တစ်နှစ်အတွင်း မန္တလေးတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၃၉၃ ရွာ လျှပ်စစ်မီးသုံးစွဲနိုင်မည်
တစ်နှစ်အတွင်း မန္တလေးတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၃၉၃ ရွာ လျှပ်စစ်မီးသုံးစွဲနိုင်မည်
ဇူလိုငျ 12, 2016
By Tachileik News Agency
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း (၃၉၃) ရွာအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးသုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာစုစုပေါင်း (၄,၇၈၀) ရှိသည့်အနက် (၃,၅၁၅) ရွာတွင် လျှပ်စစ်မီးသုံးစွဲနေပြီး ကျန်ရှိသည့် (၁,၂၆၅)အနက် ၂၀၁၆ ခုနှစ်အတွင်း ကျေးရွာပေါင်း (၃၉၃) ရွာကို လျှပ်စစ်မီးသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြည်သူများ၏ အနီးဆုံးတွင်ရှိနေသည့် လျှပ်စစ်အန္တရာယ်အား ယခင်ထက် ပိုမိုကင်းဝေးစေရေး ကြိုတင်ပညာပေးသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လျှပ်စစ် သုံးစွဲသူဦးရေနှင့်သုံးစွဲမှုပမာဏပါ မြင့်တက်လျှက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပရေးရှင်း၊ အင်ဂျင်နီယာဓာတ်အားစီမံရေးဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးစိန်ဝင်းမြင့်ထံက သိရသည်။
လက်ရှိတွင် ကော်ပရေးရှင်းအနေဖြင့် လူဦးရေ (၅) သိန်းကျော် လျှပ်စစ်မီးသုံးစွဲနိုင်ရန် လုပ်ဆောင်ပေးထားပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား (၁၅) ရာခိုင်နှုန်းတိုးတက်သုံးစွဲနေကြောင်း သိရသည်။
သတင်း။ ။ ‪#‎ရွှေဇော်‬
............
န္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း (၃၉၃) ရွာအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးသုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာစုစုပေါင်း (၄,၇၈၀) ရှိသည့်အနက် (၃,၅၁၅) ရွာတွင် လျှပ်စစ်မီးသုံးစွဲနပြေီး ကျန်ရှိသည့် (၁,၂၆၅)အနက် ၂၀၁၆ ခုနှစ်အတွင်း ကျေးရွာပေါင်း (၃၉၃) ရွာကို လျှပ်စစ်မီးသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကျေးရွာလျှပ်စစ်မီးရရှိရေးနဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လျှပ်စစ်မီးသွယ်တန်းပေးလိုက်တာနဲ့ ပညာပေးလုပ်ငန်းတွေကို တပြိုင်တည်း လုပ်ဆောင်ရပါတယ်။ သို့မှာသာ ကျေးရွာနပြေည်သူများ အန္တရာယ်ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ပညာပေးဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင်တွေပေးဖို့လည်းရှိပါတယ်။” ဟု မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးစိုးမင်းထွန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၁၀ ခုနှစ်တွင် ဓာတ်အားသုံးစွဲသူဦးရေ (၃၂၀,ဝဝဝ)က ဓာတ်အားပမာဏ (၂၆၀) မဂ္ဂါဝပ်သုံးစွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဓာတ်အားသုံးစွဲသူ (၅၇၀,ဝဝဝ)က ဓာတ်အားပမာဏ (၄၆၀) မဂ္ဂါဝပ်သုံးစွဲနေကြောင်း သိရသည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်လိုက်မှု (၁၅၆) ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ပြည်သူများ၏ အနီးဆုံးတွင်ရှိနေသည့် လျှပ်စစ်အန္တရာယ်အား ယခင်ထက် ပိုမိုကင်းေဝးစေရေး ကြိုတင်ပညာပေးသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လျှပ်စစ် သုံးစွဲသူဦးရေနှင့်သုံးစွဲမှုပမာဏပါ မြင့်တက်လျှက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပရေးရှင်း၊ အင်ဂျင်နီယာဓာတ်အားစီမံရေးဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးစိန်ဝင်းမြင့်ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲမှုပြည့်မီရေးအတွက် ရန်ပုံငွေအသီးသီးဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နှစ်က ကျပ်ငွေ(၁၉) ဘီလီယံသုံးစွဲဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ်တွင် (၂၀)ဘီလီယံ သုံးစွဲ၍ ဓာတ်အားဖြန့်ဖြူးပေးရန်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
လက်ရှိတွင် ကော်ပရေးရှင်းအနဖြေင့် လူဦးရေ (၅) သိန်းကျော် လျှပ်စစ်မီးသုံးစွဲနိုင်ရန် လုပ်ဆောင်ပေးထားပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား (၁၅) ရာခိုင်နှုန်းတိုးတက်သုံးစွဲနေကြောင်း သိရသည်။
သတင်း။ ‪#‎ရွှေဇော်‬
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~