အရက္မူးေနသည့္ ခင္ပြန္းက ဇနီးျဖစ္သူကို ဓားျဖင့္ထိုးသတ္

အရက္မူးေနသည့္ ခင္ပြန္းက ဇနီးျဖစ္သူကို ဓားျဖင့္ထိုးသတ္
ဇူလိုင် 18, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု ဟိုရမ္းေက်းရြာတြင္ ဇူလိုင္လ(၁၇)ရက္ေန႔  ညေနပိုင္းက အရက္ေသာက္ထားသည့္ ေယာက္်ားျဖစ္သူက စကားမ်ားရန္ျဖစ္ၿပီး  ဇနီးျဖစ္သူအား ဓါးျဖင့္ထိုးလို္က္သျဖင့္ ေနရာတြင္ ပြဲျခင္းၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

"ဓါးနဲ႔ထိုးတဲ့သူက ရြာထဲမွာ အေတာ္ဆိုးတယ္လို႔ ေျပာၾကတယ္။ စိတ္ၾကြေဆးျပားလည္း သံုးတယ္။ အရက္လည္း ေသာက္တယ္လို႔ ေျပာတယ္။ ေဆးေၾကာင္ၿပီး အိမ္ျပန္လာတဲ့ အခ်ိန္ မိန္းမနဲ႔စကားမ်ားေတာ့ ရန္ျဖစ္ၿပီး ဓါးနဲ႔ ရင္ညႊန္႔နဲ႔ ဘယ္ဘက္နံၾကားထဲကို ထိုးသြင္းတာ ပြဲခ်င္းၿပီးေသသြားတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ဥကၠဌ ဦးလွမိုးက ေျပာသည္။

၎တို႔ႏွစ္ဦး အိမ္ေထာင္က်သည္မွာ (၃)လခန္႔သာရွိေသးၿပီး အမ်ိဳးသားမွာ အႏိုင္က်င့္ေလ့ရွိသည္ဟု ပတ္ဝန္းက်င္မွ သိရသည္။

ေသဆံုးသြားသည့္ ဇနီးျဖစ္သူ မနန္းေဆာင္မွာ ၀ဲရင္ညႊန္႔ေအာက္တြင္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ၀ဲဘက္နံေဘးၾကားတြင္ ျပတ္ရွဒဏ္ရာ (၁)ခ်က္တို႔ေၾကာင့္ အခင္းျဖစ္ပြားရာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္သည္ဟု တာခ်ီလိတ္ရဲစခန္း၏ စစ္ေဆးခ်က္ မွတ္တမ္းတြင္ ေဖၚျပထားသည္။

ဓါးျဖင့္ထိုးသူ စိုင္းေယာင္းအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ ဇူလိုင္လ (၁၇) ရက္တြင္ (ပ)၁၃၃/၂၀၁၆၊ ျပစ္မႈပုဒ္မ (၃၀၂)ျဖင့္ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..............

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်းကျေးရွာတွင် ဇူလိုင်လ(၁၇)ရက်နေ့ ညနေပိုင်းက အရက်သောက်ထားသည့် ယောက်ျားဖြစ်သူက စကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူအား ဓားဖြင့်ထိုးလို်က်သဖြင့် နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။

"ဓားနဲ့ထိုးတဲ့သူက ရွာထဲမှာ အတော်ဆိုးတယ်လို့ ပြောကြတယ်။ စိတ်ကြွဆေးပြားလည်း သုံးတယ်။ အရက်လည်း သောက်တယ်လို့ ပြောတယ်။ ဆေးကြောင်ပြီး အိမ်ပြန်လာတဲ့ အချိန် မိန်းမနဲ့စကားများတော့ ရန်ဖြစ်ပြီး ဓားနဲ့ ရင်ညွှန့်နဲ့ ဘယ်ဘက်နံကြားထဲကို ထိုးသွင်းတာ ပွဲချင်းပြီးသေသွားတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဥက္ကဌ ဦးလှမိုးက ပြောသည်။

၎င်းတို့နှစ်ဦး အိမ်ထောင်ကျသည်မှာ (၃)လခန့်သာရှိသေးပြီး အမျိုးသားမှာ အနိုင်ကျင့်လေ့ရှိသည်ဟု ပတ်ဝန်းကျင်မှ သိရသည်။

သေဆုံးသွားသည့် ဇနီးဖြစ်သူ မနန်းဆောင်မှာ ဝဲရင်ညွှန့်အောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်နံဘေးကြားတွင် ပြတ်ရှဒဏ်ရာ (၁)ချက်တို့ကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု တာချီလိတ်ရဲစခန်း၏ စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

ဓားဖြင့်ထိုးသူ စိုင်းယောင်းအား တာချီလိတ်မြို့မ ရဲစခန်းမှ ဇူလိုင်လ (၁၇) ရက်တွင် (ပ)၁၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~