ရှမ်းပြည်နယ်တွင်းမှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အား ဥပဒေပြဌာန်းချက်အတိုင်း လုပ်ဆောင်တော့မည်

ရှမ်းပြည်နယ်တွင်းမှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အား ဥပဒေပြဌာန်းချက်အတိုင်း လုပ်ဆောင်တော့မည်
ဇူလိုငျ 21, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းစီမံချက်ကြိုတင်ရယူခြင်းမရှိဘဲ ဟိုတယ်တည်ဆောက်ခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ဘဲ ဥပဒေပြဌာန်းချက်အတိုင်း လုပ်ဆောင် တော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။


ရှမ်းပြည်နယ်အတွင်းရှိ အချို့သောဟိုတယ်လုပ်ငန်းရှင်များမှာ လုပ်ငန်းလိုင်စင် ကြိုတင်လျှောက်ထားခြင်းမရှိဘဲ ဟိုတယ်များ တည်ဆောက်ပြီးစီးမှသာ လျှောက်ထားမှုများအား အစိုးရ အနေဖြင့် လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန် ထောက်ထားသည့်အနေဖြင့် လုပ်ငန်းရှင်အနေဖြင့် ဆောက်လုပ်ခွင့် တင်ပြခြင်းမရှိခဲ့ကြောင်းအား ၀န်ခံကတိရယူ၍ လုပ်ငန်းလိုင်စင်များ ချထားခွင့် ပြုပေးခဲ့ခြင်းများရှိသဖြင့် ယင်းကဲ့သို့ ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်၍ ဥပဒေပြဌာန်းချက်ပါ အတိုင်း လုပ်ငန်းလိုင်စင်ခွင့်ပြုခြင်းအား လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်မှာ လက်ရှိ ဆောက်လုပ်ဆဲနှင့် ခွင့်ပြုချက်တင်မည့် ဆောက်လုပ်ပြီး အဆောက်အဦများလည်း ပါဝင်ကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်
...........

ရှမ်းပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများ အနဖြေင့် လုပ်ငန်းစီမံချက်ကြိုတင်ရယူခြင်းမရှိဘဲ ဟိုတယ်တည်ဆောက်ခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ဘဲ ဥပဒပြေဌာန်းချက်အတိုင်း လုပ်ဆောင် တော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

"အရင်ကတည်းက ရှိပြီးသား လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လုပ်ဖို့အတွက် ရုံးချုပ်က ညွှန်ကြားထားတာပါ။ အရင်တုန်းက လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ အားနည်းချက်တွေရှိတာကြောင့် တစ်ချို့ လုပ်ငန်းရှင်တွေက အဆောက် အဦးတွေ တည်ဆောက်ပြီးမှ လုပ်ငန်းစီမံချက်နဲ့ ခွင့်ပြုမိန့်တင်ခဲ့တာတွေ ရှိတယ်။ ဒါတွေကို အခုမလုပ်တော့ဖို့ လုပ်ငန်းစပြီး မလုပ်ခင်ကတည်းက ကြိုပြီး ခွင့်ပြုချက်ရအောင် လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ဖို့ ညွှန်ကြားတာပါ"ဟု တာချီလိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးတေဇာမင်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်းရှိ အချို့သောဟိုတယ်လုပ်ငန်းရှင်များမှာ လုပ်ငန်းလိုင်စင် ကြိုတင်လျှောက်ထားခြင်းမရှိဘဲ ဟိုတယ်များ တည်ဆောက်ပြီးစီးမှသာ လျှောက်ထားမှုများအား အစိုးရ အနဖြေင့် လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန် ထောက်ထားသည့်အနဖြေင့် လုပ်ငန်းရှင်အနဖြေင့် ဆောက်လုပ်ခွင့် တင်ပြခြင်းမရှိခဲ့ကြောင်းအား ဝန်ခံကတိရယူ၍ လုပ်ငန်းလိုင်စင်များ ချထားခွင့် ပြုပေးခဲ့ခြင်းများရှိသဖြင့် ယင်းကဲ့သို့ ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေ အခန်း(၆)၊ ပုဒ်မ-၈ အရ ဟိုတယ်လုပ်ငန်းနှင့် ပါတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့်သူများသည် လုပ်ငန်းစီမံချက် စတင် အကောင်အထည်မဖော်မီ ကြိုတင်၍ ခွင့်ပြုချက်ရရှိရန် ဝန်ကြီးဌာနသို့ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်ဟု ပြဌာန်းထားပြီးဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနဖြေင့် ၂၀၁၆ ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်၍ ဥပဒပြေဌာန်းချက်ပါ အတိုင်း လုပ်ငန်းလိုင်စင်ခွင့်ပြုခြင်းအား လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်မှာ လက်ရှိ ဆောက်လုပ်ဆဲနှင့် ခွင့်ပြုချက်တင်မည့် ဆောက်လုပ်ပြီး အဆောက်အဦများလည်း ပါဝင်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~