အသက္မျပည့္သည့္ မိန္းကေလးအား ခိုးယူေပါင္းသင္းသည့္ ၁၅ ႏွစ္အရြယ္လူငယ္တစ္ဦးကို မုဒိမ္းမႈျဖင့္ အမႈဖြင့္

အသက္မျပည့္သည့္ မိန္းကေလးအား ခိုးယူေပါင္းသင္းသည့္ ၁၅ ႏွစ္အရြယ္လူငယ္တစ္ဦးကို မုဒိမ္းမႈျဖင့္ အမႈဖြင့္
ဇူလိုင် 22, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္ မိန္းကေလးအား သားမယားအျဖစ္ ေပါင္းသင္းသည့္ အသက္ (၁၅)ႏွစ္အရြယ္ လူငယ္တစ္ဦးအား ၿမိဳ႕မရဲစခန္းတြင္ မိန္းကေလး၏ မိခင္ျဖစ္သူက မုဒိမ္းမႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါလူငယ္က အိမ္နီးခ်င္းျဖစ္သူ အသက္ (၁၄)ႏွစ္အရြယ္ မိန္းကေလးႏွင့္ ေမလ (၁) ရက္တြင္ ခိုးယူထြက္ေျပးသြားၾကျခင္းျဖစ္ၿပီး၊ ေမလ (၂) ရက္တြင္ ေယာက်္ားေလးျဖစ္သူ၏ မိဘမ်ားက ရပ္ရြာလူႀကီးမ်ားႏွင့္အတူ မိန္းကေလးျဖစ္သူအား မိဘထံ ျပန္လည္အပ္ႏွံခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကိစၥအား ႏွစ္ဖက္မိဘမ်ားက ညိႇႏိႈင္းသေဘာတူခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ႏွစ္ဖက္မိဘမ်ား မေျပလည္သည့္အတြက္ မိန္းကေလးျဖစ္သူ၏ မိခင္ျဖစ္သူက ဇူလိုင္လ (၂၀) ရက္တြင္ အမႈဖြင့္ တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ ဇူလိုင္လ (၂၀) ရက္က (ပ) ၁၂၉/၂၀၁၆ ျပစ္မွဳပုဒ္မ (၃၇၆) အသက္မျပည့္သူ မိန္းကေလးအား သားမယားအျဖစ္ေပါင္းသင္းေနထိုင္ေသာ မုဒိမ္းမႈျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း(၀မ္းတြင္း)
..............

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေးအား သားမယားအဖြစ် ပေါင်းသင်းသည့် အသက် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးအား မြို့မရဲစခန်းတွင် မိန်းကလေး၏ မိခင်ဖြစ်သူက မုဒိမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါလူငယ်က အိမ်နီးချင်းဖြစ်သူ အသက် (၁၄)နှစ်အရွယ် မိန်းကလေးနှင့် မေလ (၁) ရက်တွင် ခိုးယူထွက်ပြေးသွားကြခြင်းဖြစ်ပြီး၊ မေလ (၂) ရက်တွင် ယောကျာ်းလေးဖြစ်သူ၏ မိဘများက ရပ်ရွာလူကြီးများနှင့်အတူ မိန်းကလေးဖြစ်သူအား မိဘထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စအား နှစ်ဖက်မိဘများက ညှိနှိုင်းသဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဖက်မိဘများ မပြေလည်သည့်အတွက် မိန်းကလေးဖြစ်သူ၏ မိခင်ဖြစ်သူက ဇူလိုင်လ (၂၀) ရက်တွင် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ဝမ်းတွင်းမြို့မရဲစခန်းတွင် ဇူလိုင်လ (၂၀) ရက်က (ပ) ၁၂၉/၂၀၁၆ ပြစ်မှုပုဒ်မ (၃၇၆) အသက်မပြည့်သူ မိန်းကလေးအား သားမယားအဖြစ်ပေါင်းသင်းနေထိုင်သော မုဒိမ်းမှုဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~