ထိုင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းလုပ္သားမ်ားအနက္ ျမန္မာလုပ္သားမ်ားမွာ လူကုန္ကူးခံရမႈ အမ်ားဆံုး ျဖစ္ေန

ထိုင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းလုပ္သားမ်ားအနက္ ျမန္မာလုပ္သားမ်ားမွာ လူကုန္ကူးခံရမႈ အမ်ားဆံုး ျဖစ္ေန
ဇူလိုင် 12, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံေရာက္ ေရႊ႕ေျပာင္းလုပ္သားမ်ားအနက္ ျမန္မာလုပ္သားမ်ားမွာ ထိုင္းႏိုင္ငံအလုပ္သမားဥပေဒအား နားမလည္သည့္အတြက္ အျခားႏုိင္ငံမ်ားမွ ေရႊ႕ေျပာင္းလုပ္သားမ်ားထက္ လူကုန္ကူးခံရမႈ ပိုမ်ားေနေၾကာင္း ထုိင္းႏိုင္ငံအေျခစိုက္ အလုပ္သမားေနထုိင္မႈ အဆင့္ျမႇင့္တင္ေရးေဖာင္ေဒးရွင္း(LPN)မွ သိရသည္။

"ထိုင္းႏိုင္ငံမွာ အလုပ္ လာလုပ္တာ အိမ္နီးခ်င္းႏိုင္ငံေတြက လာအို၊ ကေမာၻဒီးယားနဲ႔ ျမန္မာႏုိင္ငံသား ေပါင္းစံုပါတဲ့အထဲမွာ ျမန္မာႏိုင္ငံသားေတြက ဘာသာစကား အားနည္းတဲ့အတြက္နဲ႔ ျပဌာန္းထားတဲ့ ဥပေဒကို နားမလည္တာေၾကာင့္ လူကုန္ကူးခံရသူ အမ်ားဆံုးျဖစ္ေနတာပါ။ လူကုန္ကူးတဲ့ပြဲစား အမ်ိဳးအစားဆိုရင္ (၉)မ်ိဳး ေလာက္ရွိတယ္။ အမ်ားဆံုး လူကုန္ကူးခံရတာ စက္ေလွလုပ္သားနဲ႔ ငါး၊ ပုဇြန္အလုပ္ရံုေတြမွာလုပ္တဲ့ အလုပ္သမားေတြပါ" ဟု အလုပ္သမားေနထိုင္မႈ အဆင့္ျမႇင့္တင္ေရးေဖာင္ေဒးရွင္းမွ ကိုစူရခ်ိဳင္ မင္းထြန္းက ေျပာသည္။

လူကုန္ကူးသည့္ပြဲစားမ်ားတြင္ ျမန္မာႏိုင္ငံသားမ်ားမွာ (၈၀) ရာခိုင္ႏွဳန္းခန္႔ပါ၀င္ၿပီး လူကုန္ကူးမႈအဆင့္ဆင့္တြင္ ျပည္တြင္းမွ အလုပ္သမားရွာေဖြေသာပြဲစားမွ နယ္စပ္အထိ ေခၚေဆာင္လာသူမ်ား၊ ထုိင္းအာဏာပိုင္မ်ားႏွင့္ ခ်ိတ္ဆက္ကာ ၿမိဳ႕တြင္းလမ္းမ်ားမွ သယ္ေဆာင္လာသူမ်ား ပါဝင္ေၾကာင္း သိရသည္။

 "ထိုင္းႏိုင္ငံမွာ ဥပေဒေတြက ျပဌာန္းထားေပမဲ့ အာဏာပိုင္ေတြနဲ႔ ျမန္မာအခ်င္းခ်င္း သစၥာေဖါက္တာေၾကာင့္ လူကုန္ကူးခံရတာပါ။ ေလွေပၚပါသြားတဲ့ ျမန္မာေတြဆို တစ္ခ်ိဳ႕ျပန္လာရင္ ရူးသြားတာေတြေတာင္ရွိတယ္။ ႏွစ္ေပါင္းမ်ားစြာ ကမ္းမျမင္ဘဲ ေလွေပၚေနရတာေၾကာင့္ပါ။ သူတို႔ကို ပို႔တဲ့ပြဲစားက ကုန္းေပၚမွာ လစာထုတ္ၿပီး ထုိင္စားေနရံုပဲ"ဟု ကိုစူရခ်ိဳင္မင္းထြန္းက ေျပာသည္။

