တာခ်ီလိတ္ၿမိဳ႕မွ ေလာင္းကစားဂိမ္းခုံမ်ားႏွင့္ မူးယစ္ေဆးဝါး ျပႆနာကို အထူးကိစၥအျဖစ္ ေျဖရွင္းေပးရန္ ျပည္နယ္အစိုးရထံ လူထုေတာင္းဆို

တာခ်ီလိတ္ၿမိဳ႕မွ ေလာင္းကစားဂိမ္းခုံမ်ားႏွင့္ မူးယစ္ေဆးဝါး ျပႆနာကို အထူးကိစၥအျဖစ္ ေျဖရွင္းေပးရန္ ျပည္နယ္အစိုးရထံ လူထုေတာင္းဆို
ဇူလိုင် 28, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္းကစားဂိမ္းခုံမ်ားႏွင့္ မူးယစ္ေဆးဝါး မ်ားျပားလာသည့္ ျပႆနာကို အထူးကိစၥရပ္ အျဖစ္ ေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ၀န္ႀကီးမ်ားအား လူထုေတြ႕ဆုံပြဲတြင္ တာခ်ီလိတ္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။

ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ အပါအ၀င္ ျပည္နယ္၀န္ႀကီး(၅)ဦးက ဇူလိုင္လ (၂၆)ရက္ေန႔တြင္ တာခ်ီလိတ္၌ လူထုေတြ႕ဆုံပြဲ ျပဳလုပ္ရာ ေဒသခံလူထုက ယင္းကဲ့သို႔  တင္ျပလိုက္ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ ေဒသမွာ ကေလးသူငယ္ လူငယ္လူလတ္ပိုင္းက ေလာင္းကစားဖက္မွာ အမ်ားအျပား ေရာက္ေနပါတယ္။ ရာခိုင္ႏႈန္းအားျဖင့္ (၈၀)ရာခိုင္ႏႈန္းဟာ လႊမ္းမိုးေနပါၿပီ။ လူငယ္ေတြဆိုလို႔ရိွရင္ ကၽြန္ေတာ္တို႔ရဲ႕ စာရင္းေကာက္ယူမႈအရ (၇၂)ရာခိုင္ႏႈန္းဟာ ပ်က္စီးမႈအဆင့္ကို ေရာက္ရွိပါၿပီ။ ဒါပထမဆုံး ေလာင္းကစားနဲ႔ ပတ္သက္ေနတဲ့ဟာေတြကို အထူးေဆာင္ရြက္ေပးဖို႔ ၿမိဳ႕နယ္အေနနဲ႔ ေတာင္းဆိုခ်င္ပါတယ္။" ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တင္ျပခဲ့ေၾကာင္း သိရသည္။

ၿမိဳ႕ေပၚရပ္္ကြက္တိုင္းတြင္ ရိွေနသည့္ ေလာင္းကစားဂိမ္းခုံမ်ားတြင္ အသက္(၁၆)ႏွစ္မွ အသက္(၃၀) လူငယ္လူလတ္ပိုင္း အမ်ားစု ရိွေနတတ္ၿပီး အဆိုပါ ဂိမ္းခံုမ်ားတြင္ မူးယစ္ေဆး၀ါးပါ ရရွိျခင္းေၾကာင့္ ေလာင္းကစားရင္း မူးယစ္ေဆး၀ါးပါ သုံးစြဲၾကေၾကာင္း ေဒသခံျပည္သူမ်ားထံမွ သိရသျဖင့္ အဆိုပါ တင္ျပခ်က္ကို ျပည္နယ္အစိုးရအဖြဲ႕က အစည္းအေဝးက်င္းပၿပီး ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အစည္းအေ၀းမွာ ျပန္ၿပီး ဆုံးျဖတ္ေပးမွာပါ။ မည္သည့္ ၀န္ႀကီးဌာနႏွင့္ သက္ဆိုင္ေသာ ကိစၥမ်ားစသည္ျဖင့္ခြဲ၍ ဆက္လက္ၿပီး ေဆာင္ရြက္သြားမွာပါ။"ဟု ရွမ္းျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္က ျပန္လည္းေျဖၾကားသည္။

ထိုင္းႏိုင္ငံႏွင့္ ထိစပ္ေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္းကစားဂိမ္းခုံမ်ား၊ မူးယစ္ေဆး၀ါးမ်ား ေပါမ်ားလာျခင္းတို႔ေၾကာင့္ လူငယ္အမ်ားစုအတြက္ ထိခိုက္ေနရသည့္အျပင္ ခိုးဆိုးလုယက္မႈမ်ားလည္း တိုးပြားလာေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း - ေဇာင္းညီ
...................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများနှင့် မူးယစ်ဆေးဝါး များပြားလာသည့် ပြဿနာကို အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီးများအား လူထုတွေ့ဆုံပွဲတွင် တာချီလိတ် ဒေသခံများက တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီး(၅)ဦးက ဇူလိုင်လ (၂၆)ရက်နေ့တွင် တာချီလိတ်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ရာ ဒေသခံလူထုက ယင်းကဲ့သို့ တင်ပြလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဒေသမှာ ကလေးသူငယ် လူငယ်လူလတ်ပိုင်းက လောင်းကစားဖက်မှာ အများအပြား ရောက်နေပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၈၀)ရာခိုင်နှုန်းဟာ လွှမ်းမိုးနေပါပြီ။ လူငယ်တွေဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ စာရင်းကောက်ယူမှုအရ (၇၂)ရာခိုင်နှုန်းဟာ ပျက်စီးမှုအဆင့်ကို ရောက်ရှိပါပြီ။ ဒါပထမဆုံး လောင်းကစားနဲ့ ပတ်သက်နေတဲ့ဟာတွေကို အထူးဆောင်ရွက်ပေးဖို့ မြို့နယ်အနေနဲ့ တောင်းဆိုချင်ပါတယ်။" ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တင်ပြခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်တိုင်းတွင် ရှိနေသည့် လောင်းကစားဂိမ်းခုံများတွင် အသက်(၁၆)နှစ်မှ အသက်(၃၀) လူငယ်လူလတ်ပိုင်း အများစု ရှိနေတတ်ပြီး အဆိုပါ ဂိမ်းခုံများတွင် မူးယစ်ဆေးဝါးပါ ရရှိခြင်းကြောင့် လောင်းကစားရင်း မူးယစ်ဆေးဝါးပါ သုံးစွဲကြကြောင်း ဒေသခံပြည်သူများထံမှ သိရသဖြင့် အဆိုပါ တင်ပြချက်ကို ပြည်နယ်အစိုးရအဖွဲ့က အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအေဝးမှာ ပြန်ပြီး ဆုံးဖြတ်ပေးမှာပါ။ မည်သည့် ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကိစ္စများစသည်ဖြင့်ခွဲ၍ ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ။"ဟု ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်က ပြန်လည်းဖြကြေားသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ၊ မူးယစ်ဆေးဝါးများ ပေါများလာခြင်းတို့ကြောင့် လူငယ်အများစုအတွက် ထိခိုက်နေရသည့်အပြင် ခိုးဆိုးလုယက်မှုများလည်း တိုးပွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~