က်ိဳင္းတံုဆိုင္ကယ္ေစ်းကြက္တြင္ ဆိုင္ကယ္အေရာင္းဆိုင္မ်ား ေရာင္းအား က်ဆင္းေန

က်ိဳင္းတံုဆိုင္ကယ္ေစ်းကြက္တြင္ ဆိုင္ကယ္အေရာင္းဆိုင္မ်ား ေရာင္းအား က်ဆင္းေန
ဇူလိုင် 1, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဇူလိုင္လ (၁) ရက္
က်ိဳင္းတုံၿမိဳ႕ရိွ ဆိုင္ကယ္ဝယ္လက္မ်ားတြင္ လိုင္စင္မဲ့ဆိုင္ကယ္မ်ား အေရာင္းျမင့္ေနသျဖင့္ ဆိုင္ကယ္အေရာင္းဆုိင္မ်ား၌ ေရာင္းအားက်ဆင္းေနေၾကာင္း သိရသည္။

"လက္ရိွဆိုင္ကယ္ေစ်းကြက္က လြန္ခဲ့တဲ့ (၃)လေလာက္ကနဲ ့ယွဥ္ရင္ ေရာင္းအားက်ေနတယ္။ ကၽြန္ေတာ္တို ့ အေရာင္းျပခန္းက လိုင္စင္ပါတဲ့ ဆိုင္ကယ္ေတြပဲ ေရာင္းတဲ့အတြက္ ၀ယ္လက္ေတြက ကၽြန္ေတာ္တို႔ဆီ သိပ္မလာၾကဘူး။ ဒီက၀ယ္လက္ေတြက လိုင္စင္ပါတဲ့ ဆိုင္ကယ္ထက္ လိုင္စင္မပါတာကို ပိုၿပီးသေဘာက်ၾကတယ္။ လိုင္စင္မပါတဲ့ ဘီးေတြက လိုင္စင္ပါတဲ့ ဘီးေတြထက္စာရင္ (၁)သိန္း၊(၂)သိန္းေလာက္ပဲ ေစ်းေလ်ာ့တာပါ။"ဟု က်ိဳင္းတုံ(HONDA)အေရာင္းျပခန္းမွ ကိုသန္းႏိုင္က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕၏ ဆိုင္ကယ္ေစ်းကြက္တြင္ သၾကၤန္ကာလၿပီးသည့္ ေနာက္ပိုင္း ဆိုင္ကယ္အေရာင္းျပခန္းမ်ား၌ ေရာင္းအားက်ဆင္းလာၿပီး သၾကၤန္မတိုင္မီကာလက ပုံမွန္တစ္ရက္လွ်င္ (၅)စီး၊ (၆)စီးခန္ ့ ေရာင္းခ်ႏိုင္ခဲ့ရာမွ ယခုအခ်ိန္တြင္ တစ္ရက္ (၁)စီးပင္ ပုံမွန္ေရာင္းခ်ရျခင္း မရိွေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီ လာ၀ယ္တဲ့ ၀ယ္လက္ေတာ္ေတာ္မ်ားမ်ားက ဆိုင္ထုတ္ေတြကို မတတ္ႏိုင္ၾကတဲ့အတြက္ တစ္ပတ္ရစ္ဘီးေလးေတြဝယ္တာတို ့ အလဲအထပ္လုပ္တာတို ့ပဲရိွပါတယ္။ ျပီးရင္ လိုင္စင္ပါတဲ့ ဘီးထက္စာရင္ လိုင္စင္မပါတဲ့ဘီးေတြကိုပဲ လာရွာၾကတာ မ်ားပါတယ္။ လိုင္စင္ဘီးေတြက လိုင္စင္မပါတဲ့ ဘီးထက္စာရင္ ႏွစ္သိန္း၊သုံးသိန္းေလာက္ ေစ်းကြာတဲ့အတြက္ လိုင္စင္မပါတာကို ရွာ၀ယ္တာ ပိုမ်ားပါတယ္။"ဟု ဆိုင္ကယ္ပြဲစားတစ္ဦးျဖစ္သည့္ ကိုညီက ေျပာသည္။

