ရှမ်းပြည်နယ်အတွင်း ဒေသခံများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဦးစားပေးလုပ်ဆောင်မည်

ရှမ်းပြည်နယ်အတွင်း ဒေသခံများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဦးစားပေးလုပ်ဆောင်မည်
ဇူလိုငျ 21, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မရရှိသေးသည့် ဒေသခံ အများအပြား ကျန်ရှိနေသည့် အတွက် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် အဆိုပါကိစ္စအား ဦးစားပေး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိပြု ပြောကြားလိုက်ကြောင်း သိရသည်။


ရှမ်းပြည်နယ် ရက်(၁၀၀)အတွင်း သစ္စာစီမံချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျှက်ရှိသော်လည်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံများ ရှိနေခြင်းကို ဦးစားပေး ဖြေရှင်းပေးရန် လိုအပ်ကြောင်း သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး က လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ ပထမနေ့ ဇူလိုင်လ (၁၂)ရက်နေ့က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်သွားခြင်းဖြစ်ကြောင်း သိရသည်။



သတင်း။ ။ ‪#‎ကိုဇက်‬
...............

ရှမ်းပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မရရှိသေးသည့် ဒေသခံ အများအပြား ကျန်ရှိနေသည့် အတွက် ရှမ်းပြည်နယ်အစိုးရ အနဖြေင့် အဆိုပါကိစ္စအား ဦးစားပေး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိပြု ပြောကြားလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဒေသခံများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ရှမ်းပြည်နယ်အစိုးရမှ ဦးစားပေးပြုလုပ်ပေးရန် အဆိုတင်သွင်းလိုက်ခြင်းဖြစ်ရာ ယင်းအဆိုမှာ ပြည်နယ်လွှတ်တော်အတွင်း ပထမဆုံးအောင်မြင်သည့် အဆိုတစ်ခုဖြစ်သွားကြောင်း သိရသည်။

ရှမ်းပြည်နယ် ရက်(၁၀၀)အတွင်း သစ္စာစီမံချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျှက်ရှိသော်လည်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံများ ရှိနခြေင်းကို ဦးစားပေး ဖြေရှင်းပေးရန် လိုအပ်ကြောင်း သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး က လွှတ်တော် ဒုတိယပုံမှန် အစည်းအေဝး၏ ပထမနေ့ ဇူလိုင်လ (၁၂)ရက်နေ့က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက အစ်မအနေနဲ့ ဒီအဆိုတင်သွင်းရတာ အစ်မတို့ တိုင်းရင်းသားတွေမှာ မှတ်ပုံတင် မရသေးတာ သန်းခေါင်စာရင်း မရှိသေးတာတွေ အများကြီးရှိတယ်။ ဒါကြောင့် ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား အကုန်လုံး အတွက်ရည်ရွယ်ပြီး ဦးစားပေးလုပ်ပေးဖို့ အဆိုတင်သွင်းခဲ့တာပါ။ နယ်/လုံဝန်ကြီးက မှတ်တမ်းတင်ဖို့ပဲ ပြောတဲ့အတွက် ဒီအဆိုဟာ တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးနဲ့ဆိုင်တဲ့တာကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပါမယ်လို့ ဆိုခဲ့တာကို တိုင်းရင်းသား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံခဲ့တဲ့အတွက် အဆိုဟာအောင်မြင်ခဲ့တာပါ"ဟု ကျားခေါင်းပါတီမှ သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး က ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းရာ လွှတ်တော်မှ မဲခွဲဆုံးဖြတ်ချက်အရ ထောက်ခံမဲ (၇၆)မဲ၊ ကန့်ကွက်မဲ(၅၃)မဲဖြင့် အဆိုအောင်မြင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~