ဖိလစ္ပိုင္ရဲ႕ မူးယစ္ေဆးႏွိမ္ႏွင္းေရးမွ ထိတ္လန္႔ဖြယ္ဓာတ္ပံုမ်ား ေပၚထြက္လာ

ဖိလစ္ပိုင္ရဲ႕ မူးယစ္ေဆးႏွိမ္ႏွင္းေရးမွ ထိတ္လန္႔ဖြယ္ဓာတ္ပံုမ်ား ေပၚထြက္လာ
ဇူလိုင် 28, 2016
By Tachileik News Agency

ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂို ဒူတာတီ တာဝန္ယူလိုက္ၿပီးခ်ိန္မွာ မူးယစ္ေဆးေရာင္းဝယ္မႈေတြကို ေသြးထြက္သံယို ႏွိမ္ႏွင္းမႈေတြ လုပ္ေဆာင္လိုက္ပါတယ္။

မူးယစ္ေဆးႏွိမ္ႏွင္းေရးလုပ္ထားတဲ့ ဓာတ္ပံုေတြ ထြက္ေပၚလာရာမွာ လမ္းထဲမွာ ေသနတ္နဲ႔ ပစ္ခံထားရသူတခ်ဳိ႕ဟာ အတြင္းခံအဝတ္အစားေတြနဲ႔ျဖစ္သလို တခ်ိဳ႕ကေတာ့ လက္ေတြ၊ ေျခေထာက္ေတြ ခ်ည္ေနွာင္ခံထားရတာေတြကို ေတြ႔ရပါတယ္။

တရားရင္ဆိုင္ခြင့္မရိွဘဲ ေသဆံုးသြားၾကတဲ့ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္ေတြကို သူတို႔ရဲ႕ ဇနီးေတြ မိသားစုဝင္ေတြက ေပြ႕ဖက္ၿပီး ငိုေၾကြးေနၾကတဲ့ပံုေတြလည္း ေတြ႔ရပါတယ္။

ဒီလိုႏွိမ္ႏွင္းေနတာဟာ ဇူလိုင္လအတြင္းမွာ မူးယစ္ေဆးနဲ႔ပတ္သက္လို႔ လူေပါင္း (၃၀၀)ေလာက္ ေသဆံုးခဲ့ၿပီလို႔ သိရပါတယ္။

သမၼတ မစၥတာဒူတာတီက သူ႔ရဲ႕ပထမဆံုးႏုိင္ငံေတာ္မိန္႔ခြန္းမွာကတည္းက ႏုိင္ငံကိုက်ဆင္းေစတဲ့ မူးယစ္ေဆးကို အျမစ္ျဖတ္ႏွိမ္ႏွင္းမယ္လို႔႔ ေၾကညာခဲ့တာပါ။ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကားသူ တစ္ေယာက္မွ မက်န္တဲ့အထိ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ေျပာထားတာပါ။

ဒီလိုလုပ္ေဆာင္ရာမွာ ဇူလိုင္လ (၁) ရက္ကေန ဇူလိုင္လ (၂၄) ရက္အထိ မူးယစ္ေဆးဝါး သံုးစြဲသူလို႔ သံသယရိွသူမ်ားနဲ႔ ေရာင္းဝယ္သူေပါင္း (၂၉၃) ဦး ေသဆံုးသြားတယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ စာရင္းေတြအရ သိရေႀကာင္း လူ႔အခြင့္အေရးအဖြဲ႕ေတြက ဆိုပါတယ္။

ဒါေပမဲ့ ရဲတပ္ဖြဲ႕ကေတာ့ သမၼတ အာဏာရလာခ်ိန္ကစၿပီး လုပ္ေဆာင္တဲ့ မူးယစ္ေဆးႏွိမ္ႏွင္းမႈေၾကာင့္ မူးယစ္ေဆးနဲ႔ဆက္စပ္သူ (၁၁၀)ေက်ာ္ ေသဆံုးခဲ့တယ္လို႔ အတည္ျပဳထားေပမဲ့ ေဒသတြင္း သတင္းဌာနေတြ အဆိုအရေတာ့ (၂၀၀)နီးပါးရိွၿပီလို႔ ဆိုပါတယ္။

