မိလႅာေရဆိုးစြန္႔ကန္အတြင္း ျပဳတ္က်သူကို ကယ္ဆယ္ရာမွ လူ(၄)ဦးေသဆံုး

မိလႅာေရဆိုးစြန္႔ကန္အတြင္း ျပဳတ္က်သူကို ကယ္ဆယ္ရာမွ လူ(၄)ဦးေသဆံုး
ဇူလိုင် 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း )မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္တြင္ ေဆာက္လုပ္ဆဲ သံုးထပ္အေဆာက္အဦ၏ ပိုင္ရွင္ျဖစ္သူက လုပ္ငန္းခြင္စစ္ေဆးရင္း မိလႅာေရဆိုးစြန္႔ကန္ေဟာင္းအတြင္း ျပဳတ္က်သြားရာ ဆင္းဆယ္သည့္ အလုပ္သမားေလးဦး ေသဆံုးသြားၿပီး ပိုင္ရွင္ျဖစ္သူမွာလည္း ေရႊလီၿမိဳ႕တြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

"ေရအနက္က သိပ္မရွိဘူး။ မိလႅာက်င္းဆိုေတာ့ အေပၚကဖြင့္တဲ့ အေပါက္တစ္ခုပဲ ရွိတာ။ ဆင္းတဲ့အခါ ေလမြန္းက်ပ္ၿပီး ေလကမရွိတဲ့အတြက္ ေအာက္စီဂ်င္ျပတ္ ေသဆံုးသြားတာေပါ့။ ခုခ်ိန္ထိေတာ့ ပိုင္ရွင္က သတိမရေသးဘူး။ ပိုင္ရွင္ကေတာ့ ေရႊလီထဲမွာ ေဆးကုသမႈ ခံယူေနတယ္။"ဟု မူဆယ္ၿမိဳ႕မရဲစခန္းမႈး ဒုရဲမွဴးေအးျမင့္က ေျပာသည္။

ေသဆံုးသြား သူေလးဦးသည္ အျခားၿမိဳ႕မ်ားမွ မူဆယ္ၿမိဳ႕သို႔ လာေရာက္ အလုပ္ လုပ္ကိုင္ေနသူမ်ား ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အေဆာက္အဦ၏ ပိုင္ရွင္ျဖစ္သူသည္ ဇူလိုင္လ(၂၉)ရက္၊ နံနက္(၉)နာရီခန္႔က ေဆာက္လုပ္ဆဲ အေဆာက္အဦ၏ ေဘးရိွ အက်ယ္(၉)ပတ္လည္၊ အနက္(၁၅)ေပ ေရအနက္(၂)ေတာင္ခန္႔ရိွသည့္ မိလႅာေရဆိုးစြန္႔ကန္ ေဟာင္းအတြင္း ျပဳတ္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

က်င္းထဲသို႔ ျပဳတ္က်သြားသူအား အနားရိွ အလုပ္သမား (၂)ဦး ဆင္းကယ္ရာ ျပန္မတက္လာသျဖင့္ ေနာက္ထပ္ အလုပ္သမား (၁)ဦး ထပ္မံဆင္းကယ္ရာမွ (၄) ဦးလံုးတက္မလာသည့္အတြက္ ေဘးပတ္ဝန္းက်င္ အိမ္ခန္း၌ေနထိုင္သူ(၁) ဦးေရာက္လာၿပီး ထပ္မံ ဆင္းကယ္ကာ အားလံုးျပန္တက္မလာနုိ္င္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာသို႔ ၿမိဳ႕နယ္ၾကက္ေျခနီ၊ ကယ္ဆယ္ေရး၀န္ထမ္းမ်ားနွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ ကယ္ဆယ္ခဲ့ရာ က်င္းထဲျပဳတ္က်သူအား ဆင္းကယ္သည့္ ေမာင္ေဂ်ေဂ် အသက္(၁၈)နွစ္၊ ကိုလင္းေဝ(ခ)စိုးသူ အသက္(၂၅)နွစ္၊ ကိုေအာင္မ်ိဳးညြန္႕အသက္(၃၂)နွစ္၊ ဦးမ်ိဳးခိုင္ အသက္(၄၅)နွစ္တို႔မွာ ေသဆံုးေနၿပီး တိုက္ပိုင္ရွင္မွာ သတိလစ္ေမ့ေမ်ာေနသျဖင့္ ေဆးရံုခ်က္ခ်င္းပို႔ေဆာင္ေပးခဲ႔ျခင္းျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ ၉/၂၀၁၆ျဖင့္ အမႈဖြင့္ေဆာင္ရြက္ ထားေၾကာင္း သိရသည္။

သတင္း - ေအာင္ျပည့္
..............

