ေမာဟူေမာညီး (Mawr Heeq Mawr Nyir) အာခါဒ႑ာရီဇာတ္လမ္း ( ဇာတ္လမ္းမိတ္ဆက္ )

ေမာဟူေမာညီး (Mawr Heeq Mawr Nyir) အာခါဒ႑ာရီဇာတ္လမ္း ( ဇာတ္လမ္းမိတ္ဆက္ )
ဇူလိုင် 30, 2016
By Tachileik News Agency

( ဇာတ္လမ္း နမူနာ )
ျမန္မာႏိုင္ငံရဲ႕တိုင္းႏွင့္ျပည္နယ္မ်ားအနက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမွာ အမ်ားဆံုးေနထိုင္သည့္ အာခါတိုင္းရင္းသားတို႔၏ ဒ႑ာရီမ်ားထဲက ေမာဟူေမာညီး ဆိုတဲ့ ညီအစ္ကို ႏွစ္ေယာက္အေၾကာင္းကို အဆင့္ျမင့္နည္းပညာမ်ားျဖင့္ ရိုက္ကူးတင္ဆက္ထားတဲ့ အာခါဒ႑ာရီ ဗီဒီယိုဇာတ္ကားကို မၾကာမီကာလအတြင္းမွာ ျဖန္႔ခ်ိေတာ့မွာ ျဖစ္ပါတယ္။
ဇာတ္လမ္းရဲ႕ အက်ဥ္းေလးကေတာ့....
အာခါဒ႑ာရီမ်ားထဲက ေမာဟူေမာညီးဆိုတဲ့ ညီအစ္ကို ႏွစ္ေယာက္ဟာ သူတို႔ေလးေတြ ငယ္ရြယ္စဥ္ ကတည္းက မိခင္က ဆံုးပါးသြားၿပီး ဘာမွ မသိ နားမလည္ေသးတဲ့အခ်ိန္မွာ သူတို႔ရဲ႕ ဖခင္ျဖစ္သူကလည္း ဆံုးမသြန္သင္မႈ မရွိခဲ့ပါဘူး။
တစ္ေန႔မွာေတာ့ သူတို႔ ညီအစ္ကို ႏွစ္ေယာက္ဟာ ရြာထဲက လူေတြရဲ႕ ေျပာစကားေတြကို နားလည္မႈ လြဲခဲ့ၿပီး သူတို႔ရဲ႕ ဖခင္အရင္းကို ေရာင္းစားဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ ေနာင္တရသြားၿပီး ဖခင္ကို မေရာင္းေတာ့ဘဲ၊ အိမ္မွာ ျခင္းထဲ ထည့္ပိတ္ထားလိုက္ပါေတာ့တယ္။ 
အဲ့ဒီလို ျခင္းထဲ ထည့္ပိတ္ခံထားရတဲ့ သူတို႕ရဲ႕ ဖခင္ဟာ ေနအိမ္ကေန ထြက္ေျပးဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ႔ရာက ေနာက္ဆံုးမွာေတာ့ ေနအိမ္က ထြက္ေျပးသြားႏိုင္ခဲ့ပါတယ္။ အဲ့လိုနဲ႔ ထြက္ေျပးရင္းက ေပ်ာက္ဆံုးသြားခဲ့ပါတယ္။
ဒီလိုနဲ႔ ညီအစ္ကို ႏွစ္ေယာက္ဟာ သူတို႔ရဲ႕ ဖခင္ေပ်ာက္ေနတာကို ရွာပံုေတာ္ထြက္ခဲ့ရင္း နဂါးမင္းနဲ႔ ဘီလူးမနဲ႔ လည္းေတြ႕ ႀကံဳခဲ့ရပါတယ္။
ညီအစ္ကို ႏွစ္ေယာက္နဲ႔ နဂါးမင္းနဲ႔ဘီလူးမ ဘယ္လိုေတြ ပတ္သက္ခဲ့၊ ဘယ္လိုေတြ ရင္ဆိုင္ခဲ့ရလဲဆိုတာနဲ႔ ေပ်ာက္သြားတဲ့ သူတို႔ရဲ႕ ဖခင္ဟာ ဘယ္လိုျဖစ္သြားခဲ႔တယ္ ဆိုတာကို စိတ္၀င္စားစရာအျဖစ္ ရိုက္ကူးတင္ဆက္ထားတဲ့ အာခါဒ႑ာရီ ဗီဒီယို ဇာတ္ကားကို ၂၀၁၆ခုႏွစ္ ၾသဂုတ္လရဲ႕ ဒုတိယပတ္ အေက်ာ္ေလာက္မွာ တစ္ႏိုင္ငံလံုးျဖန္႔ခ်ိႏိုင္ရန္အတြက္ စီစဥ္ထားတယ္လို႔ သိရပါတယ္။