ေဒသတြင္း သတင္းတင္ျပခ်က္ေတြအရ စိတ္ၾကြေဆးဖမ္းဆီးရရိွမႈေတြကေတာ့ ျမင့္လာၿပီး စုစုေပါင္း (၃၀၀) ကီလိုဂရမ္ေလာက္ကို သိမ္းဆည္းၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ဖိလစ္ပိုင္သမၼတသစ္အစိုးရက မူးယစ္ေဆးဖမ္းဆီးမႈမွာ စစ္ဆင္ေရးတစ္ရပ္လို လုပ္ေဆာင္မယ္လို႔ သတိေပးထားတာပါ။ စစ္ဆင္ေရးလုပ္ေဆာင္ရင္း မူးယစ္ေဆးေရာင္းဝယ္သူေတြ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ ဥပေဒအရရင္ဆုိင္ရမယ့္ အက်ိဳးဆက္ေတြရိွလာရင္ ရဲတပ္ဖြဲ႕ကို ကာကြယ္ေပးမယ္လို႔ သမၼတက ကတိေပးထားတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က ဆင္ေျခဖံုးရပ္ကြက္တစ္ခုမွာ မူးယစ္ေဆးေရာင္းဝယ္မႈကို ႏွိမ္ႏွင္းထားတဲ့ ထိတ္လန္႔စရာဓာတ္ပံုေတြ ေပၚထြက္လာရာမွာ ရဲတပ္ဖြဲ႕ပစ္သတ္ထားတာ ဟုတ္/မဟုတ္ အတည္မျပဳႏုိင္တဲ့ ပံုအခ်ိဳ႕ေၾကာင့္ လူ႔အခြင့္အေရးေရွ႕ေနအခ်ိဳ႕ကေတာ့ အလြန္စိုးရိမ္ေနၾကတာပါ။

ရဲဌာနခ်ဳပ္က သတင္းစာရွင္းလင္းပြဲမွာေတာ့ မူးယစ္ေဆး၀ါး ေရာင္းဝယ္ေဖာက္ကားမႈမွာ ပါဝင္ ပတ္သက္သူေတြကို ရဲတပ္ဖြဲ႕က ႏွိမ္ႏွင္းတာျဖစ္တယ္လုိ႔ ေျပာထားပါတယ္။ ႏုိင္ငံရဲ႕ လူ႕အခြင့္အေရးဆိုင္ရာ ေရွ႕ေနႀကီးကေတာ့ သမၼတရဲ႕လုပ္ေဆာင္ခ်က္က တရားစီရင္မႈမရိွတဲ့ ႏုိင္ငံျဖစ္ေအာင္ လုပ္ေနတယ္လို႔ ေဝဖန္လိုက္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္နဲ႔ပတ္သက္လို႔ အတိုက္အခံဥပေဒျပဳအမတ္အခ်ိဳ႕ကေတာ့ လႊတ္ေတာ္အတြင္းမွာ စံုစမ္းမႈလုပ္ဖို႔ ေတာင္းဆိုထားပါတယ္။ လႊတ္ေတာ္က စံုစမ္းမႈေတြနဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႕အေနနဲ႔ စိုးရိမ္ေနစရာမလိုဘူးလို႔ သမၼတက ေျပာၾကားထားၿပီး သူ႔အေနနဲ႔ ရဲတပ္ဖြဲ႕ဘက္ကေန ရပ္တည္သြားမယ္လို႔ ေျပာၾကားထားတာပါ။

ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂို ဒူတာတီဟာ ၂၀၁၆ ခုႏွစ္မွာ အေရြးခ်ယ္ခံတင္ေျမႇာက္ထားတဲ့ ဖိလစ္ပိုင္ႏုိင္ငံရဲ႕ ၁၆ ဦးေျမာက္ သမၼတ ျဖစ္ပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail.co.uk
................

ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ဒူတာတီ တာဝန်ယူလိုက်ပြီးချိန်မှာ မူးယစ်ဆေးရောင်းဝယ်မှုတွေကို သွေးထွက်သံယို နှိမ်နှင်းမှုတွေ လုပ်ဆောင်လိုက်ပါတယ်။

မူးယစ်ဆေးနှိမ်နှင်းရေးလုပ်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာရာမှာ လမ်းထဲမှာ သေနတ်နဲ့ ပစ်ခံထားရသူတချို့ဟာ အတွင်းခံအဝတ်အစားတွေနဲ့ဖြစ်သလို တချို့ကတော့ လက်တွေ၊ ခြေထောက်တွေ ချည်နှောင်ခံထားရတာတွေကို တွေ့ရပါတယ်။

တရားရင်ဆိုင်ခွင့်မရှိဘဲ သေဆုံးသွားကြတဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တွေကို သူတို့ရဲ့ ဇနီးတွေ မိသားစုဝင်တွေက ပွေ့ဖက်ပြီး ငိုကြွေးနကြေတဲ့ပုံတွေလည်း တွေ့ရပါတယ်။

