ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ဖမ္းမည့္သတင္းမ်ားေၾကာင့္ ေစ်းကြက္ရပ္တန္႔

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ဖမ္းမည့္သတင္းမ်ားေၾကာင့္ ေစ်းကြက္ရပ္တန္႔
ဇူလိုင် 7, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္(၇)ရက္
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္းဆီးမည့္ သတင္းမ်ားထြက္ေပၚလာခဲ့မႈေၾကာင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေမာ္ေတာ္ယာဥ္ေစ်းကြက္အတြင္း အေရာင္းအဝယ္ ရပ္တန္႔သြားေၾကာင္း သိရသည္။

"ပထမတုန္းက က်ိဳင္းတံုၿမိဳ႕မွာ ဇူလိုင္(၁)ရက္ေန႔မွာ စဖမ္းမယ္လို႔ သတင္းေတြ ထြက္လာတယ္။ အဲဒီေနာက္ပိုင္း လက္ရွိ လိုင္စင္မဲ့ေတြ စီးေနတဲ့ သူေတြက ျပန္ေရာင္းတာပဲ ရွိလာတယ္။ ဝယ္တာ လံုး၀မရွိဘူး။ ေစ်းကြက္ တစ္ခုလံုး ရပ္သြားတာ။ တကယ္သာ ျပန္ဖမ္းမယ္ဆိုရင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က ေဒသခံေတြ စီးပြားေရး အေတာ္ထိခိုက္ၾကမွာ။ အရင္(၂၀၀၂)တုန္းကလည္း ျဖစ္ၿပီးၿပီ။ ကားေတြသိမ္းၿပီး အကုန္လံုးစီးပြားေရး က်ကုန္တာ"ဟု က်ိဳင္းတံုၿမိဳ႕မွ ေမာ္ေတာ္ယာဥ္၀ယ္ေရာင္းလုပ္ကိုင္သူ ကိုစိုင္းပီးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ဇူလိုင္လမွစ၍ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ပညာေပးကာလ ရက္ေပါင္း(၉၀)သတ္မွတ္ လုပ္ေဆာင္ၿပီးပါက ဖမ္းဆီးမည္ဟု က်ိဳင္းတံုၿမိဳ႕ အမွတ္(၁၁၆) ယာဥ္ထိန္းရဲ တပ္ဖြဲ ့စုက အသိေပးထားေသာ္လည္း တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ညႊန္ၾကားခ်က္ လက္ခံရရွိထားျခင္း မရွိေသးေၾကာင္း တာခ်ီလိတ္ၿမိဳ႕ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွ သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ေစ်းႏႈန္းသက္သာသည့္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္သံုးစြဲမႈမ်ားၿပီး ေက်းလက္ ေဒသမ်ားမွ ဝယ္ယူသူမ်ား အေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအား လိုင္စင္ျပဳလုပ္ရန္ လိုအပ္သည္ကို သိရိွမႈ နည္းျခင္း၊ ဘာသာစကား အခက္အခဲမ်ားေၾကာင့္ ယာဥ္ေမာင္းလိုင္စင္ႏွင့္ ယာဥ္လိုင္စင္လုပ္ေဆာင္မႈ နည္းပါးၾကျခင္းမ်ားရွိေၾကာင္း ေမာ္ေတာ္ယာဥ္ေစ်းကြက္မွ သိရသည္။

"လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဖမ္းဆီးတာထက္စာရင္ သတ္မွတ္ကာလတစ္ခုလုပ္ၿပီး အေကာက္ခြန္ ေကာက္၊ လိုင္စင္လုပ္ေပးလိုက္ရင္ အားလံုးအတြက္ အဆင္ေျပတယ္။ လိုင္စင္လုပ္ၿပီးမွ မလုပ္တဲ့သူေတြ ဖမ္းတာ ဖမ္းေပါ့။ "ဟု တာခ်ီလိတ္ၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ အေရာင္းအ၀ယ္ျပဳလုပ္သူ ကိုမင္းမင္းက ဆိုသည္။

