တာချီလိတ်ခရိုင် မိုင်းလင်းရှိ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရား နယ်မြေအတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ၀င်ရောက်ထွန်ယက်နေ၍ ဒေသခံများ ကန့်ကွက်
တာချီလိတ်ခရိုင် မိုင်းလင်းရှိ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရား နယ်မြေအတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ၀င်ရောက်ထွန်ယက်နေ၍ ဒေသခံများ ကန့်ကွက်
ဇူလိုငျ 2, 2016
By Tachileik News Agency
တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရား သာသနာပိုင် နယ်မြေအတွင်း နှစ်ရှည်သီးနှံများ စိုက်ပျိုးရန် နယ်မြေ ပြည်သူ့စစ်တပ်ဖွဲ့မှ ၀င်ရောက် ထွန်ယက်၍ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းနေသည့်အပေါ် ဒေသခံများ ကန့်ကွက်လျှက်ရှိကြောင်း သိရသည်။
မိုင်းလင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လန့်တောင်း ဘုရားကြီးကျောင်းမှ ဂေါပကအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် ဇွန်လ(၂၄)ရက်နေ့က သစ်ပင်များ ခုတ်ထွင်းရှင်းလင်းကာ မြေလွတ်မြေရိုင်း လုပ်ကိုင်နေသည့်အပေါ် သွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံကျေးရွာသားများမှ သာသနာပိုင်နယ်မြေဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် တောင်းဆိုကြကြောင်း သိရသည်။
ပြည်သူ့စစ်အဖွဲ့မှာ နှစ်ရှည်သီးနှံများဖြစ်သည့် မလင်းကျီပင်၊ အုန်းပင်၊ ကြက်မောက်သီးပင်များ စိုက်ပျိုးရန် ပြင်ဆင်လျှက်ရှိခြင်းဖြစ်ကြောင်း၊ ယခင်အချိန်က သွားရောက်ကြည့်ရှုစဉ် ကျေးရွာသားများပြောသည့် ချောင်းအမည်မှားယွင်းသဖြင့် နေရာမှားယွင်း လုပ်ကိုင်နေခြင်းဖြစ်နိုင်ကြောင်း နှင့် ယခု အခါ သာသနာပိုင်နယ်မြေဖြစ်သဖြင့် တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုမိန့်ပေးမှသာ ဆောင်ရွက်ရန် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
.............
တာချီလိတ်၊ ဇူလိုင်လ(၂)ရက်
တာချီလိတ်ခရိုင်၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လန်းတောင်းဘုရား သာသနာပိုင် နယ်မြေအတွင်း နှစ်ရှည်သီးနှံများ စိုက်ပျိုးရန် နယ်မြေ ပြည်သူ့စစ်တပ်ဖွဲ့မှ ဝင်ရောက် ထွန်ယက်၍ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းနေသည့်အပေါ် ဒေသခံများ ကန့်ကွက်လျှက်ရှိကြောင်း သိရသည်။
"အခုသူတို့ ဝင်လုပ်နေတာ ဘာစာရွက်စာတမ်းမှလည်း မရှိ။ ခွင့်ပြုမိန့်လည်းရသေးတာ မဟုတ်ဘူး။ အခုနှစ်ရှည်ပင် စိုက်မယ်ဆိုတဲ့နေရာမှာ သစ်ပင်တွေ ခုတ်ထွင်းထားတာတွေ့ရတယ်။ အဓိက ရေဦးရေဖျား ဖြစ်နေလို့ ရွာသားတွေက မလုပ်စေချင်တာ။ ဒီနေရာတွေက သစ်ပင်၊ ဝါးပင်ပေါများပြီး တောထူလို့ မိုင်းလင်းဆရာတော်ကတောင် အစိုးရဆီကို ဧက(၄,ဝဝဝ)တောင်းထားတယ်။ သဘာဝသစ်တော လုပ်ဖို့တဲ့"ဟု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ်က ပြောသည်။
မိုင်းလင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လန့်တောင်း ဘုရားကြီးကျောင်းမှ ဂေါပကအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် ဇွန်လ(၂၄)ရက်နေ့က သစ်ပင်များ ခုတ်ထွင်းရှင်းလင်းကာ မြေလွတ်မြေရိုင်း လုပ်ကိုင်နေသည့်အပေါ် သွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံကျေးရွာသားများမှ သာသနာပိုင်နယ်မြဖြေစ်သည့်အတွက် ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် တောင်ဆိုကြကြောင်း သိရသည်။
"အရင်ကတော့ ဧက(၂၀၀)လောက်ကို လုပ်တယ်ကြားတယ်။ ကုမ္ပဏီကလည်း လမ်းတွေဘာတွေဖောက်ပြီး ရင်းနှီးမြှုပ်နှံထားတော့ အကုန်အကျတွေများထားတယ်ကြားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကြားကနေ လန့်တောင်းဂေါပကအဖွဲ့နဲ့ ညှိပေးခဲ့တယ်။ အဓိကတော့ ရေဦးရေဖျားဘက်ကိုရှောင်ပြီး မြပြေန့်လွင်ပြင်ဖြစ်တဲ့ ဧက(၃၀)လောက်ကို ပေးလုပ်ဖို့ ဒါလည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကို လျှောက်ပြီး ဆက်လုပ်ဖို့ ဆရာတော်ခွင့်ပြုရင်လုပ်ပေါ့။ မပြုရင်တော့ ဆက်မလုပ်ဖို့တော့ ပြောထားခဲ့တယ်"ဟု တာလမြေို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးလှမိုးထွေးက ပြောသည်။
ပြည်သူ့စစ်အဖွဲ့မှာ နှစ်ရှည်သီးနှံများဖြစ်သည့် မလင်းကျီပင်၊ အုန်းပင်၊ ကြက်မောက်သီးပင်များ စိုက်ပျိုးရန် ပြင်ဆင်လျှက်ရှိခြင်းဖြစ်ကြောင်း၊ ယခင်အချိန်က သွားရောက်ကြည့်ရှုစဉ် ကျေးရွာသားများပြောသည့် ချောင်းအမည်မှားယွင်းသဖြင့် နေရာမှားယွင်း လုပ်ကိုင်နခြေင်းဖြစ်နိုင်ကြောင်း နှင့် ယခု အခါ သာသနာပိုင်နယ်မြဖြေစ်သဖြင့် တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုမိန့်ပေးမှသာ ဆောင်ရွက်ရန် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~