ရှမ်းပြည်နယ်(မြောက်ပိုင်း )မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် ဆောက်လုပ်ဆဲ သုံးထပ်အဆောက်အဦ၏ ပိုင်ရှင်ဖြစ်သူက လုပ်ငန်းခွင်စစ်ဆေးရင်း မိလ္လာရေဆိုးစွန့်ကန်ဟောင်းအတွင်း ပြုတ်ကျသွားရာ ဆင်းဆယ်သည့် အလုပ်သမားလေးဦး သေဆုံးသွားပြီး ပိုင်ရှင်ဖြစ်သူမှာလည်း ရွှေလီမြို့တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

"ရေအနက်က သိပ်မရှိဘူး။ မိလ္လာကျင်းဆိုတော့ အပေါ်ကဖွင့်တဲ့ အပေါက်တစ်ခုပဲ ရှိတာ။ ဆင်းတဲ့အခါ လေမွန်းကျပ်ပြီး လေကမရှိတဲ့အတွက် အောက်စီဂျင်ပြတ် သေဆုံးသွားတာပေါ့။ ခုချိန်ထိတော့ ပိုင်ရှင်က သတိမရသေးဘူး။ ပိုင်ရှင်ကတော့ ရွှေလီထဲမှာ ဆေးကုသမှု ခံယူနေတယ်။"ဟု မူဆယ်မြို့မရဲစခန်းမှုး ဒုရဲမှူးအေးမြင့်က ပြောသည်။

သေဆုံးသွား သူလေးဦးသည် အခြားမြို့များမှ မူဆယ်မြို့သို့ လာရောက် အလုပ် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦ၏ ပိုင်ရှင်ဖြစ်သူသည် ဇူလိုင်လ(၂၉)ရက်၊ နံနက်(၉)နာရီခန့်က ဆောက်လုပ်ဆဲ အဆောက်အဦ၏ ဘေးရှိ အကျယ်(၉)ပတ်လည်၊ အနက်(၁၅)ပေ ရေအနက်(၂)တောင်ခန့်ရှိသည့် မိလ္လာရေဆိုးစွန့်ကန် ဟောင်းအတွင်း ပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျင်းထဲသို့ ပြုတ်ကျသွားသူအား အနားရှိ အလုပ်သမား (၂)ဦး ဆင်းကယ်ရာ ပြန်မတက်လာသဖြင့် နောက်ထပ် အလုပ်သမား (၁)ဦး ထပ်မံဆင်းကယ်ရာမှ (၄) ဦးလုံးတက်မလာသည့်အတွက် ဘေးပတ်ဝန်းကျင် အိမ်ခန်း၌နေထိုင်သူ(၁) ဦးရောက်လာပြီး ထပ်မံ ဆင်းကယ်ကာ အားလုံးပြန်တက်မလာနို်င်ခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ မြို့နယ်ကြက်ခြေနီ၊ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ကယ်ဆယ်ခဲ့ရာ ကျင်းထဲပြုတ်ကျသူအား ဆင်းကယ်သည့် မောင်ဂျေဂျေ အသက်(၁၈)နှစ်၊ ကိုလင်းဝေ(ခ)စိုးသူ အသက်(၂၅)နှစ်၊ ကိုအောင်မျိုးညွန့်အသက်(၃၂)နှစ်၊ ဦးမျိုးခိုင် အသက်(၄၅)နှစ်တို့မှာ သေဆုံးနပြေီး တိုက်ပိုင်ရှင်မှာ သတိလစ်မေ့မျောနေသဖြင့် ဆေးရုံချက်ချင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၉/၂၀၁၆ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~