ရွမ္းျပည္နယ္အတြင္း တုိက္ပြဲရပ္တန္႔ေရးႏွင့္ ဆက္လက္မျဖစ္ပြားေရးအဆို လႊတ္ေတာ္အတည္ျပဳေထာက္ခံ

ရွမ္းျပည္နယ္အတြင္း တုိက္ပြဲရပ္တန္႔ေရးႏွင့္ ဆက္လက္မျဖစ္ပြားေရးအဆို လႊတ္ေတာ္အတည္ျပဳေထာက္ခံ
ဇူလိုင် 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း တိုက္ပြဲမ်ားရပ္တန္႔ေရးႏွင့္ ဆက္လက္ျဖစ္ပြားမႈ မရွိေရး တိုက္တြန္းေၾကာင္း အဆိုအား ဒုတိယအႀကိမ္ ရွမ္းျပည္နယ္ လႊတ္ေတာ္၏ ဒုတိယပံုမွန္ အစည္းအေ၀း၏ ေနာက္ဆံုးရက္တြင္ တင္သြင္းခဲ့ရာ လႊတ္ေတာ္မွ ဆႏၵမဲခြဲ၍ အတည္ျပဳေထာက္ခံကာ မွတ္တမ္းတင္လိုက္ေၾကာင္း သိရသည္။

သီေပါမဲဆႏၵနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအး၏အဆိုအား ဇူလိုင္လ(၁၅)ရက္ေန႔တြင္ က်င္းပေသာ လႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြးၾကျခင္းျဖစ္သည္။

