က်ဳိင္းတံု၌ အထူးေရွးဦး ျပဳစုျခင္း(နည္းျပ) သင္တန္းႏွင့္ မိုင္းအႏၱရာယ္အေၾကာင္း သိေကာင္းစရာ ပညာေပးသင္တန္း၏ ဖြင့္လွစ္

က်ဳိင္းတံု၌ အထူးေရွးဦး ျပဳစုျခင္း(နည္းျပ) သင္တန္းႏွင့္ မိုင္းအႏၱရာယ္အေၾကာင္း သိေကာင္းစရာ ပညာေပးသင္တန္း၏ ဖြင့္လွစ္
ဇူလိုင် 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ က်ိဳင္းတုံၿမိဳ႕တြင္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီတို ့ ပူးေပါင္းကာ အထူးေရွးဦးျပဳစုျခင္း(နည္းျပ)သင္တန္းႏွင့္ မိုင္းအႏၱရာယ္အေၾကာင္း သိေကာင္းစရာ ပညာေပးသင္တန္း၏ ဖြင့္ပြဲ အခမ္းအနားကို ဇူလို္င္လ (၂၅)ရက္က က်င္းပသည္။

"ဒီသင္တန္းကို တက္ေရာက္ႏိုင္ဖို႔အတြက္ First Aid(ေရွးဦးသူနာျပဳ)တတ္ၿပီးသား နည္းျပေတြျဖစ္ရမယ္။ နည္းျပေတြမွာမွ မေန႔တစ္ေန႔ကမွ ေအာင္တဲ့နည္းျပေတြ မျဖစ္ရဘူး တကယ္ကို အေတြ ့အၾကဳံရိွတဲ့ First Aid အမ်ားႀကီး လုပ္ခဲ့ဖူးတဲ့ နည္းျပေတြ ျဖစ္ရမယ္ဆိုၿပီးေတာ့ သတ္မွတ္ၿပီး ေခၚယူခဲ့ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ First Aid တတ္ၿပီးသား လူေတြဟာ သဘာ၀ေဘးအႏၱရာယ္ႀကဳံေတြ ့ေနရတဲ့ အေျခအေနေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြ ႀကံဳေတြ ့ရတဲ့ အေျခအေနေတြ၊အႏၱရာယ္မ်ားတဲ့ အေျခအေနေတြမွာ ၾကက္ေျခနီ တစ္ေယာက္အေနနဲ ့ ေရွးဦးျပဳစုျခင္းကို လုပ္မယ္ဆိုရင္ ကိုယ္လည္း အႏၱရာယ္ကင္းေအာင္ ထိခို္က္တဲ့သူလည္း ထပ္ၿပီးေတာ့ အႏၱရာယ္မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို ေဆြးေႏြးပို႔ခ် သြားမွာျဖစ္ပါတယ္။"ဟု ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၊ ေရွးဦးျပဳစုျခင္းႏွင့္ အႏၱရာယ္ကင္းရွင္းေရးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ရွိန္က ေျပာသည္။

သင္တန္းကာလအတြင္း ေရွးဦးသူနာျပဳစုျခင္းႏွင့္ ပတ္သက္၍ ထပ္မံသင္ၾကားသြားမည္ မဟုတ္ေသာ္လည္း ေရွးဦးသူနာျပဳစုျခင္းႏွင့္ ပတ္သက္၍ အေတြ ့အၾကဳံဖလွယ္ကာ ေဆြးေႏြးသြားမည္ျဖစ္ၿပီး အဓိကအားျဖင့္ ေခါင္းေဆာင္မႈ အရည္အခ်င္း၊ အခ်ိန္တိုအတြင္း စီမံခန္႔ခြဲမႈ အရည္အခ်င္းႏွင့္ မိမိကိုယ္ကို မည္ကဲ့သို ့ အကာအကြယ္ ေပးသြားရမည္ ဆိုသည္မ်ားကို သင္ၾကားေပးသြားမည္ျဖစ္သည့္အျပင္ မိုင္းအႏၱရာယ္ႏွင့္ ပတ္သက္၍လည္း သင္တန္းပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အမ်ိဳးသား ၾကက္ေျခနီအသင္းမ်ားမွာရိွတဲ့ ေစတနာ့လုပ္ငန္းရွင္ေတြကို အခုလို သင္တန္းေတြေပးျပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံထားမွသာလွ်င္ သဘာ၀ေဘးအႏၱရာယ္ ေသာ္လည္းေကာင္း၊ အေရးေပၚ အေျခအေနေသာ္ လည္းေကာင္း ၾကဳံေတြ ့လာၿပီဆိုရင္ ေစတနာ့လုပ္ငန္းရွင္ေတြဟာ သူမ်ားေတြထက္ အရင္ ေရာက္ေအာင္သြားၿပီး ကူညီေပးတဲ့အတြက္ သူတို႔ရဲ႕စြမ္းေဆာင္ရည္ျမင့္မားေအာင္ ကၽြန္မတို ့ရဲ ့ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီက အခုလို သင္တန္းမ်ားကို ကူညီေထာက္ပံ့ ေပးေနရျခင္းျဖစ္ပါတယ္။"ဟု (ICRC)မွ ပူးေပါင္းေဆာင္ရြက္ေရး ညႇိႏိႈင္းေရးမွဴး(ရန္ကုန္)မွ Ms Leslie Leach က ေျပာသည္။

