆)ဧကနှင့် ကြံ(၁၆)ဧက နမ့်ခမ်းမြို့နယ်အတွင်းမှ သီးနှံစိုက်ဧကစုစုပေါင်း (,၅၄၇)ဧကတွင် စပါး(,၉၃၇)ဧက၊ မြေပဲ()ဧက၊ ကြံ(၉၉) ဧက နှင့်  ပြောင်း(၅၀၄)ဧကတို့ဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ကိုဇက်
ဓာတ်ပုံ - Nam Kham News
................
တရုတ်နိုင်ငံ ကြယ်ဂေါင်ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ရေပိုလွှဲမှ ရေလွှတ် လိုက်သဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ရွှေလီမြစ် (နမ့်မောဝ်းမြစ်)ရကြေီးလာပြီး သီးနှံစိုက်ဧကပေါင်း (၄၀၀၀)ကျော် ရေလွှမ်းမိုးသွားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
"မိုးရွာတာက (၁၅)ရက်လောက်ရှိမယ်။ ဇူလိုင်လ (၉)ရက်နေ့လောက်က စရွာတာ (၂၇) ရက်နေ့မှ မိုးစဲသွားပြီး ရေကျသွားတယ်။ မူဆယ်မြို့နယ်ထဲမှာ ဧက(၁၆၀၀)နဲ့ နမ့်ခမ်းမြို့နယ်မှာ ဧက(၂၅၀၀) ကျော် ရေလွှမ်းမိုးမှု ဒဏ်ခံခဲ့ရတာ။ ရွှေလီမြစ်ရေတက်လာတာနဲ့ မိုးရွာတာ ဆက်တိုက်ဖြစ်လို့ ရေလွှမ်းမိုးသွားတာပါ။ နမ့်ခမ်းမြို့နယ်က မြေနိမ့်ပိုင်းဆိုတော့ သီးနှံပင်တွေ ရမြေုပ်သွားတာ အခု ကွင်းဆင်းကြည့်ရှုနေပါပြီ။ ပျက်စီးမှု အသေးစိတ်ကို ကြည့်ရှုပြီး တောင်သူတွေကို သီးနှံပြန်ပေးတာတို့ ပြန်စိုက်ဖို့ ကူညီတာတို့ လုပ်သွားမှာပါ"ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။
တရုတ်နိုင်ငံတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချနေသည့် အကျိုးဆက်သည် တရုတ်နိုင်ငံမှ မြစ်ဖျားခံလာသည့် ရွှေလီမြစ်ရေတိုးလာရခြင်းဖြစ်ပြီး ဇူလိုင်လ(၂၇)ရက် နေ့မှစတင်၍ ရပြေန်ကျသွားသဖြင့် လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို လိုက်လံ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ရေအကြီးအကျယ် လွှမ်းမိုးခံရသည့် ကျေးရွာများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ ကွန်လုံရွာ၊ နောင်ကောင်လုံ၊ မန့်ဟောင်းရွာ၊ ဟိုဟင်ရွာ၊ မန့်ဆွမ်းရွာ၊ နောင်ခမ်းရွာ၊ ကွန်ဟိုင်းရွာ၊ ဟတ်ဟင်ရွာ၊ ခေးခွန်ရွာ၊ နောင်မတာ့ရွာ၊ ကွန်ကျန်းရွာ၊ ကောင်းနောင်ရွာ၊ ဟန်ကမ်းရွာ၊ မန့်မြန်ရွာများဖြစ်ပြီး မူဆယ်မြို့နယ်အတွင်း နမ့်မောဝ်းမြစ်ကမ်းဘေးရှိ နောင်မွန်းရွာ၊ နောင်ယန်းရွာ၊ တိန်းလုံရွာ၊ နောင်ခိုရွာ၊ ပန်ခမ်းရွာနှင့် ကျေးရွာပေါင်း(၁၉)ရွာခန့်မှာလည်း ရေလွှမ်းမိုးမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုခံခဲ့ရသည့် မူဆယ်ခရိုင်အတွင်း မူဆယ်မြို့နယ်မှ စိုက်ဧက စုစုပေါင်း (၁,၆၀၁)ဧကတွင် စပါး(၁,၄၄၉)ဧက၊ မြေပဲ(၁၃၆)ဧကနှင့် ကြံ(၁၆)ဧက၊ နမ့်ခမ်းမြို့နယ်အတွင်းမှ သီးနှံစိုက်ဧကစုစုပေါင်း (၂,၅၄၇)ဧကတွင် စပါး(၁,၉၃၇)ဧက၊ မြေပဲ(၇)ဧက၊ ကြံ(၉၉) ဧက နှင့် ပြောင်း(၅၀၄)ဧကတို့ဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ကိုဇက်
ဓာတ္ပံု - Nam Kham News
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~