"ဒီဇာတ္ကားက ပုံျပင္ ကို ပုံေဖာ္ရတာျဖစ္လုိ႔ အားလုံး ကြက္တိေတာ့ မရိုက္ကူးႏိုင္ပါဘူး။ အမ်ားႀကီးမလြဲေအာင္ေတာ့ႀကိဳးစား ရိုက္ကူးပုံေဖာ္ထားပါတယ္၊ ပုံျပင္ဇာတ္လမ္းျဖစ္လို႔ ရိုက္ကြင္းေနရာ အခက္အခဲမ်ားရွိပါတယ္၊ အခုေခတ္ အေဆာက္အဦေတြ မီးႀကိဳးေတြ ၾကားက လိုခ်င္တဲ့ ရိုက္ကြက္ေတြကို ခက္ခက္ခဲခဲရွာေဖြ ရိုက္ကူး တည္းျဖတ္ ထားပါတယ္၊ အတတ္ႏိုင္ဆုံး မျဖစ္မေနရိုက္ၿပီးမွ တည္းျဖတ္ခ်ိန္မွာ မလိုအပ္တာေတြကို Edit မွာ ျပဳျပင္ေပးရပါတယ္၊ သူမ်ားေတြေလာက္ အဆင္မမီေပမယ့္ အေကာင္းဆုံးျဖစ္ေအာင္ အမ်ားႀကီး ႀကိဳးစားေပးထားပါတယ္"ဟု ဒါရိုက္တာ မမိုး(ေရႊဥၾသ)က ေျပာျပပါတယ္။
အာခါဒ႑ာရီဗီဒီယို ဇာတ္ကားကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသအတြင္းျဖစ္တဲ့ က်ဳိင္းတံုခရိုင္ နဲ႔ တာခ်ီလိတ္ခရိုင္အတြင္းက ေက်းရြာေတြမွာ ခက္ခက္ခဲခဲ သြားေရာက္ ရိုက္ကူးထားတာလို႔ ဒီဇာတ္ကားရဲ႕ ဒါရိုက္တာျဖစ္သူ မမိုး(ေရႊဥၾသ)က ဆိုပါတယ္။
ေမာဟူေမာညီး ( Mawr Heeq Mawr Nyir) အာခါဒ႑ာရီဇာတ္လမ္းကို "လယ္ညီးမ မီမား" က ထုတ္လုပ္ၿပီး ဇာတ္ကားတစ္ခုလံုး ရဲ႕ အစအဆံုးကို ေရႊဥၾသ(video)တာခ်ီလိတ္က ဒါရိုက္တာအျဖစ္ တာ၀န္ယူ ေဆာင္ရြက္ေပးထားပါတယ္။
မူရင္းဗီဒီယိုေခြကို တာခ်ီလိတ္ၿမိဳ႕၊ ရီဂ်ီးနားေဂါက္ကြင္းအနီး၊ သြယ္ ေဟာ့ေပါ့ဆိုင္ႏွင့္ အာခါရိုးရာရံုး ( 09-778523590 )မွာ ၀ယ္ယူရရွိႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
.......................
မြန်မာနိုင်ငံရဲ့တိုင်းနှင့်ပြည်နယ်များအနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှာ အများဆုံးနေထိုင်သည့် အာခါတိုင်းရင်းသားတို့၏ ဒဏ္ဍာရီများထဲက မောဟူမောညီး ဆိုတဲ့ ညီအစ်ကို နှစ်ယောက်အကြောင်းကို အဆင့်မြင့်နည်းပညာများဖြင့် ရိုက်ကူးတင်ဆက်ထားတဲ့ အာခါဒဏ္ဍာရီ ဗီဒီယိုဇာတ်ကားကို မကြာမီကာလအတွင်းမှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အကျဉ်းလေးကတော့....
