ေက်ာက္မဲၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ လစ္လပ္သြားသည့္ ကေလးအထူးကု ျပန္လည္ခန္႔ထားျခင္းမရိွေသး၍ ေဒသတြင္း လူနာမ်ားအတြက္ အခက္အခဲျဖစ္ေန

ေက်ာက္မဲၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ လစ္လပ္သြားသည့္ ကေလးအထူးကု ျပန္လည္ခန္႔ထားျခင္းမရိွေသး၍ ေဒသတြင္း လူနာမ်ားအတြက္ အခက္အခဲျဖစ္ေန
ဇူလိုင် 1, 2016
By Tachileik News Agency

ေက်ာက္မဲ၊ ဇူလိုင္လ (၁) ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုႀကီးတြင္ ကေလးအထူးကုႏွင့္ သမားေတာ္ ေျပာင္းေရႊ႕သြားၿပီးေနာက္ ထပ္မံခန္႔ထားေပးျခင္းမရွိသည့္အတြက္ ေဒသတြင္းမွလူနာမ်ား အခက္အခဲ ျဖစ္ေနရေၾကာင္း သိရသည္။

“အခု အထူးကုနဲ႕သမားေတာ္မရွိလို႕ အခက္အခဲ နည္းနည္းရွိေပမဲ့ ေနာက္တစ္ေယာက္ေရာက္လာမွာပါ။ ခ်ေပးလိုက္ပီလို႕လည္း ၾကားပါတယ္။ အဆင္ေျပသြားမွာပါ” ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က ေျပာသည္။

လက္ရိွတြင္ ေက်ာက္မဲၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ အေရးေပၚကေလးလူနာအခ်ိဳ႕အား အျခားၿမိဳ႕နယ္ေဆးရံုမ်ားသို႔ လႊဲေျပာင္းပို႔ေဆာင္ရျခင္းမ်ား လုပ္ေဆာင္ေနရသည္ဟု ေငြေၾကးခ်ိဳ႕တဲ့သည့္လူနာမ်ားအား ကူညီေပးေနသည့္ ေက်ာက္မဲၿမိဳ႕ အျဖဴေရာင္ႏွလံုးသား ပရဟိတလူမႈကူညီေရးမွ သိရသည္။

“ဒီမွာက တခိ်ဳ႕ေတာသူေတာင္သားေတြက ေငြေလး ေသာင္းဂဏန္းေလာက္နဲ႕ ျပည္သူ႕ ေဆးရံုကို လာတက္ ၾကရတာေတာင္ ရွိတယ္။ သမားေတာ္နဲ႕ ကေလးအထူးကုရွိမယ္ဆိုရင္ေတာ့ ကုန္က်စရိတ္ သက္သက္သာသာနဲ႕ အဆင္ေျပႏိုင္တာေပါ့။”ဟု ေက်ာက္မဲၿမိဳ႕ အျဖဴေရာင္ႏွလံုးသား ပရဟိတလူမႈကူညီေရး အသင္းဥကၠဌ ဦးျမဝင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ တက္ေရာက္ကုသၾကသည့္ ေဒသတြင္းမွလူနာအခ်ိဳ႕မွာ ေငြေၾကးအခက္အခဲရိွေနသျဖင့္ ေဆးရံုေျပာင္းေရႊ႕ကုသရာတြင္ အခက္အခဲမ်ားျဖင့္ ႀကံဳေနရျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

“သမားေတာ္မရွိဘူးဆိုတာက ေျပာင္းသြားလို႕ပါ။ ဝန္ထမ္းဆိုေတာ့လည္း အခ်ိန္က်လာေတာ့ေျပာင္းရတာေပါ့။ ေက်ာက္မဲအတြက္ျပန္အစားထိုးၿပီး ခ်ေပးမယ္လို႕ေတာ့ သတင္းၾကားထားပါတယ္။ အခ်ိန္အတိအက်မသိေပမဲ့ ေရာက္လာႏိုင္ပါတယ္”ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က ေျပာသည္။

ယခုႏွစ္အတြင္း ကုတင္ ၁၅၀ ဆံ့ ေက်ာက္မဲၿမိဳ႕နယ္ျပည္သူ႕ေဆးရံုသို႕လာေရာက္ကုသမႈမ်ားလာ၍ ေဆးရံုဝန္ထမ္းႏွင့္ လူနာအင္အား မမွ်ေသာ္လည္း ႀကိဳးစားၿပီးဝန္ေဆာင္မႈေပးေနရေၾကာင္း ေဆးရံုအုပ္ႀကီးထံမွ သိရသည္။

သတင္း။  ။ ေနၿဖဳိးျမင့္
................

ကျောက်မဲ၊ ဇူလိုင်လ (၁) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကလေးအထူးကုနှင့် သမားတော် ပြောင်းရွှေ့သွားပြီးနောက် ထပ်မံခန့်ထားပေးခြင်းမရှိသည့်အတွက် ဒေသတွင်းမှလူနာများ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

“အခု အထူးကုနဲ့သမားတော်မရှိလို့ အခက်အခဲ နည်းနည်းရှိပေမဲ့ နောက်တစ်ယောက်ရောက်လာမှာပါ။ ချပေးလိုက်ပီလို့လည်း ကြားပါတယ်။ အဆင်ပြေသွားမှာပါ” ဟု ကျောက်မဲပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံမှ အရေးပေါ်ကလေးလူနာအချို့အား အခြားမြို့နယ်ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ရခြင်းများ လုပ်ဆောင်နေရသည်ဟု ငွေကြေးချို့တဲ့သည့်လူနာများအား ကူညီပေးနေသည့် ကျောက်မဲမြို့ အဖြူရောင်နှလုံးသား ပရဟိတလူမှုကူညီရေးမှ သိရသည်။

“ဒီမှာက တချို့တောသူတောင်သားတွေက ငွေလေး သောင်းဂဏန်းလောက်နဲ့ ပြည်သူ့ ဆေးရုံကို လာတက် ကြရတာတောင် ရှိတယ်။ သမားတော်နဲ့ ကလေးအထူးကုရှိမယ်ဆိုရင်တော့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အဆင်ပြေနိုင်တာပေါ့။”ဟု ကျောက်မဲမြို့ အဖြူရောင်နှလုံးသား ပရဟိတလူမှုကူညီရေး အသင်းဥက္ကဌ ဦးမြဝင်းက ပြောသည်။

ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသကြသည့် ဒေသတွင်းမှလူနာအချို့မှာ ငွေကြေးအခက်အခဲရှိနေသဖြင့် ဆေးရုံပြောင်းရွှေ့ကုသရာတွင် အခက်အခဲများဖြင့် ကြုံနေရခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

“သမားတော်မရှိဘူးဆိုတာက ပြောင်းသွားလို့ပါ။ ဝန်ထမ်းဆိုတော့လည်း အချိန်ကျလာတော့ပြောင်းရတာပေါ့။ ကျောက်မဲအတွက်ပြန်အစားထိုးပြီး ချပေးမယ်လို့တော့ သတင်းကြားထားပါတယ်။ အချိန်အတိအကျမသိပေမဲ့ ရောက်လာနိုင်ပါတယ်”ဟု ကျောက်မဲပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ပြောသည်။

ယခုနှစ်အတွင်း ကုတင် ၁၅၀ ဆံ့ ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံသို့လာရောက်ကုသမှုများလာ၍ ဆေးရုံဝန်ထမ်းနှင့် လူနာအင်အား မမျှသော်လည်း ကြိုးစားပြီးဝန်ဆောင်မှုပေးနေရကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

သတင်း။ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~