တရုတ္ဝယ္လက္ နည္းပါးေသာေၾကာင့္ မႏၱေလးအင္ၾကင္းေက်ာက္ေစ်းကြက္ေအး

တရုတ္ဝယ္လက္ နည္းပါးေသာေၾကာင့္ မႏၱေလးအင္ၾကင္းေက်ာက္ေစ်းကြက္ေအး
ဇူလိုင် 29, 2016
By Tachileik News Agency

တရုတ္၀ယ္လက္ကို အဓိကအားထားရသည့္ မႏၱေလးၿမိဳ႕မွ အင္ၾကင္းေက်ာက္ေစ်းကြက္မွာ လက္ရွိတြင္ အဝယ္နည္းပါးေသာေၾကာင့္ ေစ်းကြက္ေအးေနေၾကာင္း အင္ၾကင္းေက်ာက္ တူးေဖာ္သူမ်ားနွင့္ တစ္္ဆင့္ျပန္လည္ ေရာင္းခ်သူမ်ားထံမွ သိရသည္။

“လက္ရွိအခ်ိန္ကေတာ့ အေရာင္းအ၀ယ္အကုန္ပါးေနတဲ့ အခ်ိန္ပဲ။ ေက်ာက္စိမ္း၊ မိုးကုတ္ေက်ာက္ေရာ အင္ၾကင္းေက်ာက္ အကုန္ေစ်းကြက္ေအးတယ္။ ျမန္မာ့အင္ၾကင္းေက်ာက္မွာ ေက်ာက္စိမ္းနီးပါးေစ်းရွိတဲ့ ပစၥည္းေတြလည္းရွိတယ္။ ပစၥည္းကေပါတယ္။ တူးတဲ့သူေတြလည္းရွိတယ္။ ဒါေပမဲ့ ဝယ္သူမရွိေတာ့ ေစ်းကြက္မေကာင္းဘူး ျဖစ္ေနတယ္။”ဟုႏြားထိုးႀကီးၿမိဳ႕ True Jade အင္ၾကင္းေက်ာက္ အလွျပခန္းမွ ကိုေရႊက ေျပာသည္။

မႏၱေလးတိုင္းေဒသႀကီးအတြင္း ႏြားထိုးႀကီး၊ မလိႈင္ေဒသမ်ားမွ အင္ၾကင္းေက်ာက္မ်ားမွာ အရည္အေသြး ေကာင္းမြန္ေၾကာင္း သိရသည္။

“ေက်ာက္တူးၾကတာက အေတာ္ၾကာၿပီ။ (၁၀) ႏွစ္ေလာက္ရွိၿပီ။  ဒီနားရြာေတာ္ေတာ္မ်ားမ်ားက အင္ၾကင္းေက်ာက္ တူးတဲ့သူမ်ားတယ္။ အခုက မိုးတြင္းဆိုေတာ့ လယ္လုပ္ၾကတာေပါ့။ မိုးကုန္မွ ေက်ာက္ျပန္တူးၾကတာ။ ဦးေလးတို႔ကေတာ့ ေက်ာက္ေကာင္းတာ၊ မေကာင္းတာေတြ မသိဘူး။ တူးၿပီးေတာ့ ေစ်းျဖတ္ၿပီး တစ္ခါထဲ ေရာင္းလိုက္တာ။ သိရသေလာက္ကေတာ့ တရုတ္ေငြေစ်းလည္းက်ေနလို႕ အေရာင္းအ၀ယ္ေအးတယ္ၾကားတယ္။ ”ဟု ႏြားထိုးႀကီးၿမိဳ႕နယ္ ဘုရားႀကီးေက်းရြာမွ အင္ၾကင္းေက်ာက္တူး ေသာ ဦးေမာင္ေအးက ဆိုသည္။

အင္ၾကင္းေက်ာက္ေစ်းကြက္မွာ တရုတ္ကို အဓိကအားထား ေနရၿပီး တရုတ္ေငြေစ်းက်ဆင္းမႈေၾကာင့္ ဝယ္လက္နည္းေနျခင္းျဖစ္ေၾကာင္း အင္ၾကင္းေက်ာက္ေစ်းကြက္မွ သိရသည္။

 “တရုတ္လူမ်ိဳးေတြကေတာ့ အင္ၾကင္းေက်ာက္ကို စီးပြားတိုးတက္တယ္။ က်န္းမာေရးေကာင္းတယ္ဆိုၿပီး အေဆာင္သေဘာ ဝယ္ၾကတယ္။ ျမန္မာႏိုင္ငံကေတာ့ သဘာဝအတိုင္း အလွဆင္ဖို႔နဲ႔ ပ်ဴပုတီးလုပ္ငန္းအတြက္ သံုးၾကတယ္။ လက္ရွိေတာ့ အင္ၾကင္းေက်ာက္ကို ျမန္မာ့ေစ်းကြက္အတြင္း ေရာက္ဖို႕ရည္ရြယ္ ထားတယ္။ အင္ၾကင္းေက်ာက္က ေပါတယ္ဆိုေပမ့ဲ ေက်ာက္ေကာင္း ကေတာ့ရွားပါတယ္။ ေနာက္ဆယ္ႏွစ္ဆိုရင္ ေတာ့ေသခ်ာေပါက္ေက်ာက္ေကာင္းမရွိေလာက္ေတာ့ဘူး။”ဟု ကိုေရႊက ေျပာသည္။

မေလးရွား၊ တရုတ္ႏိုင္ငံမ်ားတြင္လည္း အင္ၾကင္းေက်ာက္ထြက္ရွိၿပီး ျမန္မာႏိုင္ငံတြင္ မႏၱေလးတိုင္းေဒသႀကီး၊ ပဲခူတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ အမ်ားဆံုးထြက္ရွိေၾကာင္း သိရသည္။

အရွည္ (၁၆၀) ေပႏွင့္ လံုးပတ္ (၁၄) ေပရွိသည့္ ျမန္မာႏိုင္ငံ၏အၾကီးဆံုးေသာ အင္ၾကင္းေက်ာက္ကို ကန္႔ဘလူၿမိဳ႕ အင္ၾကင္းဥယ်ာဥ္တြင္ျပသထားျခင္းျဖစ္သည္။

သတင္း - ေရႊေဇာ္
..............

