ရက္ (၁၀၀)အတြင္း မႈခင္းမ်ားအား စြန္႔စြန္႔စားစားေဖာ္ထုတ္ႏိုင္ခဲ့ေသာ ရဲတပ္ဖဲြ႔ဝင္မ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္

ရက္ (၁၀၀)အတြင္း မႈခင္းမ်ားအား စြန္႔စြန္႔စားစားေဖာ္ထုတ္ႏိုင္ခဲ့ေသာ ရဲတပ္ဖဲြ႔ဝင္မ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္
ဇူလိုင် 7, 2016
By Tachileik News Agency

မေကြး၊ ဇူလိုင္လ (၇) ရက္
မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕၏ ရက္(၁၀၀)စီမံခ်က္ကာလအတြင္း မႈခင္းမ်ားကို စြန္႔စြန္႔စားစား ေဖာ္ထုတ္ႏုိင္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

ရက္ (၁၀၀)စီမံခ်က္ကာလအတြင္း ရခိုင္ျပည္နယ္ဘက္မွ ျမန္မာႏိုင္ငံအတြင္းပိုင္းသို႔ ခိုးဝင္လာသူမ်ားကို သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ထြက္ေျပးသည္ကို စြန္႔စြန္႔စားစား လိုက္လံ ဖမ္းဆီးခဲ့သည့္ ရဲအရာရိွ၊ လက္ကိုင္ဖုန္းမ်ားႏွင့္ ဆိုင္ကယ္မ်ားကို ခိုးယူေနသူမ်ားအား ဖမ္းဆီးျခင္းႏွင့္ တရုတ္သို႔ ေတာရိုင္း တိရစၦာန္ထြက္ ပစၥည္းမ်ား တင္ပို႔မႈအား ဖမ္းဆီးခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ဘက္မွ ျမန္မာႏိုင္ငံအတြင္းပိုင္းသို႔ ခိုးဝင္လာသူမ်ားကို သယ္ေဆာင္လာသည္ဟု ယူဆရေသာ ေမာ္ေတာ္ယာဥ္တစ္စီးအား ေမလ (၂၈) ရက္က ငဖဲၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးေအးလြင္ႏွင္႔ ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳး ဦးစီးအဖဲြ႔က စစ္ေဆးရန္အတြက္ ရပ္တန္႔ေစရာ အဆိုပါ ေမာ္ေတာ္ယာဥ္မွာ ေမာင္းႏွင္ထြက္ေျပး သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ခိုးဝင္လာသူေတြ သယ္ေဆာင္လာတဲ့ ကားကို ပိတ္ဆို႔စစ္ေဆးဖို႔ ႀကိဳးစားခဲ႔တာမွာ ကားကိုရပ္မေပးဘဲ ေမာင္းႏွင္ထြက္ေျပးသြားတာေၾကာင္႔ ဆိုင္ကယ္နဲ႔ေနာက္ကလိုက္ၿပီး ဆိုင္ကယ္ကို ဂ်မ္းတုံးအျဖစ္ ကားေအာက္ ထိုးခံႏိုင္ခဲ႔တဲ့အတြက္ ယာဥ္ ေမာင္းနဲ႔ ဘဂၤါလီ (၂၂) ဦးကို ဖမ္းဆီးႏိုင္ခဲ႔တာပါ”ဟု ရဲအုပ္ေက်ာ္မ်ိဳးက ေျပာသည္။

ယင္းသို႔ေဆာင္ရြက္မႈေၾကာင့္ ဆိုင္ကယ္ပ်က္စီးသြားသည့္အတြက္ မင္းဘူးၿမိဳ႕ SUPER STAR ဆိုင္ကယ္ အေရာင္းစင္တာနွင္႔ စက္ကမာၻ ဆုိင္ကယ္အေရာင္းစင္တာတို႔မွ NENBO-110 ဆိုင္ကယ္တစ္စီးကို အဆိုပါရဲတပ္ဖြဲ႕သို႔ ခ်ီးျမႇင္႔ဂုဏ္ျပဳခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဂုဏ္ျပဳပဲြတြင္ ရက္(၁၀၀)ကာလအတြင္း ကာလတန္ဖိုးစုစုေပါင္းက်ပ္ (၆၅)သိန္းခန္႔ရိွ လက္ကိုင္ ဖုန္း(၆၂)လံုးခုိးယူခဲ႔သူ တရားခံ(၃)ဦးအား ဖမ္းဆီး ေဖာ္ထုတ္ႏိုင္ခဲ့သည့္ ေအာင္လံၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္ထြန္းထြန္းလင္း၊ ကာလတန္ဖိုး က်ပ္(၇၆သိန္း)ဖိုးခန္႔ရိွ ဆိုင္ကယ္(၁၉)စီးအား ခိုးယူခဲ႔သူကို  ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ႔သည့္ မေကြးခရိုင္ရဲတပ္ဖဲြ႔မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစိပ္မွ ရဲအုပ္သက္ ေအာင္စိုးတို႔ကိုလည္း မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးက ဂုဏ္ျပဳဆုခ်ီးျမႇင့္ခဲ့သည္။