ဒီလိုနှိမ်နှင်းနေတာဟာ ဇူလိုင်လအတွင်းမှာ မူးယစ်ဆေးနဲ့ပတ်သက်လို့ လူပေါင်း (၃၀၀)လောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

သမ္မတ မစ္စတာဒူတာတီက သူ့ရဲ့ပထမဆုံးနိုင်ငံတော်မိန့်ခွန်းမှာကတည်းက နိုင်ငံကိုကျဆင်းစေတဲ့ မူးယစ်ဆေးကို အမြစ်ဖြတ်နှိမ်နှင်းမယ်လို့ ကြေညာခဲ့တာပါ။ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူ တစ်ယောက်မှ မကျန်တဲ့အထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောထားတာပါ။

ဒီလိုလုပ်ဆောင်ရာမှာ ဇူလိုင်လ (၁) ရက်ကနေ ဇူလိုင်လ (၂၄) ရက်အထိ မူးယစ်ဆေးဝါး သုံးစွဲသူလို့ သံသယရှိသူများနဲ့ ရောင်းဝယ်သူပေါင်း (၂၉၃) ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ သမ္မတ အာဏာရလာချိန်ကစပြီး လုပ်ဆောင်တဲ့ မူးယစ်ဆေးနှိမ်နှင်းမှုကြောင့် မူးယစ်ဆေးနဲ့ဆက်စပ်သူ (၁၁၀)ကျော် သေဆုံးခဲ့တယ်လို့ အတည်ပြုထားပေမဲ့ ဒေသတွင်း သတင်းဌာနတွေ အဆိုအရတော့ (၂၀၀)နီးပါးရှိပြီလို့ ဆိုပါတယ်။

ဒေသတွင်း သတင်းတင်ပြချက်တွေအရ စိတ်ကြွဆေးဖမ်းဆီးရရှိမှုတွေကတော့ မြင့်လာပြီး စုစုပေါင်း (၃၀၀) ကီလိုဂရမ်လောက်ကို သိမ်းဆည်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်သမ္မတသစ်အစိုးရက မူးယစ်ဆေးဖမ်းဆီးမှုမှာ စစ်ဆင်ရေးတစ်ရပ်လို လုပ်ဆောင်မယ်လို့ သတိပေးထားတာပါ။ စစ်ဆင်ရေးလုပ်ဆောင်ရင်း မူးယစ်ဆေးရောင်းဝယ်သူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ဥပဒေအရရင်ဆိုင်ရမယ့် အကျိုးဆက်တွေရှိလာရင် ရဲတပ်ဖွဲ့ကို ကာကွယ်ပေးမယ်လို့ သမ္မတက ကတိပေးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မူးယစ်ဆေးရောင်းဝယ်မှုကို နှိမ်နှင်းထားတဲ့ ထိတ်လန့်စရာဓာတ်ပုံတွေ ပေါ်ထွက်လာရာမှာ ရဲတပ်ဖွဲ့ပစ်သတ်ထားတာ ဟုတ်/မဟုတ် အတည်မပြုနိုင်တဲ့ ပုံအချို့ကြောင့် လူ့အခွင့်အရေးရှေ့နေအချို့ကတော့ အလွန်စိုးရိမ်နကြေတာပါ။

ရဲဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင် ပတ်သက်သူတွေကို ရဲတပ်ဖွဲ့က နှိမ်နှင်းတာဖြစ်တယ်လို့ ပြောထားပါတယ်။ နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နကြေီးကတော့ သမ္မတရဲ့လုပ်ဆောင်ချက်က တရားစီရင်မှုမရှိတဲ့ နိုင်ငံဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်လို့ အတိုက်အခံဥပဒပြေုအမတ်အချို့ကတော့ လွှတ်တော်အတွင်းမှာ စုံစမ်းမှုလုပ်ဖို့ တောင်းဆိုထားပါတယ်။ လွှတ်တော်က စုံစမ်းမှုတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့အနေနဲ့ စိုးရိမ်နေစရာမလိုဘူးလို့ သမ္မတက ပြောကြားထားပြီး သူ့အနေနဲ့ ရဲတပ်ဖွဲ့ဘက်ကနေ ရပ်တည်သွားမယ်လို့ ပြောကြားထားတာပါ။

ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ဒူတာတီဟာ ၂၀၁၆ ခုနှစ်မှာ အရွေးချယ်ခံတင်မြှောက်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆ ဦးမြောက် သမ္မတ ဖြစ်ပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail.co.uk

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~