ထုိင္းႏိုင္ငံတြင္း လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံသားအမ်ားစုမွာ အသက္(၂၀)ႏွစ္ေအာက္ လူငယ္ပိုင္းအမ်ားစုျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားေနထိုင္မႈ အဆင့္ျမႇင့္တင္ေရးေဖာင္ေဒးရွင္း(LPN)သည္ ထုိင္းႏုိင္ငံတြင္ အေျခစိုက္ၿပီး လူကုန္ကူးမႈတားဆီးေရးကိစၥမ်ားတြင္ ကူညီလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
.............

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအနက် မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံအလုပ်သမားဥပဒေအား နားမလည်သည့်အတွက် အခြားနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများထက် လူကုန်ကူးခံရမှု ပိုများနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားနေထိုင်မှု အဆင့်မြှင့်တင်ရေးဖောင်ဒေးရှင်း(LPN)မှ သိရသည်။

"ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်တာ အိမ်နီးချင်းနိုင်ငံတွေက လာအို၊ ကမော္ဘဒီးယားနဲ့ မြန်မာနိုင်ငံသား ပေါင်းစုံပါတဲ့အထဲမှာ မြန်မာနိုင်ငံသားတွေက ဘာသာစကား အားနည်းတဲ့အတွက်နဲ့ ပြဌာန်းထားတဲ့ ဥပဒေကို နားမလည်တာကြောင့် လူကုန်ကူးခံရသူ အများဆုံးဖြစ်နေတာပါ။ လူကုန်ကူးတဲ့ပွဲစား အမျိုးအစားဆိုရင် (၉)မျိုး လောက်ရှိတယ်။ အများဆုံး လူကုန်ကူးခံရတာ စက်လှေလုပ်သားနဲ့ ငါး၊ ပုဇွန်အလုပ်ရုံတွေမှာလုပ်တဲ့ အလုပ်သမားတွေပါ" ဟု အလုပ်သမားနေထိုင်မှု အဆင့်မြှင့်တင်ရေးဖောင်ဒေးရှင်းမှ ကိုစူရချိုင် မင်းထွန်းက ပြောသည်။

လူကုန်ကူးသည့်ပွဲစားများတွင် မြန်မာနိုင်ငံသားများမှာ (၈၀) ရာခိုင်နှုန်းခန့်ပါဝင်ပြီး လူကုန်ကူးမှုအဆင့်ဆင့်တွင် ပြည်တွင်းမှ အလုပ်သမားရှာဖွေသောပွဲစားမှ နယ်စပ်အထိ ခေါ်ဆောင်လာသူများ၊ ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ မြို့တွင်းလမ်းများမှ သယ်ဆောင်လာသူများ ပါဝင်ကြောင်း သိရသည်။

 "ထိုင်းနိုင်ငံမှာ ဥပဒေတွေက ပြဌာန်းထားပေမဲ့ အာဏာပိုင်တွေနဲ့ မြန်မာအချင်းချင်း သစ္စာဖောက်တာကြောင့် လူကုန်ကူးခံရတာပါ။ လှေပေါ်ပါသွားတဲ့ မြန်မာတွေဆို တစ်ချို့ပြန်လာရင် ရူးသွားတာတွေတောင်ရှိတယ်။ နှစ်ပေါင်းများစွာ ကမ်းမမြင်ဘဲ လှေပေါ်နေရတာကြောင့်ပါ။ သူတို့ကို ပို့တဲ့ပွဲစားက ကုန်းပေါ်မှာ လစာထုတ်ပြီး ထိုင်စားနေရုံပဲ"ဟု ကိုစူရချိုင်မင်းထွန်းက ပြောသည်။

ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားအများစုမှာ အသက်(၂၀)နှစ်အောက် လူငယ်ပိုင်းအများစုဖြစ်ကြောင်း သိရသည်။

အလုပ်သမားနေထိုင်မှု အဆင့်မြှင့်တင်ရေးဖောင်ဒေးရှင်း(LPN)သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး လူကုန်ကူးမှုတားဆီးရေးကိစ္စများတွင် ကူညီလုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~