(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲများ တာချီလိတ်မူကြိုကျောင်း၌ ကျင်းပ

(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲများ တာချီလိတ်မူကြိုကျောင်း၌ ကျင်းပ
ဇူလိုင် 18, 2016
By Tachileik News Agency
သတင်း/ဓာတ်ပုံ။  ။ ဝေယံလင်း
...............
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲ စသည်တို့ကို တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ ဇူလိုင် (၁၈)ရက်၊ နံနက် (၁၀)နာရီက တာချီလိတ်မူကြိုကျောင်းတွင် ကျင်းပပြုလုပ် ပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲနှင့်ပြပွဲတွင် တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးမှ ဟောပြောရာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ) သင်တန်းသား၊ သင်တန်းသူ (၈၀)ဦး၊ တာလော့ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းနှင့် မေခလာမူလတန်းကြိုကျောင်းတို့မှ သားငယ်၊ သမီးငယ်(၁၂၀)ဦး၊ လူမှုဝန်ထမ်းရုံး(ကျိုင်းတုံ)မှ ဒုတိယဦးစီးမှူးဒေါ်လှလှထွန်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြသက်အေး နှင့် ဆရာမများ တက်ရောက် လေ့လာခဲ့ကြသည်။
သတင်း/ဓာတ်ပုံ။ေဝယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~