ယင္းအျပင္ ပဲခူးရိုးမနွင့္ ရခိုင္ရိုးမအတြင္းမွ ေတာရိုင္းတိရစာၦန္ထြက္ပစၥည္းမ်ားအား  တရုတ္ႏိုင္ငံသို႔ ေရာင္းခ်ရန္ တရားမဝင္သယ္ေဆာင္လာသူမ်ားအား  ဖမ္းဆီးႏိုင္ခဲ့သည့္ မေကြးတိုင္းေဒသ ႀကီးရဲတပ္ဖဲြ႔ မႈခင္းအကူဌာနစုမွ ရဲအုပ္မ်ိဳးႏိုင္၊ ပဒါန္းရဲကင္းစခန္းမွဴး ရဲအုပ္လြင္ကိုကိုဦးႏွင့္ အဖဲြ႔တို႔အား မေကြးတိုင္း ေဒသႀကီးသစ္ေတာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး က ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင္႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္
.............
မကွေး၊ ဇူလိုင်လ (၇) ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက်ကာလအတွင်း မှုခင်းများကို စွန့်စွန့်စားစား ဖော်ထုတ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်လိုက်ကြောင်း သိရသည်။
ရက် (၁၀၀)စီမံချက်ကာလအတွင်း ရခိုင်ပြည်နယ်ဘက်မှ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်လာသူများကို သယ်ဆောင်လာသည့် မော်တော်ယာဉ်ထွက်ပြေးသည်ကို စွန့်စွန့်စားစား လိုက်လံ ဖမ်းဆီးခဲ့သည့် ရဲအရာရှိ၊ လက်ကိုင်ဖုန်းများနှင့် ဆိုင်ကယ်များကို ခိုးယူနေသူများအား ဖမ်းဆီးခြင်းနှင့် တရုတ်သို့ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုအား ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဘက်မှ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်လာသူများကို သယ်ဆောင်လာသည်ဟု ယူဆရသော မော်တော်ယာဉ်တစ်စီးအား မေလ (၂၈) ရက်က ငဖဲမြို့မရဲစခန်းမှူး ဒုရဲမှူးအေးလွင်နှင့် ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီးအဖွဲ့က စစ်ဆေးရန်အတွက် ရပ်တန့်စေရာ အဆိုပါ မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ခိုးဝင်လာသူတွေ သယ်ဆောင်လာတဲ့ ကားကို ပိတ်ဆို့စစ်ဆေးဖို့ ကြိုးစားခဲ့တာမှာ ကားကိုရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ဆိုင်ကယ်နဲ့နောက်ကလိုက်ပြီး ဆိုင်ကယ်ကို ဂျမ်းတုံးအဖြစ် ကားအောက် ထိုးခံနိုင်ခဲ့တဲ့အတွက် ယာဉ် မောင်းနဲ့ ဘင်္ဂါလီ (၂၂) ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု ရဲအုပ်ကျော်မျိုးက ပြောသည်။
ယင်းသို့ဆောင်ရွက်မှုကြောင့် ဆိုင်ကယ်ပျက်စီးသွားသည့်အတွက် မင်းဘူးမြို့ SUPER STAR ဆိုင်ကယ် အရောင်းစင်တာနှင့် စက်ကမာ္ဘ ဆိုင်ကယ်အရောင်းစင်တာတို့မှ NENBO-110 ဆိုင်ကယ်တစ်စီးကို အဆိုပါရဲတပ်ဖွဲ့သို့ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုပွဲတွင် ရက်(၁၀၀)ကာလအတွင်း ကာလတန်ဖိုးစုစုပေါင်းကျပ် (၆၅)သိန်းခန့်ရှိ လက်ကိုင် ဖုန်း(၆၂)လုံးခိုးယူခဲ့သူ တရားခံ(၃)ဦးအား ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည့် အောင်လံမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ထွန်းထွန်းလင်း၊ ကာလတန်ဖိုး ကျပ်(၇၆သိန်း)ဖိုးခန့်ရှိ ဆိုင်ကယ်(၁၉)စီးအား ခိုးယူခဲ့သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိပ်မှ ရဲအုပ်သက် အောင်စိုးတို့ကိုလည်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ယင်းအပြင် ပဲခူးရိုးမနှင့် ရခိုင်ရိုးမအတွင်းမှ တောရိုင်းတိရစာ္ဆန်ထွက်ပစ္စည်းများအား တရုတ်နိုင်ငံသို့ ရောင်းချရန် တရားမဝင်သယ်ဆောင်လာသူများအား ဖမ်းဆီးနိုင်ခဲ့သည့် မကွေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်မျိုးနိုင်၊ ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်လွင်ကိုကိုဦးနှင့် အဖွဲ့တို့အား မကွေးတိုင်း ဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~