ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး(ဖလား)ရပ္ကြက္ႏွင့္ ေက်းရြာ အမ်ဳိးသား အလြတ္တန္း ေဘာလံုးၿပဳိင္ပဲြ ဖြင့္ပဲြက်င္းပ

ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး(ဖလား)ရပ္ကြက္ႏွင့္ ေက်းရြာ အမ်ဳိးသား အလြတ္တန္း ေဘာလံုးၿပဳိင္ပဲြ ဖြင့္ပဲြက်င္းပ
ဇူလိုင် 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ၿမဳိ႕တြင္ ၂၀၁၆ခုႏွစ္၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး(ဖလား)ရပ္ကြက္ ႏွင့္ ေက်းရြာ အမ်ဳိးသား အလြတ္တန္း ေဘာလံုးၿပဳိင္ပဲြ ကြင္းဖြင့္ပဲြကုိ ဇူလုိင္(၂၁)ရက္၊ ညေန (၃)နာရီခဲြက ၿမဳိ႕မ အားကစားကြင္း၌ က်င္းပ ျပဳလုပ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ က အဖြင့္အမွာစကားေျပာၾကားရာတြင္ အဆင့္အတန္း ျမင့္မားသည့္ အားကစားသမားအျဖစ္ ေရာက္ရွိလာေရး၊ ႏုိင္ငံေတာ္၏ ဂုဏ္သိကၡာကုိ ျမႇင့္တင္ႏုိင္မည့္ မ်ဳိးဆက္သစ္ အားကစားသမားမ်ား ေပၚထြက္လာေရး ရည္ရြယ္၍ ၿပဳိင္ပဲြ က်င္းပျခင္းျဖစ္ေၾကာင္း ထည့္သြင္းေျပာ ၾကားသည္။

ထုိ႔ေနာက္ ၿပဳိင္ပဲြ၀င္ ကစားသမားမ်ားက အားကစားသစၥာအဓိဌာန္ရြတ္ဆုိၿပီး၊ တာေလာ့ရပ္ကြက္ အသင္း ႏွင့္ မုိင္းဖုန္း(ခ)ေက်းရြာအုပ္စုအသင္းတုိ႔က ကြင္းဖြင့္ပဲြအျဖစ္ ယွဥ္ၿပဳိင္ကစားၾကသည္။

အဆုိပါ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး (ဖလား)အမ်ဳိးသားအလြတ္တန္း ေဘာလံုးၿပဳိင္ပဲြကုိ ၂၁-၇-၂၀၁၆ ရက္ေန႔မွ ၈-၉-၂၀၁၆ရက္ေန႔ အထိ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စုမ်ားမွ ေဘာလံုးအသင္း(၂၀)သင္း တုိ႔ ပါ၀င္ယွဥ္ၿပဳိင္ကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ယာေဆး
........................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ၂၀၁၆ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)ရပ်ကွက် နှင့် ကျေးရွာ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ဇူလိုင်(၂၁)ရက်၊ ညနေ (၃)နာရီခွဲက မြို့မ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာစကားပြောကြားရာတွင် အဆင့်အတန်း မြင့်မားသည့် အားကစားသမားအဖြစ် ရောက်ရှိလာရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခါကို မြှင့်တင်နိုင်မည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး ရည်ရွယ်၍ ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ထည့်သွင်းပြော ကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် ကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး၊ တာလော့ရပ်ကွက် အသင်း နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအသင်းတို့က ကွင်းဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား)အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ၂၁-၇-၂၀၁၆ ရက်နေ့မှ ၈-၉-၂၀၁၆ရက်နေ့ အထိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း(၂၀)သင်း တို့ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~