ျပည္ပခရီးသြား ၀င္ေရာက္မႈ ယခင္ႏွစ္ထက္ မ်ားလာေသာ္လည္း တုိးကားမ်ား အလုပ္အကိုင္ပါး

ျပည္ပခရီးသြား ၀င္ေရာက္မႈ ယခင္ႏွစ္ထက္ မ်ားလာေသာ္လည္း တုိးကားမ်ား အလုပ္အကိုင္ပါး
ဇူလိုင် 8, 2016
By Tachileik News Agency

မႏၱေလး၊ ဇူလိုင္လ (၈) ရက္
မႏၲေလးၿမိဳ႕သုိ႔ ယခုႏွစ္ခရီးသြားရာသီအတြင္း ျပည္ပခရီးသြားဝင္ေရာက္မႈမွာ ယခင္ႏွစ္ထက္ မ်ားေသာ္လည္း ျပည္ပခရီးသြားပုိ႔ေဆာင္သည့္ ကားအငွားေစ်းကြက္တြင္ ငွားရမ္းသူနည္းလာေၾကာင္း သိရသည္။

“မႏွစ္က ဒီအခ်ိန္ဆို ေတာ္ေတာ္အလုပ္ျဖစ္တယ္။ ဒီႏွစ္က တိုး(tour)လိုက္တဲ့ ကားေတြကေတာ့ ေတာ္ ေတာ္မ်ားလာတယ္။ အိမ္စီးကာေတြကလည္း တျခားအလုပ္က မျဖစ္။ ကားေစ်းေတြကလည္း က်ေနေတာ့ ပိုက္ဆံရွိတဲ့ သူေတြက တိုးကားပဲလိုက္ၾကေတာ့ ကားလိုက္ရတာ အရင္ေလာက္ မေကာင္းေတာ့ဘူး။ ”ဟု တိုးကားအငွားလိုက္ေသာ ဦးေဇာ္ေဇာ္က ဆိုသည္။

၂၀၁၄ ခရီးသြားရာသီႏွစ္တြင္ မႏၱေလးၿမိဳ႕သုိ႔ ဇန္န၀ါရီလမွ ဒီဇင္ဘာလအတြင္း ျပည္ပခရီးသြား ၀င္ေရာက္ မႈမွာ (၂၄၂,၅၆၆)ဦးရွိခဲ့ၿပီး၊ ၂၀၁၅ ခုႏွစ္ ခရီးသြားရာသီတြင္ ဇန္န၀ါရီလမွ ႏုိ၀င္ဘာလအတြင္း (၂၆၅,၀၇၇)ဦး အထိ တိုးလာေသာ္လည္း တစ္ဦးတည္းခရီးသြားအေရအတြက္ပိုမ်ားလာျခင္းကလည္း ကားအငွား က်ဆင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီကိုလာၿပီး ျပန္သြားတဲ့ဧည့္သည္တခ်ိဳ႕က အင္တာနက္ကေန ခ်ိတ္ၿပီး ကားငွားခိုင္းရင္ေတာ့ ငွားေပးပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ကုမၸဏီက တစ္ခါတည္းခ်ိတ္ေပးတဲ့ကားနဲ႕သြားတာမ်ားပါတယ္။ ဒီႏွစ္ေတာ့ ခရီးအသြားအလာနည္းတယ္။ မႏွစ္ကဒီအခ်ိန္ဆိုရင္ ဧည့္လမ္းညႊန္ေတြေရာ၊ တိုးကားေတြေရာ မအားဘူး။ ဒီအခ်ိန္က အလုပ္ပိတ္ရက္ေတြဆိုေတာ့ မိသားစုလိုက္လာတာ မ်ားေပမဲ့ ဒီႏွစ္နည္းတယ္။ တစ္ဦးတည္း ခရီးသြားမ်ားရင္ ကားမငွားဘဲ ဆိုင္ကယ္ေလာက္သာ ငွားတယ္ဆိုေတာ့ ကားက အလုပ္မျဖစ္ဘူး။”ဟု ဧည့္လမ္းညႊန္ ကိုေက်ာ္ေက်ာ္ဦးက ေျပာသည္။

တိုးကားအမ်ားစုမွာ ခရီးသြားကုမၸဏီမ်ားနွင့္သာ ခ်ိတ္ဆက္လုပ္ကိုင္ၾကေသာ္လည္း အခ်ိဳ႕ေသာ ကားမ်ားမွာ ဧည့္လမ္းညႊန္မ်ားႏွင့္္ ခ်ိတ္ဆက္လုပ္ကိုင္သူမ်ားလည္းရိွေၾကာင္း သိရသည္။

 “လူဘယ္ႏွစ္ေယာက္ပဲလိုက္လိုက္ ကားခကေတာ့ ကားအႀကီး အေသးေပၚလိုက္ၿပီး အျပတ္ပဲယူတာပါ။ ဥေရာပသားေတြက လူေကာင္ကႀကီးေတာ့ (၁၈) ေယာက္ဆံ့ဆိုရင္ (၁၀)ေယာက္ေလာက္ပဲ လိုက္ၾကတယ္။ အာရွသားေတြ ဥပမာ ထိုင္း၊ဗီယက္နမ္ လူမ်ိဳးဆိုရင္ေတာ့ ျမန္မာလူမ်ိဳးနဲ႔မကြာဘူးဆိုေတာ့ အေယာက္ (၃၀) ဆံ့ဆိုရင္ (၂၅) ေယာက္ေလာက္ေတာ့ လိုက္တယ္။”ဟု တိုးကားေမာင္းသူ ကိုထြန္းထြန္း၀င္းက ေျပာသည္။