အာခါဒဏ္ဍာရီများထဲက မောဟူမောညီးဆိုတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့လေးတွေ ငယ်ရွယ်စဉ် ကတည်းက မိခင်က ဆုံးပါးသွားပြီး ဘာမှ မသိ နားမလည်သေးတဲ့အချိန်မှာ သူတို့ရဲ့ ဖခင်ဖြစ်သူကလည်း ဆုံးမသွန်သင်မှု မရှိခဲ့ပါဘူး။
တစ်နေ့မှာတော့ သူတို့ ညီအစ်ကို နှစ်ယောက်ဟာ ရွာထဲက လူတွေရဲ့ ပြောစကားတွေကို နားလည်မှု လွဲခဲ့ပြီး သူတို့ရဲ့ ဖခင်အရင်းကို ရောင်းစားဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ နောင်တရသွားပြီး ဖခင်ကို မရောင်းတော့ဘဲ၊ အိမ်မှာ ခြင်းထဲ ထည့်ပိတ်ထားလိုက်ပါတော့တယ်။ 
အဲ့ဒီလို ခြင်းထဲ ထည့်ပိတ်ခံထားရတဲ့ သူတို့ရဲ့ ဖခင်ဟာ နေအိမ်ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရာက နောက်ဆုံးမှာတော့ နေအိမ်က ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့ ထွက်ပြေးရင်းက ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ရဲ့ ဖခင်ပျောက်နေတာကို ရှာပုံတော်ထွက်ခဲ့ရင်း နဂါးမင်းနဲ့ ဘီလူးမနဲ့ လည်းတွေ့ ကြုံခဲ့ရပါတယ်။
ညီအစ်ကို နှစ်ယောက်နဲ့ နဂါးမင်းနဲ့ဘီလူးမ ဘယ်လိုတွေ ပတ်သက်ခဲ့၊ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာနဲ့ ပျောက်သွားတဲ့ သူတို့ရဲ့ ဖခင်ဟာ ဘယ်လိုဖြစ်သွားခဲ့တယ် ဆိုတာကို စိတ်ဝင်စားစရာအဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့ အာခါဒဏ္ဍာရီ ဗီဒီယို ဇာတ်ကားကို ၂၀၁၆ခုနှစ် သြဂုတ်လရဲ့ ဒုတိယပတ် အကျော်လောက်မှာ တစ်နိုင်ငံလုံးဖြန့်ချိနိုင်ရန်အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။
"ဒီဇာတ်ကားက ပုံပြင် ကို ပုံဖော်ရတာဖြစ်လို့ အားလုံး ကွက်တိတော့ မရိုက်ကူးနိုင်ပါဘူး။ အများကြီးမလွဲအောင်တော့ကြိုးစား ရိုက်ကူးပုံဖော်ထားပါတယ်၊ ပုံပြင်ဇာတ်လမ်းဖြစ်လို့ ရိုက်ကွင်းနေရာ အခက်အခဲများရှိပါတယ်၊ အခုခေတ် အဆောက်အဦတွေ မီးကြိုးတွေ ကြားက လိုချင်တဲ့ ရိုက်ကွက်တွေကို ခက်ခက်ခဲခဲရှာဖွေ ရိုက်ကူး တည်းဖြတ် ထားပါတယ်၊ အတတ်နိုင်ဆုံး မဖြစ်မနေရိုက်ပြီးမှ တည်းဖြတ်ချိန်မှာ မလိုအပ်တာတွေကို Edit မှာ ပြုပြင်ပေးရပါတယ်၊ သူများတွေလောက် အဆင်မမီပေမယ့် အကောင်းဆုံးဖြစ်အောင် အများကြီး ကြိုးစားပေးထားပါတယ်"ဟု ဒါရိုက်တာ မမိုး(ရွှေဥသြ)က ပြောပြပါတယ်။
အာခါဒဏ္ဍာရီဗီဒီယို ဇာတ်ကားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းဖြစ်တဲ့ ကျိုင်းတုံခရိုင် နဲ့ တာချီလိတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ ခက်ခက်ခဲခဲ သွားရောက် ရိုက်ကူးထားတာလို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ မမိုး(ရွှေဥသြ)က ဆိုပါတယ်။
မောဟူမောညီး ( Mawr Heeq Mawr Nyir) အာခါဒဏ္ဍာရီဇာတ်လမ်းကို "လယ်ညီးမ မီမား" က ထုတ်လုပ်ပြီး ဇာတ်ကားတစ်ခုလုံး ရဲ့ အစအဆုံးကို ရွှေဥသြ(video)တာချီလိတ်က ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးထားပါတယ်။
မူရင်းဗီဒီယိုခွေကို တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းအနီး၊ သွယ် ဟော့ပေါ့ဆိုင်နှင့် အာခါရိုးရာရုံး ( 09-778523590 )မှာ ဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
⊰❂ ‪#‎TachileikNewsAgency‬ ‪#‎TachileikOnlineNews‬ www.tachileik.net ❂⊱
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~