"လႊတ္ေတာ္အေနနဲ႔ ဒီအဆိုကို လက္ခံေဆြးေႏြးၿပီး အတည္ျပဳဖို႔အတြက္ မဲခြဲဆံုးျဖတ္ေတာ့ အတည္ျပဳ ေထာက္ခံႏိုင္ခဲ့တယ္။ အဓိကေတာ့ တိုက္ပြဲေတြရပ္ဖို႔နဲ႔ ေနာက္ထပ္ ထပ္မျဖစ္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ဖို႔ တိုက္တြန္းေၾကာင္းအဆိုပါ။ ရွမ္းျပည္နယ္ နယ္/လံု၀န္ႀကီးကလည္း အစိုးရအဖြဲ႕ မွတ္တမ္းတင္မယ္တဲ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းစမ္းစမ္းေအးက "ရွမ္းျပည္နယ္ အစိုးရမွ ရွမ္းျပည္နယ္အတြင္း ျဖစ္ပြားေနေသာ စစ္ပြဲမ်ား အျမန္ဆံုးရပ္တန္႔ေရးႏွင့္ စစ္ေရး တင္းမာမႈမ်ား အနာဂတ္တြင္ ဆက္လက္မျဖစ္ပြားေရး ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္ တိုက္တြန္းေၾကာင္း" အဆိုအား ဇူလိုင္(၁၄)ရက္ေန႔က လႊတ္ေတာ္ကို တင္ျပခဲ့ၿပီး ဇူလိုင္(၁၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ားမွ ျပန္လည္ေဆြးေႏြးရွင္းလင္းကာ လႊတ္ေတာ္မွ အဆံုးအျဖတ္ရယူခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ လက္ရွိျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ျပည္နယ္ ၀န္ႀကီးခ်ဳပ္ေဟာင္း ျဖစ္သူ ဦးစ၀္ေအာင္ျမတ္က ရြာငံမဲဆႏၵနယ္အတြင္း ေရထိန္းဆည္ႏွင့္ ေက်းရြာ မီးလင္းေရးတို႔ အတြက္ ေဆာင္ရြက္ေပးရန္ အစီအစဥ္ ရွိ/မရွိ ေမးခြန္း(၂)ခုေမးျမန္းခဲ့ၿပီး နမ့္ဆန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထြဏ္းမွ နမ့္ဆန္ၿမိဳ႕နယ္ အတြင္းမွ ပိုလွ်ံေနေသာ လွ်ပ္စစ္ဓါတ္အားမ်ား ေက်းရြာမ်ားသို႔ ျဖန္႔ျဖဴးေပးရန္ႏွင့္ ေက်းရြာခ်င္းဆက္ ေက်ာက္ေခ်ာလမ္းခင္းရန္ အစီအစဥ္ရွိ/မရွိေမးျမန္းခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဒုတိယပံုမွန္အစည္းအေ၀း ေနာက္ဆံုရက္ေန႔တြင္ ေမးခြန္း(၉)ခုေမးျမန္းခဲ့ၿပီး အဆို(၃)ခု တင္သြင္းေဆြးေႏြးခဲ့ကာ လႊတ္ေတာ္၏ အတည္ျပဳခ်က္ရယူႏိုင္ခဲ့ၿပီး ဒုတိယအႀကိမ္ ပံုမွန္အစည္းအေ၀း ၿပီးဆံုးခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
.................
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ရေးနှင့် ဆက်လက်ဖြစ်ပွားမှု မရှိရေး တိုက်တွန်းကြောင်း အဆိုအား ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအေဝး၏ နောက်ဆုံးရက်တွင် တင်သွင်းခဲ့ရာ လွှတ်တော်မှ ဆန္ဒမဲခွဲ၍ အတည်ပြုထောက်ခံကာ မှတ်တမ်းတင်လိုက်ကြောင်း သိရသည်။
သီပေါမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၏အဆိုအား ဇူလိုင်လ(၁၅)ရက်နေ့တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြခြင်းဖြစ်သည်။
"လွှတ်တော်အနေနဲ့ ဒီအဆိုကို လက်ခံဆွေးနွေးပြီး အတည်ပြုဖို့အတွက် မဲခွဲဆုံးဖြတ်တော့ အတည်ပြု ထောက်ခံနိုင်ခဲ့တယ်။ အဓိကတော့ တိုက်ပွဲတွေရပ်ဖို့နဲ့ နောက်ထပ် ထပ်မဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ တိုက်တွန်းကြောင်းအဆိုပါ။ ရှမ်းပြည်နယ် နယ်/လုံဝန်ကြီးကလည်း အစိုးရအဖွဲ့ မှတ်တမ်းတင်မယ်တဲ့"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက "ရှမ်းပြည်နယ် အစိုးရမှ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံးရပ်တန့်ရေးနှင့် စစ်ရေး တင်းမာမှုများ အနာဂတ်တွင် ဆက်လက်မဖြစ်ပွားရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် တိုက်တွန်းကြောင်း" အဆိုအား ဇူလိုင်(၁၄)ရက်နေ့က လွှတ်တော်ကို တင်ပြခဲ့ပြီး ဇူလိုင်(၁၅)ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဆွေးနွေးရှင်းလင်းကာ လွှတ်တော်မှ အဆုံးအဖြတ်ရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဦးစဝ်အောင်မြတ်က ရွာငံမဲဆန္ဒနယ်အတွင်း ရေထိန်းဆည်နှင့် ကျေးရွာ မီးလင်းရေးတို့ အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း(၂)ခုမေးမြန်းခဲ့ပြီး နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းမှ နမ့်ဆန်မြို့နယ် အတွင်းမှ ပိုလျှံနေသော လျှပ်စစ်ဓာတ်အားများ ကျေးရွာများသို့ ဖြန့်ဖြူးပေးရန်နှင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းရန် အစီအစဉ်ရှိ/မရှိမေးမြန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအေဝး နောက်ဆုံရက်နေ့တွင် မေးခွန်း(၉)ခုမေးမြန်းခဲ့ပြီး အဆို(၃)ခု တင်သွင်းဆွေးနွေးခဲ့ကာ လွှတ်တော်၏ အတည်ပြုချက်ရယူနိုင်ခဲ့ပြီး ဒုတိယအကြိမ် ပုံမှန်အစည်းအေဝး ပြီးဆုံးခဲ့ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~