တာခ်ီလိတ္ - မယ္ဆိုင္လမ္းေၾကာင္းမွ ထိုင္းႏိုင္ငံမွ ေမာ္ေတာ္ယာဥ္မ်ားတင္သြင္းရာတြင္ ထုိင္းအေကာက္ခြန္အား အခြန္အျပည့္အ၀ ေဆာင္ၿပီးမွသာ တင္သြင္းခြင့္ရသျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ေစ်းကြက္အတြင္း ျမ၀တီ - မဲေဆာက္ႏွင့္ ထီးခီးလမ္းေၾကာင္းမွ ၀င္ေရာက္လာေသာ ဂ်ပန္ႏိုင္ငံက် ေမာ္ေတာ္ကားမ်ား အ၀င္မ်ားေၾကာင္း သိရသည္။

"လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ၀င္ေရာက္တဲ့ လမ္းေၾကာင္းဆိုရင္ ျမန္မာႏိုင္ငံမွာ (၃)ေပါက္ပဲ ရွိတယ္။ မူဆယ္၊ မဲေဆာက္၊ မယ္ဆိုင္ အဲဒီမွာ ေမာ္ေတာ္ကားဆိုရင္ အမ်ားဆံုးက မဲေဆာက္ - ျမ၀တီ၊ ေမာ္ေတာ္ဆိုင္ကယ္ဆိုရင္ မူဆယ္၊ တာခ်ီလိတ္ - မယ္ဆိုင္ကေန တင္သြင္းတဲ့သူေတြေျပာတာ ထုိင္းႏိုင္ငံကို အခြန္ႏွဳန္းအျပည့္ေပးၿပီးမွ ကူးရေတာ့ ေစ်းႀကီးတယ္။ ဒါေၾကာင့္ ဒီဘက္က တျခားအေပါက္ေတြေလာက္ အ၀င္သိပ္ မမ်ားဘူးလို႔ ေျပာရမယ္"ဟု ေမာ္ေတာ္ယာဥ္ တင္သြင္းေနသူတစ္ဦးက ေျပာသည္။

ျမန္မာနယ္စပ္ေဒသမ်ားျဖစ္သည့္ ျမ၀တီ - မဲေဆာက္လမ္းေၾကာင္းမွ တင္သြင္းသည့္ ဂ်ပန္ႏိုင္ငံက် ေမာ္ေတာ္ယာဥ္မ်ားမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားျဖစ္သည့္ ကိုးကန္႔၊ "၀"အထူးေဒသ၊ မိုင္းလားအထူးေဒသ၊ ကခ်င္ျပည္နယ္မ်ားအျပင္ အျခားေဒသမ်ားသို႔ ပ်ံ႕ႏွံ႔လွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

........................

တာချီလိတ်၊ ဇူလိုင်(၇)ရက်
လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးမည့် သတင်းများထွက်ပေါ်လာခဲ့မှုကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်သွားကြောင်း သိရသည်။