တရုတ်ဝယ်လက်ကို အဓိကအားထားရသည့် မန္တလေးမြို့မှ အင်ကြင်းကျောက်ဈေးကွက်မှာ လက်ရှိတွင် အဝယ်နည်းပါးသောကြောင့် ဈေးကွက်အေးနေကြောင်း အင်ကြင်းကျောက် တူးဖော်သူများနှင့် တစ်ဆင့်ပြန်လည် ရောင်းချသူများထံမှ သိရသည်။

“လက်ရှိအချိန်ကတော့ အရောင်းအဝယ်အကုန်ပါးနေတဲ့ အချိန်ပဲ။ ကျောက်စိမ်း၊ မိုးကုတ်ကျောက်ရော အင်ကြင်းကျောက် အကုန်ဈေးကွက်အေးတယ်။ မြန်မာ့အင်ကြင်းကျောက်မှာ ကျောက်စိမ်းနီးပါးဈေးရှိတဲ့ ပစ္စည်းတွေလည်းရှိတယ်။ ပစ္စည်းကပေါတယ်။ တူးတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ ဝယ်သူမရှိတော့ ဈေးကွက်မကောင်းဘူး ဖြစ်နေတယ်။”ဟုနွားထိုးကြီးမြို့ True Jade အင်ကြင်းကျောက် အလှပြခန်းမှ ကိုရွှေက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နွားထိုးကြီး၊ မလှိုင်ဒေသများမှ အင်ကြင်းကျောက်များမှာ အရည်အသွေး ကောင်းမွန်ကြောင်း သိရသည်။

“ကျောက်တူးကြတာက အတော်ကြာပြီ။ (၁၀) နှစ်လောက်ရှိပြီ။ ဒီနားရွာတော်တော်များများက အင်ကြင်းကျောက် တူးတဲ့သူများတယ်။ အခုက မိုးတွင်းဆိုတော့ လယ်လုပ်ကြတာပေါ့။ မိုးကုန်မှ ကျောက်ပြန်တူးကြတာ။ ဦးလေးတို့ကတော့ ကျောက်ကောင်းတာ၊ မကောင်းတာတွေ မသိဘူး။ တူးပြီးတော့ ဈေးဖြတ်ပြီး တစ်ခါထဲ ရောင်းလိုက်တာ။ သိရသလောက်ကတော့ တရုတ်ငွေဈေးလည်းကျနေလို့ အရောင်းအဝယ်အေးတယ်ကြားတယ်။ ”ဟု နွားထိုးကြီးမြို့နယ် ဘုရားကြီးကျေးရွာမှ အင်ကြင်းကျောက်တူး သော ဦးမောင်အေးက ဆိုသည်။

အင်ကြင်းကျောက်ဈေးကွက်မှာ တရုတ်ကို အဓိကအားထား နေရပြီး တရုတ်ငွေဈေးကျဆင်းမှုကြောင့် ဝယ်လက်နည်းနခြေင်းဖြစ်ကြောင်း အင်ကြင်းကျောက်ဈေးကွက်မှ သိရသည်။

 “တရုတ်လူမျိုးတွေကတော့ အင်ကြင်းကျောက်ကို စီးပွားတိုးတက်တယ်။ ကျန်းမာရေးကောင်းတယ်ဆိုပြီး အဆောင်သဘော ဝယ်ကြတယ်။ မြန်မာနိုင်ငံကတော့ သဘာဝအတိုင်း အလှဆင်ဖို့နဲ့ ပျူပုတီးလုပ်ငန်းအတွက် သုံးကြတယ်။ လက်ရှိတော့ အင်ကြင်းကျောက်ကို မြန်မာ့ဈေးကွက်အတွင်း ရောက်ဖို့ရည်ရွယ် ထားတယ်။ အင်ကြင်းကျောက်က ပေါတယ်ဆိုပေမဲ့ ကျောက်ကောင်း ကတော့ရှားပါတယ်။ နောက်ဆယ်နှစ်ဆိုရင် တော့သေချာပေါက်ကျောက်ကောင်းမရှိလောက်တော့ဘူး။”ဟု ကိုရွှေက ပြောသည်။

မလေးရှား၊ တရုတ်နိုင်ငံများတွင်လည်း အင်ကြင်းကျောက်ထွက်ရှိပြီး မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးထွက်ရှိကြောင်း သိရသည်။

အရှည် (၁၆၀) ပေနှင့် လုံးပတ် (၁၄) ပေရှိသည့် မြန်မာနိုင်ငံ၏အကြီးဆုံးသော အင်ကြင်းကျောက်ကို ကန့်ဘလူမြို့ အင်ကြင်းဥယျာဉ်တွင်ပြသထားခြင်းဖြစ်သည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~