လက္ရိွဆိုင္ကယ္ေစ်းကြက္မွ ေစ်းႏႈန္းမ်ားမွာ HONDA WAVE (100) ဆိုင္ကယ္ လိုင္စင္အျပီးအစီး က်ပ္(၁,၀၉၀,၀၀၀)၊ ၂၀၁၆ ခုႏွစ္ထုတ္ HONDA CLICK ဆိုင္ကယ္ကို လို္င္စင္အျပီးအစီး (၂၁၄၀,၀၀၀)ရိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
............................
ကျိုင်းတုံ၊ ဇူလိုင်လ (၁) ရက်
ကျိုင်းတုံမြို့ရှိ ဆိုင်ကယ်ဝယ်လက်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များ အရောင်းမြင့်နေသဖြင့် ဆိုင်ကယ်အရောင်းဆိုင်များ၌ ရောင်းအားကျဆင်းနေကြောင်း သိရသည်။
"လက်ရှိဆိုင်ကယ်ဈေးကွက်က လွန်ခဲ့တဲ့ (၃)လလောက်ကနဲ့ယှဉ်ရင် ရောင်းအားကျနေတယ်။ ကျွန်တော်တို့ အရောင်းပြခန်းက လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေပဲ ရောင်းတဲ့အတွက် ဝယ်လက်တွေက ကျွန်တော်တို ဆီ သိပ်မလာကြဘူး။ ဒီကဝယ်လက်တွေက လိုင်စင်ပါတဲ့ ဆိုင်ကယ်ထက် လိုင်စင်မပါတာကို ပိုပြီးသဘောကျကြတယ်။ လိုင်စင်မပါတဲ့ ဘီးတွေက လိုင်စင်ပါတဲ့ ဘီးတွေထက်စာရင် (၁)သိန်း၊(၂)သိန်းလောက်ပဲ ဈေးလျော့တာပါ။"ဟု ကျိုင်းတုံ(HONDA)အရောင်းပြခန်းမှ ကိုသန်းနိုင်က ပြောသည်။
ကျိုင်းတုံမြို့၏ ဆိုင်ကယ်ဈေးကွက်တွင် သင်္ကြန်ကာလပြီးသည့် နောက်ပိုင်း ဆိုင်ကယ်အရောင်းပြခန်းများ၌ ရောင်းအားကျဆင်းလာပြီး သင်္ကြန်မတိုင်မီကာလက ပုံမှန်တစ်ရက်လျှင် (၅)စီး၊(၆)စီးခန့် ရောင်းချနိုင်ခဲ့ရာမှ ယခုအချိန်တွင် တစ်ရက် (၁)စီးပင် ပုံမှန်ရောင်းချရခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်တို့ဆီ လာဝယ်တဲ့ ဝယ်လက်တော်တော်များများက ဆိုင်ထုတ်တွေကို မတတ်နိုင်ကြတဲ့အတွက် တစ်ပတ်ရစ်ဘီးလေးတွေဝယ်တာတို့ အလဲအထပ်လုပ်တာတို့ပဲရှိပါတယ်။ ပြီးရင် လိုင်စင်ပါတဲ့ ဘီးထက်စာရင် လိုင်စင်မပါတဲ့ဘီးတွေကိုပဲ လာရှာကြတာ များပါတယ်။ လိုင်စင်ဘီးတွေက လိုင်စင်မပါတဲ့ ဘီးထက်စာရင် နှစ်သိန်း၊သုံးသိန်းလောက် ဈေးကွာတဲ့အတွက် လိုင်စင်မပါတာကို ရှာဝယ်တာ ပိုများပါတယ်။"ဟု ဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သည့် ကိုညီက ပြောသည်။
လက်ရှိဆိုင်ကယ်ဈေးကွက်မှ ဈေးနှုန်းများမှာ HONDA WAVE (100) ဆိုင်ကယ် လိုင်စင်အပြီးအစီး ကျပ်(၁,ဝ၉၀,ဝဝဝ)၊ ၂၀၁၆ ခုနှစ်ထုတ် HONDA CLICK ဆိုင်ကယ်ကို လို်င်စင်အပြီးအစီး (၂၁၄၀,ဝဝဝ)ရှိကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~