မိုင္းဆတ္ဘက္မွ တာခ်ီလိတ္သို႔ ၀င္ေရာက္လာသည့္ ယာဥ္ေပၚက ဘိန္းျဖဴဘေလာက္တံုး ေတြ႕ရ

မိုင္းဆတ္ဘက္မွ တာခ်ီလိတ္သို႔ ၀င္ေရာက္လာသည့္ ယာဥ္ေပၚက ဘိန္းျဖဴဘေလာက္တံုး ေတြ႕ရ
ဇူလိုင် 17, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရး စခန္းတြင္ မိုင္းဆတ္ဘက္မွ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာတို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ဇူလိုင္လ(၁၇)ရက္ေန႔ (၁၁း၃၀)နာရီအခ်ိန္က ယာဥ္သြား၊ ယာဥ္လာမ်ားအား ရပ္တန္႔ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္သို႔ ၀င္ေရာက္လာသည့္ ၀ိ၀ါလ ေမာင္းႏွင္ၿပီး၊ စိုးလြင္၊ စိုင္းရြက္ ႏွင့္ နန္းအီေမြ႕တို႔ ပါ၀င္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္သည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ စိုးလြင္ ၀တ္ဆင္ထားေသာ ဂ်င္းေဘာင္းဘီအတြင္းမွ အေလးခ်ိန္ (၃၅၀)ဂရမ္ခန္႔ရွိၿပီး ေဒသတန္ဖိုးေငြ က်ပ္သိန္းေပါင္း (၅၆)သိန္းခန္႔ တန္ဖိုးရွိသည့္ ဘိန္းျဖဴ ဘေလာက္တံုး (၁)တံုး အား ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး ၀ွက္ယူသယ္ေဆာင္လာသူႏွင့္ ယာဥ္ေပၚတြင္ ပါရွိလာသူတို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၅၆/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ ဇူလိုင္လ(၁၇)ရက္ေန႔ ညေန(၄း၄၀)နာရီအခ်ိန္က အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
............

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေး စခန်းတွင် မိုင်းဆတ်ဘက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ(၁၇)ရက်နေ့ (၁၁း၃၀)နာရီအချိန်က ယာဉ်သွား၊ ယာဉ်လာများအား ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ ဝင်ရောက်လာသည့် ဝိဝါလ မောင်းနှင်ပြီး၊ စိုးလွင်၊ စိုင်းရွက် နှင့် နန်းအီမွေ့တို့ ပါဝင်သည့် မော်တော်ယာဉ်တစ်စီးအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် စိုးလွင် ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီအတွင်းမှ အလေးချိန် (၃၅၀)ဂရမ်ခန့်ရှိပြီး ဒေသတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၅၆)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ ဘလောက်တုံး (၁)တုံး အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဝှက်ယူသယ်ဆောင်လာသူနှင့် ယာဉ်ပေါ်တွင် ပါရှိလာသူတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၅၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ ဇူလိုင်လ(၁၇)ရက်နေ့ ညနေ(၄း၄၀)နာရီအချိန်က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~