"ပထမတုန်းက ကျိုင်းတုံမြို့မှာ ဇူလိုင်(၁)ရက်နေ့မှာ စဖမ်းမယ်လို့ သတင်းတွေ ထွက်လာတယ်။ အဲဒီနောက်ပိုင်း လက်ရှိ လိုင်စင်မဲ့တွေ စီးနေတဲ့ သူတွေက ပြန်ရောင်းတာပဲ ရှိလာတယ်။ ဝယ်တာ လုံးဝမရှိဘူး။ ဈေးကွက် တစ်ခုလုံး ရပ်သွားတာ။ တကယ်သာ ပြန်ဖမ်းမယ်ဆိုရင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)က ဒေသခံတွေ စီးပွားရေး အတော်ထိခိုက်ကြမှာ။ အရင်(၂၀၀၂)တုန်းကလည်း ဖြစ်ပြီးပြီ။ ကားတွေသိမ်းပြီး အကုန်လုံးစီးပွားရေး ကျကုန်တာ"ဟု ကျိုင်းတုံမြို့မှ မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ ကိုစိုင်းပီးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇူလိုင်လမှစ၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ပညာပေးကာလ ရက်ပေါင်း(၉၀)သတ်မှတ် လုပ်ဆောင်ပြီးပါက ဖမ်းဆီးမည်ဟု ကျိုင်းတုံမြို့ အမှတ်(၁၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုက အသိပေးထားသော်လည်း တာချီလိတ်မြို့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက် လက်ခံရရှိထားခြင်း မရှိသေးကြောင်း တာချီလိတ်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဈေးနှုန်းသက်သာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်သုံးစွဲမှုများပြီး ကျေးလက် ဒေသများမှ ဝယ်ယူသူများ အနဖြေင့် မော်တော်ယာဉ်များအား လိုင်စင်ပြုလုပ်ရန် လိုအပ်သည်ကို သိရှိမှု နည်းခြင်း၊ ဘာသာစကား အခက်အခဲများကြောင့် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်လုပ်ဆောင်မှု နည်းပါးကြခြင်းများရှိကြောင်း မော်တော်ယာဉ်ဈေးကွက်မှ သိရသည်။

"လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးတာထက်စာရင် သတ်မှတ်ကာလတစ်ခုလုပ်ပြီး အကောက်ခွန် ကောက်၊ လိုင်စင်လုပ်ပေးလိုက်ရင် အားလုံးအတွက် အဆင်ပြေတယ်။ လိုင်စင်လုပ်ပြီးမှ မလုပ်တဲ့သူတွေ ဖမ်းတာ ဖမ်းပေါ့။ "ဟု တာချီလိတ်မြို့မှ မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သူ ကိုမင်းမင်းက ဆိုသည်။

တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းမှ ထိုင်းနိုင်ငံမှ မော်တော်ယာဉ်များတင်သွင်းရာတွင် ထိုင်းအကောက်ခွန်အား အခွန်အပြည့်အဝ ဆောင်ပြီးမှသာ တင်သွင်းခွင့်ရသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လိုင်စင်မဲ့ မော်တော်ယာဉ် ဈေးကွက်အတွင်း မြဝတီ - မဲဆောက်နှင့် ထီးခီးလမ်းကြောင်းမှ ဝင်ရောက်လာသော ဂျပန်နိုင်ငံကျ မော်တော်ကားများ အဝင်များကြောင်း သိရသည်။

"လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်တဲ့ လမ်းကြောင်းဆိုရင် မြန်မာနိုင်ငံမှာ (၃)ပေါက်ပဲ ရှိတယ်။ မူဆယ်၊ မဲဆောက်၊ မယ်ဆိုင် အဲဒီမှာ မော်တော်ကားဆိုရင် အများဆုံးက မဲဆောက် - မြဝတီ၊ မော်တော်ဆိုင်ကယ်ဆိုရင် မူဆယ်၊ တာချီလိတ် - မယ်ဆိုင်ကနေ တင်သွင်းတဲ့သူတွေပြောတာ ထိုင်းနိုင်ငံကို အခွန်နှုန်းအပြည့်ပေးပြီးမှ ကူးရတော့ ဈေးကြီးတယ်။ ဒါကြောင့် ဒီဘက်က တခြားအပေါက်တွေလောက် အဝင်သိပ် မများဘူးလို့ ပြောရမယ်"ဟု မော်တော်ယာဉ် တင်သွင်းနေသူတစ်ဦးက ပြောသည်။

မြန်မာနယ်စပ်ဒေသများဖြစ်သည့် မြဝတီ - မဲဆောက်လမ်းကြောင်းမှ တင်သွင်းသည့် ဂျပန်နိုင်ငံကျ မော်တော်ယာဉ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ကိုးကန့်၊ "ဝ"အထူးဒေသ၊ မိုင်းလားအထူးဒေသ၊ ကချင်ပြည်နယ်များအပြင် အခြားဒေသများသို့ ပျံ့နှံ့လျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~