က်ိဳင္းတံု၌ ကိုရင္ေလးတစ္ပါး ေရနစ္၍ ပ်ံလြန္ေတာ္မူ

က်ိဳင္းတံု၌ ကိုရင္ေလးတစ္ပါး ေရနစ္၍ ပ်ံလြန္ေတာ္မူ
ဇူလိုင် 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေရႊႀတိဂံေရကူးကန္တြင္ ဇူလိုင္လ (၁၈)ရက္ေန႔ ညေန(၄)နာရီခန္႔က ေနာင္ကုန္ဘုန္းႀကီးေက်ာင္းမွ ကိုရင္တစ္ပါး ေရနစ္၍ ပ်ံလြန္ေတာ္မူ သြားေၾကာင္း သိရသည္။

"ဒီေန႔ ညေနက ကိုရင္ေလးေတြ ေရကူးကန္မွာ ေရလာကူးၾကရင္းနဲ႔ ကိုရင္တစ္ပါး ေရနစ္ၿပီး ပ်ံလြန္ေတာ္ မူသြားခဲ့တာပါတယ္။ ကြၽန္ေတာ္တို႔အသင္း အဲဒီကို ေရာက္ေတာ႔ ေရကူးကန္အေစာင္႔က ကိုရင္ေလးကို ဆယ္ထားၿပီးပါၿပီ။ ကၽြန္ေတာ္တို႔က အဲဒီကတဆင္႔ ေဆးရုံကို ပို႔ေပးခဲ႔ပါတယ္။ ကၽြန္ေတာ္ မွတ္မိသေလာက္ကေတာ႔ ဒီေရကူးကန္မွာ ေရနစ္ေသတာ သုံး၊ေလးေယာက္ ေလာက္ေတာ႔ ရိွပါၿပီ။"ဟု က်ဳိင္းတံု ႏွလုံးလွပိုင္ရွင္မ်ား အခမဲ႔ လူမႈေရးကူညီမႈအသင္းမွ ကိုသန္းဝင္းေအာင္က ေျပာသည္။

အဆိုပါ ကိုရင္ေလးမွာ ေနာင္ကုန္ဘုန္းႀကီးေက်ာင္းမွျဖစ္ၿပီး ဘြဲ႔ေတာ္မွာ ကိုရင္ဝိမလျဖစ္ၿပီး အသက္အားျဖင္႔ (၁၃)ႏွစ္ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။ ။ ကိုသန္းဝင္းေအာင္ ( က်ဳိင္းတံု ႏွလုံးလွပိုင္ရွင္မ်ား အခမဲ႔ လူမႈေရးကူညီမႈအသင္း )
................

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရွှတြေိဂံရေကူးကန်တွင် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၄)နာရီခန့်က နောင်ကုန်ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ရေနစ်၍ ပျံလွန်တော်မူ သွားကြောင်း သိရသည်။

"ဒီနေ့ ညနေက ကိုရင်လေးတွေ ရေကူးကန်မှာ ရေလာကူးကြရင်းနဲ့ ကိုရင်တစ်ပါး ရေနစ်ပြီး ပျံလွန်တော် မူသွားခဲ့တာပါတယ်။ ကျွန်တော်တို့အသင်း အဲဒီကို ရောက်တော့ ရေကူးကန်အစောင့်က ကိုရင်လေးကို ဆယ်ထားပြီးပါပြီ။ ကျွန်တော်တို့က အဲဒီကတဆင့် ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက်ကတော့ ဒီရေကူးကန်မှာ ရေနစ်သေတာ သုံး၊လေးယောက် လောက်တော့ ရှိပါပြီ။"ဟု ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုရေးကူညီမှုအသင်းမှ ကိုသန်းဝင်းအောင်က ပြောသည်။

အဆိုပါ ကိုရင်လေးမှာ နောင်ကုန်ဘုန်းကြီးကျောင်းမှဖြစ်ပြီး ဘွဲ့တော်မှာ ကိုရင်ဝိမလဖြစ်ပြီး အသက်အားဖြင့် (၁၃)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ ကိုသန်းဝင်းအောင် ( ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုရေးကူညီမှုအသင်း )

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~