မူးယစ္ေဆးမ်ားႏွင့္အတူ လက္နက္အပါအ၀င္ လူ(၇)ဦးအား တာခ်ီိလိတ္၌ တစ္ရက္တည္း ဖမ္းဆီးရမိ

မူးယစ္ေဆးမ်ားႏွင့္အတူ လက္နက္အပါအ၀င္ လူ(၇)ဦးအား တာခ်ီိလိတ္၌ တစ္ရက္တည္း ဖမ္းဆီးရမိ
ဇူလိုင် 11, 2016
By Tachileik News Agency
မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စုရွိ လြယ္စီတံု(အေပၚ)ရြာတြင္ မူးယစ္ေဆး၀ါးမ်ား ေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ဇူလိုင္(၁၁)ရက္ေန႔ နံနက္ပိုင္းတြင္ သြားေရာက္ရွာေဖြဖမ္းဆီးရာ တရားခံ(၇)ဦးႏွင့္အတူ စိတ္ၾကြေဆးျပားမ်ား အပါအ၀င္ လက္နက္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
"အိမ္(၃)အိမ္၀င္ရွာတာ တရားခံေတြနဲ႔အတူ စိတ္ၾကြေဆးျပားေတြလည္းေတြ႕တယ္၊ ခပ္ခူးလည္းေတြ႕တယ္ လက္နက္ကေတာ့ တူမီးေသနတ္တစ္လက္နဲ႔ ပစၥတိုပြိဳင့္(၂၂)တစ္လက္၊ က်ည္(၆)ေတာင့္မိတာ စိတ္ၾကြေဆးျပားကေတာ့ (၁၈၀၀)ျပားေလာက္ရွိတယ္ ခပ္ခူးက နည္းပါတယ္"ဟု တာခ်ီလိတ္မူးယစ္တပ္ဖြဲ႕စု(၃၀)မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
လြယ္စီတံု(အေပၚ)ရြာရွိ အားေန၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရာ စိတ္ၾကြေဆးျပာ(၁၄၈)ျပားႏွင့္အတူ စိတ္ၾကြေဆးျပားရွဴရာတြင္အသံုးျပဳသည့္ ခဲျပား၊ ေကာ္ဘူးႏွင့္ ဂက္(စ္)မီးျခစ္တို႔အား တရားခံႏွင့္အတူ ေတြ႕ရွိခဲ့ၿပီး၊ ဦးအားေဆာ္ႏွင့္ ေဒၚေဂါင္းေဗ၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ (၁,၆၈၅)ျပားႏွင့္အတူ ေနအိမ္၀န္းအတြင္း မိသားစု၀င္(၃)ဦးႏွင့္ ျခံ၀န္းအတြင္းရွိ အိုက္ခမ္းငင္းအား ေတြ႕ရွိသျဖင့္ ဖမ္းဆီးခဲ့ၿပီး ဆက္လက္စစ္ေဆးရာ အို္က္ခမ္းငင္းေနအိမ္အတြင္းမွ ခပ္ခူး(၄)ဂရမ္ခန္႔ႏွင့္ လက္လုပ္တူမီးတစ္လက္ ပြိဳင့္(၂၂)ေသနတ္အတိုတစ္လက္ႏွင့္ က်ည္(၆)ေတာင့္တို႔အား ေတြ႕ရွိသျဖင့္ အေရးယူေဆာင္ရြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု(အေပၚ)ရြာအတြင္းမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိေသာ တရားခံ(၇)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၃/၂၀၁၆၊ မယ(ပ)၅၄/၂၀၁၆၊ မယ(ပ)၅၅/၂၀၁၆၊ တို႔ျဖင့္ အမႈ(၃)မႈအား မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ျပစ္မႈပုဒ္မ်ားျဖင့္ အသီးသီး အမႈဖြင့္လွစ္ေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း။ ။ ‪‎ကိုဇက္‬
.......................
 မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုရှိ လွယ်စီတုံ(အပေါ်)ရွာတွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိ၍ ဇူလိုင်(၁၁)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ရှာဖွေဖမ်းဆီးရာ တရားခံ(၇)ဦးနှင့်အတူ စိတ်ကြွဆေးပြားများ အပါအဝင် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"အိမ်(၃)အိမ်ဝင်ရှာတာ တရားခံတွေနဲ့အတူ စိတ်ကြွဆေးပြားတွေလည်းတွေ့တယ်၊ ခပ်ခူးလည်းတွေ့တယ် လက်နက်ကတော့ တူမီးသေနတ်တစ်လက်နဲ့ ပစ္စတိုပွိုင့်(၂၂)တစ်လက်၊ ကျည်(၆)တောင့်မိတာ စိတ်ကြွဆေးပြားကတော့ (၁၈၀၀)ပြားလောက်ရှိတယ် ခပ်ခူးက နည်းပါတယ်"ဟု တာချီလိတ်မူးယစ်တပ်ဖွဲ့စု(၃၀)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လွယ်စီတုံ(အပေါ်)ရွာရှိ အားနေ၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြာ(၁၄၈)ပြားနှင့်အတူ စိတ်ကြွဆေးပြားရှူရာတွင်အသုံးပြုသည့် ခဲပြား၊ ကော်ဘူးနှင့် ဂက်(စ်)မီးခြစ်တို့အား တရားခံနှင့်အတူ တွေ့ရှိခဲ့ပြီး၊ ဦးအားဆော်နှင့် ဒေါ်ဂေါင်းဗေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ (၁,၆၈၅)ပြားနှင့်အတူ နေအိမ်ဝန်းအတွင်း မိသားစုဝင်(၃)ဦးနှင့် ခြံဝန်းအတွင်းရှိ အိုက်ခမ်းငင်းအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာ အို်က်ခမ်းငင်းနေအိမ်အတွင်းမှ ခပ်ခူး(၄)ဂရမ်ခန့်နှင့် လက်လုပ်တူမီးတစ်လက် ပွိုင့်(၂၂)သေနတ်အတိုတစ်လက်နှင့် ကျည်(၆)တောင့်တို့အား တွေ့ရှိသဖြင့် အရေးယူဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အပေါ်)ရွာအတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသော တရားခံ(၇)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၃/၂၀၁၆၊ မယ(ပ)၅၄/၂၀၁၆၊ မယ(ပ)၅၅/၂၀၁၆၊ တို့ဖြင့် အမှု(၃)မှုအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုပုဒ်များဖြင့် အသီးသီး အမှုဖွင့်လှစ်ရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း။ ‪ကိုဇက်‬
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~