ဟုိတယ္ႏွင့္ခရီးသြားလုပ္ငန္း၀န္ႀကီးဌာမွထုတ္ျပန္သည့္ စာရင္းအရ ၂၀၁၆ ခုႏွစ္အတြင္း ျပည္ပခရီးသြား၀င္ ေရာက္မႈ ယခင္ႏွစ္ထက္ပုိမ်ားလာေသာ္လည္း နယ္စပ္မွ ေန႔ခ်င္းျပန္လာေရာက္သူမ်ားသာ မ်ားေနေၾကာင္းသိရသည္။

သတင္း။  ။ ေရႊေဇာ္
..........................

မန္တလေး၊ ဇူလိုင်လ (၈) ရက်
မန္တလေးမြို့သို့ ယခုနှစ်ခရီးသွားရာသီအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ထက် များသော်လည်း ပြည်ပခရီးသွားပို့ဆောင်သည့် ကားအငှါးဈေးကွက်တွင် ငှါးရမ်းသူနည်းလာကြောင်း သိရသည်။

“မနှစ်က ဒီအချိန်ဆို တော်တော်အလုပ်ဖြစ်တယ်။ ဒီနှစ်က တိုး(tour)လိုက်တဲ့ ကားတွေကတော့ တော် တော်များလာတယ်။ အိမ်စီးကာတွေကလည်း တခြားအလုပ်က မဖြစ်။ ကားဈေးတွေကလည်း ကျနေတော့ ပိုက်ဆံရှိတဲ့ သူတွေက တိုးကားပဲလိုက်ကြတော့ ကားလိုက်ရတာ အရင်လောက် မကောင်းတော့ဘူး။ ”ဟု တိုးကားအငှါးလိုက်သော ဦးဇော်ဇော်က ဆိုသည်။

၂၀၁၄ ခရီးသွားရာသီနှစ်တွင် မန္တလေးမြို့သို့ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်ပခရီးသွား ဝင်ရောက် မှုမှာ (၂၄၂,၅၆၆)ဦးရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ခရီးသွားရာသီတွင် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း (၂၆၅,ဝ၇၇)ဦး အထိ တိုးလာသော်လည်း တစ်ဦးတည်းခရီးသွားအရေအတွက်ပိုများလာခြင်းကလည်း ကားအငှါး ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိုလာပြီး ပြန်သွားတဲ့ဧည့်သည်တချို့က အင်တာနက်ကနေ ချိတ်ပြီး ကားငှါးခိုင်းရင်တော့ ငှါးပေးပါတယ်။ များသောအားဖြင့်တော့ ကုမ္ပဏီက တစ်ခါတည်းချိတ်ပေးတဲ့ကားနဲ့သွားတာများပါတယ်။ ဒီနှစ်တော့ ခရီးအသွားအလာနည်းတယ်။ မနှစ်ကဒီအချိန်ဆိုရင် ဧည့်လမ်းညွှန်တွေရော၊ တိုးကားတွေရော မအားဘူး။ ဒီအချိန်က အလုပ်ပိတ်ရက်တွေဆိုတော့ မိသားစုလိုက်လာတာ များပေမဲ့ ဒီနှစ်နည်းတယ်။ တစ်ဦးတည်း ခရီးသွားများရင် ကားမငှါးဘဲ ဆိုင်ကယ်လောက်သာ ငှါးတယ်ဆိုတော့ ကားက အလုပ်မဖြစ်ဘူး။”ဟု ဧည့်လမ်းညွှန် ကိုကျော်ကျော်ဦးက ပြောသည်။

တိုးကားအများစုမှာ ခရီးသွားကုမ္ပဏီများနှင့်သာ ချိတ်ဆက်လုပ်ကိုင်ကြသော်လည်း အချို့သော ကားများမှာ ဧည့်လမ်းညွှန်များနှင့် ချိတ်ဆက်လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။

 “လူဘယ်နှစ်ယောက်ပဲလိုက်လိုက် ကားခကတော့ ကားအကြီး အသေးပေါ်လိုက်ပြီး အပြတ်ပဲယူတာပါ။ ဥရောပသားတွေက လူကောင်ကကြီးတော့ (၁၈) ယောက်ဆံ့ဆိုရင် (၁၀)ယောက်လောက်ပဲ လိုက်ကြတယ်။ အာရှသားတွေ ဥပမာ ထိုင်း၊ဗီယက်နမ် လူမျိုးဆိုရင်တော့ မြန်မာလူမျိုးနဲ့မကွာဘူးဆိုတော့ အယောက် (၃၀) ဆံ့ဆိုရင် (၂၅) ယောက်လောက်တော့ လိုက်တယ်။”ဟု တိုးကားမောင်းသူ ကိုထွန်းထွန်းဝင်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာမှထုတ်ပြန်သည့် စာရင်းအရ ၂၀၁၆ ခုနှစ်အတွင်း ပြည်ပခရီးသွားဝင် ရောက်မှု ယခင်နှစ်ထက်ပိုများလာသော်လည်း နယ်စပ်မှ နေ့ချင်းပြန်လာရောက်သူများသာ များနေကြောင်းသိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~