က်ဳိင္းတံု၌ ပူးေပါင္းအဖြဲ႔ျဖင့္ လိုင္စင္မဲ့ ယာဥ္မ်ားအား ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ဖမ္းဆီးမည္

က်ဳိင္းတံု၌ ပူးေပါင္းအဖြဲ႔ျဖင့္ လိုင္စင္မဲ့ ယာဥ္မ်ားအား ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ဖမ္းဆီးမည္
ဇူလိုင် 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးေရး ပညာေပးကာလအား မူလ သတ္မွတ္ထားသည့္ ရက္ေပါင္း(၉၀)မွ (၄၅) ရက္သို႔ ျပည္နယ္အစိုးရက ေလွ်ာ့ခ် သတ္မွတ္လိုက္ သျဖင့္ လိုင္စင္မဲ့ယာဥ္မ်ားကို ၾသဂုတ္လ (၁၅)ရက္တြင္ ဌာနဆိုင္ရာ(၁၁)ဖြဲ႔ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ စတင္ဖမ္းဆီးေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ခရိုင္စီမံခန္ ့ခြဲမႈေကာ္မတီက ဆုံးျဖတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ျပည္နယ္ ၀န္ႀကီးခ်ဳပ္ကို တင္ျပ လိုက္တဲ့ အခါမွာ ပညာေပးကာလ ရက္(၉၀)သတ္မွတ္တာကို လက္မခံဘဲ (၄၅)ရက္ပဲ သတ္မွတ္ပါလုိ ့ အေၾကာင္းျပန္လာတဲ့အတြက္ ပညာေပးကာလ ၿပီးဆုံမယ့္ ေနာက္လ(၁၅)ရက္ေန႔ကေန စၿပီးေတာ့ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဖမ္းဆီးသြားမွာပါ။"ဟု အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (က်ိဳင္းတုံ)မွ တပ္ဖြဲ ့စုမွဴး ဒုရဲမွဴးေအာင္လြင္က ေျပာသည္။

က်ိဳင္းတုံခရိုင္စီမံခန္ ့ခြဲမႈေကာ္မတီ အစည္းအေ၀းမွ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးေရး ပညာေပး ကာလအျဖစ္ ရက္(၉၀)သတ္မွတ္ရန္ ဆုံးျဖတ္ထားသည္ကို ျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပရာ ပညာေပး ကာလကို ေလွ်ာ့ခ်သတ္မွတ္ေပးလိုက္ျခင္းျဖစ္ေၾကာင္း အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ ့စု (က်ိဳင္းတုံ)မွ သိရသည္။

"ဒီလို လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ေတြရိွေနတဲ့ အတြက္ ကၽြန္ေတာ္တို ့ ယာဥ္ထိန္းေတြကို အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေပၚေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ယာဥ္တိုက္မႈျဖစ္တဲ့အခါမွာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြဆိုရင္ ဖမ္းဆီးဖို ့က ခက္တယ္။ တကယ္လို ့ လုိင္စင္ရိွတဲ့ ေမာ္ေတာ္ယာဥ္ေတြဆိုရင္ နံပါတ္သိရင္ ရွာရလြယ္တာေပါ့။ ဒီမွာဆိုရင္လည္း တိုက္ေျပးအမႈေတြ ရိွတယ္။ အဲဒီလိုဆိုရင္ နံပါတ္သိၿပီး ဘာမွလုပ္လို ့မရဘူး။"ဟု ဒုရဲမွဴး ေအာင္လြင္က ဆိုသည္။

ျပည္နယ္၀န္ႀကီးခ်ဳပ္မွ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္းဆီးရာတြင္ ဥပေဒအတိုင္း မူေဘာင္အတြင္းမွ ဖမ္းဆီးရန္ညႊန္ၾကားထားၿပီး၊ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္းဆီးရာတြင္ ယာဥ္ထိန္းရဲတပ္ဖြဲ ့ တစ္ဖြဲ႔တည္းက ဖမ္းဆီးသြားမည္ မဟုတ္ဘဲ အစိုးရဌာနဆိုင္ရာ (၁၁)ခုတို ့ျဖင့္ ဖြဲ ့စည္းထားသည့္ ခရိုင္ ယာဥ္စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီမွ တိတိက်က် ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

သတင္း - ဇြဲျမတ္

........................

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရေး ပညာပေးကာလအား မူလ သတ်မှတ်ထားသည့် ရက်ပေါင်း(၉၀)မှ (၄၅) ရက်သို့ ပြည်နယ်အစိုးရက လျှော့ချ သတ်မှတ်လိုက် သဖြင့် လိုင်စင်မဲ့ယာဉ်များကို သြဂုတ်လ (၁၅)ရက်တွင် ဌာနဆိုင်ရာ(၁၁)ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စတင်ဖမ်းဆီးတော့မည်ဖြစ်ကြောင်း သိရသည်။

"ခရိုင်စီမံခန့်ခွဲမှုကော်မတီက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြ လိုက်တဲ့ အခါမှာ ပညာပေးကာလ ရက်(၉၀)သတ်မှတ်တာကို လက်မခံဘဲ (၄၅)ရက်ပဲ သတ်မှတ်ပါလို့ အကြောင်းပြန်လာတဲ့အတွက် ပညာပေးကာလ ပြီးဆုံမယ့် နောက်လ(၁၅)ရက်နေ့ကနေ စပြီးတော့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးသွားမှာပါ။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောသည်။

ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအေဝးမှ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရေး ပညာပေး ကာလအဖြစ် ရက်(၉၀)သတ်မှတ်ရန် ဆုံးဖြတ်ထားသည်ကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရာ ပညာပေး ကာလကို လျှော့ချသတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ သိရသည်။

"ဒီလို လိုင်စင်မဲ့မော်တော်ယာဉ်တွေရှိနေတဲ့ အတွက် ကျွန်တော်တို့ ယာဉ်ထိန်းတွေကို အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ ယာဉ်တိုက်မှုဖြစ်တဲ့အခါမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေဆိုရင် ဖမ်းဆီးဖို့က ခက်တယ်။ တကယ်လို့ လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေဆိုရင် နံပါတ်သိရင် ရှာရလွယ်တာပေါ့။ ဒီမှာဆိုရင်လည်း တိုက်ပြေးအမှုတွေ ရှိတယ်။ အဲဒီလိုဆိုရင် နံပါတ်သိပြီး ဘာမှလုပ်လို့မရဘူး။"ဟု ဒုရဲမှူး အောင်လွင်က ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်မှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးရာတွင် ဥပဒေအတိုင်း မူဘောင်အတွင်းမှ ဖမ်းဆီးရန်ညွှန်ကြားထားပြီး၊ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ တစ်ဖွဲ့တည်းက ဖမ်းဆီးသွားမည် မဟုတ်ဘဲ အစိုးရဌာနဆိုင်ရာ (၁၁)ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~