မိုင္းျဖတ္ၿမိဳ႕၌ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား ျပင္းထန္ အဆုပ္ေရာင္ေရာဂါပိုး ကာကြယ္ေဆး စတင္ထိုးႏွံ

မိုင္းျဖတ္ၿမိဳ႕၌ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား ျပင္းထန္ အဆုပ္ေရာင္ေရာဂါပိုး ကာကြယ္ေဆး စတင္ထိုးႏွံ
ဇူလိုင် 1, 2016
By Tachileik News Agency

မုိင္းျဖတ္၊ ဇူလိုင္ (၁)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား  ျပင္းထန္အဆုပ္ေရာင္ေရာဂါပိုး ကာကြယ္ေဆး Pneumococcal Conjugate Vaccine ( PCV )ကို ဇူလိုင္လ (၁) ရက္ေန႔တြင္ စတင္ ထိုးႏွံေပးေနေၾကာင္း သိရသည္။

“ မိုင္းျဖတ္ၿမိဳ႕နယ္မွာ အသက္ (၅)ႏွစ္ေအာက္ကေလးငယ္ (၂,၉၇၅)ဦးရွိပါတယ္၊ ေက်းရြာမ်ားရွိ ကေလးငယ္မ်ားကို သက္ဆိုင္ရာ က်န္းမာေရးဌာနခြဲမ်ားမွာလည္း ထိုးေပးသြားမွာျဖစ္ပါတယ္" ဟု က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာ ျမတ္ျမတ္ႏွင္းက ေျပာၾကားသည္။

က်န္းမာေရးဦးစီးဌာနမ်ားမွ ႏိုင္ငံတဝန္း ၂၀၁၆ ခုနွစ္အတြင္း (pcv)ေဆးထိုးႏွံႏုိင္ေရးအတြက္ အေမရိကန္ေဒၚလာ (၁,၁၈၇,၇၃၅)သန္းဖိုး လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

" အဓိက အခ်က္အေနနဲ႔ ေျပာခ်င္တာကေတာ့ ကေလးအေမေတြပါပဲ။ မိမိတို႔ရင္ေသြးေလးေတြကို ခုလိုကာကြယ္ေဆးေတြ တိုက္ေပး၊ ထိုးေပးရင္ ကေလးေတြရဲ႕က်န္းမာေရးေကာင္းမြန္ၿပီး ေပ်ာ္ရႊင္တဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ႏိုင္မွာပါ ကေလးကို ေဆးထိုးလို႔ ကေလးငိုရင္ ဆရာ/ဆရာမေတြကို စိတ္မဆိုးၾကပါနဲ႔။”ဟု  ေဒါက္တာျမတ္ျမတ္ႏွင္းက ေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာန အေနျဖင့္ အသက္(၅)ႏွစ္ေအာက္ကေလး ငယ္မ်ားအား က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အတူ Gavia၊ WHO၊ Unicef တို႔ႏွင့္ ပူးေပါင္း၍ ပံုမွန္ကာကြယ္ေဆးထိုး ေဆးတိုက္ အစီအစဥ္တြင္  ကေလးမ်ားတြင္ အျဖစ္မ်ားေနသည့္ ျပင္းထန္အဆုပ္ေရာင္ ေရာဂါပိုး ကာကြယ္ေဆး Pneumococcal Conjugate Vaccine ( PCV )ကိုပါ စတင္ ထိုးေပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

" ကၽြန္မကေလးကို ကာကြယ္ေဆး ပံုမွန္ လာတိုက္၊ ေဆးထိုး ပါတယ္။ အေရးႀကီးတာကေတာ့ က်န္းမာေရး ပါပဲ" ဟု ကေလးအားလာေရာက္ကာကြယ္ေဆးထိုး၊ ေဆးတိုက္သူ ေဒၚနန္းက်န္က ဆိုသည္။

မိုင္းျဖတ္ၿမိဳ႕တြင္ ဇူလိုင္လ (၁) ရက္က စတင္သည့္ အသက္ငါးႏွစ္ေအာက္ကေလးမ်ားအား ကာကြယ္ေဆးထိုးသည့္ အခမ္းအနားသို႔ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလွိဳင္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီး ဌာနမွဴး ေဒါက္တာ ေဒၚျမတ္ျမတ္ႏွင္း ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား စုစုေပါင္း (၁၀၀)ဦးႏွင့္ ကာကြယ္ေဆးလာေရာက္ ေဆးထိုး ေဆးတိုက္ၾကသူမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု။  ။ ကိုသာ
..............

မိုင်းဖြတ်၊ ဇူလိုင် (၁)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပြင်းထန်အဆုပ်ရောင်ရောဂါပိုး ကာကွယ်ဆေး Pneumococcal Conjugate Vaccine ( PCV ) ကို ဇူလိုင်လ (၁) ရက်နေ့တွင် စတင် ထိုးနှံပေးနေကြောင်း သိရသည်။

“ မိုင်းဖြတ်မြို့နယ်မှာ အသက် (၅)နှစ်အောက်ကလေးငယ် (၂,၉၇၅)ဦးရှိပါတယ်၊ ကျေးရွာများရှိ ကလေးငယ်များကို သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများမှာလည်း ထိုးပေးသွားမှာဖြစ်ပါတယ်" ဟု ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်းက ပြောကြားသည်။

ကျန်းမာရေးဦးစီးဌာနများမှ နိုင်ငံတဝန်း ၂၀၁၆ ခုနှစ်အတွင်း (pcv)ဆေးထိုးနှံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၁,၁၈၇,၇၃၅)သန်းဖိုး လျာထားခြင်းဖြစ်ကြောင်း သိရသည်။

" အဓိက အချက်အနေနဲ့ ပြောချင်တာကတော့ ကလေးအမေတွေပါပဲ။ မိမိတို့ရင်သွေးလေးတွေကို ခုလိုကာကွယ်ဆေးတွေ တိုက်ပေး၊ ထိုးပေးရင် ကလေးတွေရဲ့ကျန်းမာရေးကောင်းမွန်ပြီး ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ ကလေးကို ဆေးထိုးလို့ ကလေးငိုရင် ဆရာ/ဆရာမတွေကို စိတ်မဆိုးကြပါနဲ့။”ဟု ဒေါက်တာမြတ်မြတ်နှင်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန အနဖြေင့် အသက်(၅)နှစ်အောက်ကလေး ငယ်များအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အတူ Gavia၊ WHO၊ Unicef တို့နှင့် ပူးပေါင်း၍ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် ကလေးများတွင် အဖြစ်များနေသည့် ပြင်းထန်အဆုပ်ရောင် ရောဂါပိုး ကာကွယ်ဆေး Pneumococcal Conjugate Vaccine ( PCV ) ကိုပါ စတင် ထိုးပေးသွားခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်မကလေးကို ကာကွယ်ဆေး ပုံမှန် လာတိုက်၊ ဆေးထိုး ပါတယ်။ အရေးကြီးတာကတော့ ကျန်းမာရေး ပါပဲ" ဟု ကလေးအားလာရောက်ကာကွယ်ဆေးထိုး၊ ဆေးတိုက်သူ ဒေါ်နန်းကျန်က ဆိုသည်။

မိုင်းဖြတ်မြို့တွင် ဇူလိုင်လ (၁) ရက်က စတင်သည့် အသက်ငါးနှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးသည့် အခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ဒေါ်မြတ်မြတ်နှင်း နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၀)ဦးနှင့် ကာကွယ်ဆေးလာရောက် ဆေးထိုး ဆေးတိုက်ကြသူများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~