Update News

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ မိုးတြင္းကာလအတြင္း ေဒသတြင္းခရီးသြား နည္းပါး



ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုးတြင္းကာလအတြင္း ေဒသတြင္းခရီးသြားလာမႈနည္းသြားေၾကာင္း ေဒသတြင္း ခရီးသြား၀န္ေဆာင္မႈလုပ္ငန္းမ်ားထံမွ သိရသည္။

“ခရီးသြားအေျခအေနက ခရီးသည္ ပါးေနတယ္။ မိုးတြင္းကာလျဖစ္တဲ့အတြက္ရယ္ ေကာက္စုိက္ခ်ိန္လည္းျဖစ္တဲ့အတြက္ ရယ္ေႀကာင့္ ခရီးသည္ပါးပါတယ္။ ခါတိုင္းဆို ခရီးသည္ (၄၀)ေက်ာ္ေလာက္ပါၿပီး အခုမိုးတြင္းကာလဆိုေတာ့ ကားတစ္စီးမွာ (၁၀)ေယာက္ေက်ာ္ေလာက္ပဲ ပါေတာ့တယ္။ အမ်ားဆုံး ခရီးသြားလာမႈက တာခ်ီလိတ္- က်ိဳင္းတုံျဖစ္ၿပီးေတာ့ ေတာင္ေပၚသားေတြ ၊ ေဒသခံေတြေလာက္ပဲ အဓိကသြားတာပါ။”ဟု ေရႊၿမိဳ႕ေတာ္ကားဂိတ္မွ မနန္းအိသႏၱာ ကေျပာသည္။

တာခ်ီလိတ္မွ မိုင္းဆတ္ ၊ မိုင္းေယာင္း ၊ က်ိဳင္းတုံ ၊ ေတာင္ႀကီး ခရီးစဥ္မ်ားအတြက္ အေ၀းေျပး ကားဂိတ္ (၂၇)ဂိတ္ေက်ာ္ရွိၿပီး ယာဥ္လိုင္းအားလံုးတြင္ ခရီးသြားနည္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဆိုင္ကယ္ တကၠစီအေနနဲ႔ေတာ့ ခရီးသည္က ေဒသအတြင္းမွာ ငွားတဲ့သူက ပုံမွန္ပါပဲ။ ဒါေပမဲ့ မိုးတြင္းကာလဆိုေတာ့ အရင္ကထက္ နဲနဲက်ဆင္းသြားတာေပါ့။ ခရီးေ၀းျဖစ္တဲ့ ေတာင္ေပၚကိုငွားတာမ်ိဳးေတာ့သိပ္မရွိေတာ့ဘူး။” ဟု တာခ်ီလိတ္ၿမိဳ႕ မွ ဆိုင္ကယ္တကၠစီေမာင္းသူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီီလိတ္ၿမိဳ႕တြင္ မိုးတြင္းကာလအတြင္း ေဒသတြင္း ခရီးသြားအျပင္ နယ္စပ္တံတားမွ လာေရာက္လည္ပတ္သည့္ ႏုိင္ငံျခားသားခရီးသြားမ်ားလည္း က်ဆင္းသြားေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ေဇာင္းညီ‬

.............
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုးတွင်းကာလအတွင်း ဒေသတွင်းခရီးသွားလာမှုနည်းသွားကြောင်း ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

“ခရီးသွားအခြေအနေက ခရီးသည် ပါးနေတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက်ရယ် ကောက်စိုက်ချိန်လည်းဖြစ်တဲ့အတွက် ရယ်ကြောင့် ခရီးသည်ပါးပါတယ်။ ခါတိုင်းဆို ခရီးသည် (၄၀)ကျော်လောက်ပါပြီး အခုမိုးတွင်းကာလဆိုတော့ ကားတစ်စီးမှာ (၁၀)ယောက်ကျော်လောက်ပဲ ပါတော့တယ်။ အများဆုံး ခရီးသွားလာမှုက တာချီလိတ်- ကျိုင်းတုံဖြစ်ပြီးတော့ တောင်ပေါ်သားတွေ၊ ဒေသခံတွေလောက်ပဲ အဓိကသွားတာပါ။”ဟု ရွှမြေို့တော်ကားဂိတ်မှ မနန်းအိသန္တာ ကပြောသည်။

တာချီလိတ်မှ မိုင်းဆတ်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တောင်ကြီး ခရီးစဉ်များအတွက် အေဝးပြေး ကားဂိတ် (၂၇)ဂိတ်ကျော်ရှိပြီး ယာဉ်လိုင်းအားလုံးတွင် ခရီးသွားနည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဆိုင်ကယ် တက္ကစီအနေနဲ့တော့ ခရီးသည်က ဒေသအတွင်းမှာ ငှါးတဲ့သူက ပုံမှန်ပါပဲ။ ဒါပေမဲ့ မိုးတွင်းကာလဆိုတော့ အရင်ကထက် နဲနဲကျဆင်းသွားတာပေါ့။ ခရီးေဝးဖြစ်တဲ့ တောင်ပေါ်ကိုငှါးတာမျိုးတော့သိပ်မရှိတော့ဘူး။” ဟု တာချီလိတ်မြို့ မှ ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးတွင်းကာလအတွင်း ဒေသတွင်း ခရီးသွားအပြင် နယ်စပ်တံတားမှ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများလည်း ကျဆင်းသွားကြောင်း သိရသည်။

သတင်း။ ‪#‎ဇောင်းညီ‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »