အမ်ဳိးသားေဆး၀ါး ဥပေဒအရ အေရးယူႏိုင္ရန္ စပ္ေဆးေရာင္းခ်မႈမ်ားအား စစ္ေဆးေန

အမ်ဳိးသားေဆး၀ါး ဥပေဒအရ အေရးယူႏိုင္ရန္ စပ္ေဆးေရာင္းခ်မႈမ်ားအား စစ္ေဆးေန
ဇူလိုင် 9, 2016
By Tachileik News Agency

ထားဝယ္၊ ဇူလိုင္လ (၁၀) ရက္
ေဆးဆုိင္မ်ားတြင္ စပ္ေဆးေရာင္းခ်မႈမ်ားအား အမ်ဳိးသားေဆး၀ါးဥပေဒအရ အေရးယူ ေဆာင္ရြက္သြားႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း တနသၤာရီတုိင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာမွ သိရသည္။

“အဓိကေတာ့ ေဆးဆုိင္ေတြကုိ လုပ္ငန္းလုိင္စင္ စစ္မယ္။ တရား၀င္ေရာင္းခ်တာ ဟုတ္/ မဟုတ္ၾကည့္မယ္။ ေနာက္တစ္ခါ စပ္ေဆးေရာင္းခ်မႈ ရွိ/မရွိ ဘယ္ဆုိင္က ေဆးအမ်ဳိးအစားေတြ စပ္ၿပီးေပးေနတာရွိလည္း စစ္မယ္။ သက္တမ္းလြန္ေဆး၀ါးေတြ စစ္မယ္။ FDA အသိအမွတ္ မျပဳတဲ့ ေဆးေတြ ရွိ /မရွိ စစ္မယ္။ ေတြ႔ရွိခဲ့မယ္ ဆုိရင္ေတာ့ အျပစ္ေပၚမူတည္ၿပီး ေရာင္းခ်ခြင့္ ပိတ္သိမ္းသည္အထိ အေရးယူေဆာင္ရြက္ႏုိင္တယ္” ဟု တုိင္းျပည္သူက်န္းမာေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာ ေက်ာ္ေဇယ် က ေျပာသည္။

ေဆးဆုိင္မ်ားတြင္ ေရာင္းခ်လ်ွက္ရွိသည့္ စပ္ေဆးမ်ားတြင္ ဆရာ၀န္မ်ား၏ အညႊန္းျဖင့္သာ ေသာက္သုံး သင့္သည့္ (NSAID) အုပ္စု၀င္ ေဆးျပင္းမ်ားကုိပါ ေရာင္းခ်ေနလ်ွက္ရွိၿပီး အဆုိပါေဆးမ်ားကို ေသာက္သုံး မိျခင္းေၾကာင့္ အစာအိမ္ေရာဂါျဖစ္ပြားမႈ မ်ားလာေၾကာင္း ေဒါက္တာေက်ာ္ေဇယ်ထံမွ သိရသည္။

ေဆးဆုိင္မ်ားအေနျဖင့္ အေျခခံေဆး၀ါး (အိမ္းသုံးေဆး၀ါး)မ်ားကုိသာ ဆရာဝန္ညႊန္ၾကားခ်က္မပါဘဲ ေရာင္းခ်ႏုိင္ၿပီး ေဆးျပင္းအုပ္စု၀င္အမ်ဳိးအစားမ်ားကုိ သက္ဆုိင္ရာ ဆရာ၀န္ညႊန္ၾကားခ်က္ျဖင့္သာ ေရာင္းခ်ခြင့္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

“ စပ္ေဆးက အႏၱရာယ္မ်ားတာေတာ့ သိတယ္။ ဒါေပမဲ့ အေျခခံလူတန္းစားအမ်ားစုအေနနဲ႔ ဒီလုိစပ္ေဆး ေတြနဲ႔ပဲ က်င္လည္ေနက်တာပဲ။” ဟု ေဒသခံ လက္သမားဆရာတစ္ဦးက ေျပာသည္။

တုိင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနအေနျဖင့္ လက္ရွိတြင္ ေဆးဆုိင္မ်ားအား လုပ္ငန္းလုိင္စင္ ရွိ/မရွိ၊ သတ္မွတ္ထားသည့္ ဆုိင္အက်ယ္အ၀န္းရွိ/မရွိ စသည္တုိ႔ကုိပါ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ #ေရႊေဇာ္
..........................

ထားဝယ်၊ ဇူလိုင်လ (၁၀) ရက်
ဆေးဆိုင်များတွင် စပ်ဆေးရောင်းချမှုများအား အမျိုးသားဆေးဝါးဥပဒေအရ အရေးယူ ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။

“အဓိကတော့ ဆေးဆိုင်တွေကို လုပ်ငန်းလိုင်စင် စစ်မယ်။ တရားဝင်ရောင်းချတာ ဟုတ်/ မဟုတ်ကြည့်မယ်။ နောက်တစ်ခါ စပ်ဆေးရောင်းချမှု ရှိ/မရှိ ဘယ်ဆိုင်က ဆေးအမျိုးအစားတွေ စပ်ပြီးပေးနေတာရှိလည်း စစ်မယ်။ သက်တမ်းလွန်ဆေးဝါးတွေ စစ်မယ်။ FDA အသိအမှတ် မပြုတဲ့ ဆေးတွေ ရှိ /မရှိ စစ်မယ်။ တွေ့ရှိခဲ့မယ် ဆိုရင်တော့ အပြစ်ပေါ်မူတည်ပြီး ရောင်းချခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်နိုင်တယ်” ဟု တိုင်းပြည်သူကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဇေယျ က ပြောသည်။

ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသည့် စပ်ဆေးများတွင် ဆရာဝန်များ၏ အညွှန်းဖြင့်သာ သောက်သုံး သင့်သည့် (NSAID) အုပ်စုဝင် ဆေးပြင်းများကိုပါ ရောင်းချနေလျှက်ရှိပြီး အဆိုပါဆေးများကို သောက်သုံး မိခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ပွားမှု များလာကြောင်း ဒေါက်တာကျော်ဇေယျထံမှ သိရသည်။

ဆေးဆိုင်များအနဖြေင့် အခြေခံဆေးဝါး (အိမ်းသုံးဆေးဝါး)များကိုသာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရောင်းချနိုင်ပြီး ဆေးပြင်းအုပ်စုဝင်အမျိုးအစားများကို သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းချခွင့်ရှိခြင်းဖြစ်ကြောင်း သိရသည်။

“ စပ်ဆေးက အန္တရာယ်များတာတော့ သိတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားအများစုအနေနဲ့ ဒီလိုစပ်ဆေး တွေနဲ့ပဲ ကျင်လည်နေကျတာပဲ။” ဟု ဒေသခံ လက်သမားဆရာတစ်ဦးက ပြောသည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအနဖြေင့် လက်ရှိတွင် ဆေးဆိုင်များအား လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ သတ်မှတ်ထားသည့် ဆိုင်အကျယ်အဝန်းရှိ/မရှိ စသည်တို့ကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ #ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~