အိမ်သာအိုးထဲ စွန့်ပစ်ခံရသည့်ကလေး အချိန်မီကယ်နိုင်၍ အသက်ရှင်

အိမ်သာအိုးထဲ စွန့်ပစ်ခံရသည့်ကလေး အချိန်မီကယ်နိုင်၍ အသက်ရှင်
ဇူလိုငျ 26, 2016
By Tachileik News Agency





Ref; ต้u หล่o
................

ထိုင်းနိုင်ငံ ကပီခရိုင် ခလောင်းထွမ်မြို့နယ် ခလောင်းဖွန်းအုပ်စုရှိ စပ်စကို့ဆီပန့်က အိမ်သာအိုးထဲမှာ မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ပစ်ထားခဲ့တာကို ဇူလိုင်လ (၂၅)ရက် နေ့လယ်ပိုင်းက ဆီပန့်ဝန်ထမ်းတွေက တွေ့သွားခဲ့ပါတယ်။

ဆီပန့်ဝန်ထမ်းများက မြို့တော်ဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူထံ တိုင်ကြားပြီး လာရောက် ကူညီခဲ့တာကြောင့် အိမ်သာအိုးထဲ ပစ်ထားခံရတဲ့ မိန်းကလေးငယ်ဟာ အသက်ရှင်နေဆဲဖြစ်ပြီး ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါကလေးကို ဆေးရုံမှာ ဆေးကုသပေးလျှက်ရှိကာ စောင့်ရှောက်ထားပြီး ကလေးရဲ့ မိဘကို ရှာဖွေဖို့ ကြေညာထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုလုံခြုံရေးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်တာဝန်ယူပေးရန် အကြောင်းကြားထားကြောင်း သိရပါတယ်။

ဘာသာပြန် - နန်းမောက်ကွမ်
Ref; ต้u หล่o

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~