အဆိုပါ သင္တန္းကို က်ိဳင္းတုံၿမိဳ႕ တြဲဖက္ ျပည္နယ္ၾကက္ေျခနီ ႀကီးၾကပ္မႈေကာ္မတီရုံးတြင္ ဇူလိုင္လ(၂၅)ရက္ေန ့မွ ၾသဂုတ္လ (၁)ရက္ေန႔ အထိ သင္တန္းပို႔ခ်သြားမည္ျဖစ္ၿပီး အဆိုပါသင္တန္းသို ့ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းျဖတ္၊ မိုင္းခတ္၊ မို္င္းဆတ္၊ မိုင္းယန္း၊ မိုင္းေယာင္း ႏွင့္ မိုင္းပ်ဥ္း စသည့္ၿမိဳ႕မ်ားမွ ၾကက္ေျခနီတပ္ဖြဲ ့၀င္ အရာရိွ(၃၀)ဦး တက္ေရာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"သင္တန္းမွာ ပို ့ခ်ေပးမယ့္ ဘာသာရပ္မ်ားကို ႏိုင္ငံတကာ အေတြ ့အၾကဳံမ်ား၊ ႏိုင္ငံတကာ သင္ရိုးညႊန္းတမ္းမ်ားနဲ ့အညီ သင္ၾကားေပးသြားမွာ ျဖစ္တဲ့အတြက္ ဒီသင္တန္းကို လာတက္ၾကတဲ့ ၿမိဳ ့နယ္ အသီးသီးက သင္တန္းသူ၊ သင္တန္းသားမ်ား အေနနဲ ့ ဂရုတစိုက္ေလ့လာသင္ယူၿပီးေတာ့ မိမိၿမိဳ ့နယ္ မ်ားကို ျပန္လည္ေရာက္ရိွတဲ့ အခါမွာ ဒီကရတဲ့ ပညာေတြနဲ ့ ျပည္သူ႔ အက်ိဳးျပဳလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားၾကပါ။"ဟု က်ိဳင္းတုံခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးက ေျပာသည္။

အဆိုပါ အခမ္းအနားသို ့ က်ိဳင္းတုံခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦး၊ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၊ ေရွးဦးျပဳစုျခင္းႏွင့္ အႏၱရာယ္ကင္းရွင္းေရးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ရွိန္ ႏွင့္  (ICRC)မွ ပူးေပါင္းေဆာင္ရြက္ေရး ညႇိႏိႈင္းေရးမွဴး(ရန္ကုန္)မွ Ms Leslie Leachႏွင့္ တာ၀န္ရိွသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္
....................

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းကာ အထူးရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းနှင့် မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာ ပညာပေးသင်တန်း၏ ဖွင့်ပွဲ အခမ်းအနားကို ဇူလို်င်လ (၂၅)ရက်က ကျင်းပသည်။

"ဒီသင်တန်းကို တက်ရောက်နိုင်ဖို့အတွက် First Aid(ရှေးဦးသူနာပြု)တတ်ပြီးသား နည်းပြတွဖြေစ်ရမယ်။ နည်းပြတွေမှာမှ မနေ့တစ်နေ့ကမှ အောင်တဲ့နည်းပြတွေ မဖြစ်ရဘူး တကယ်ကို အတွေ့အကြုံရှိတဲ့ First Aid အများကြီး လုပ်ခဲ့ဖူးတဲ့ နည်းပြတွေ ဖြစ်ရမယ်ဆိုပြီးတော့ သတ်မှတ်ပြီး ခေါ်ယူခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ First Aid တတ်ပြီးသား လူတွေဟာ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေ၊အန္တရာယ်များတဲ့ အခြေအနေတွေမှာ ကြက်ခြေနီ တစ်ယောက်အနေနဲ့ ရှေးဦးပြုစုခြင်းကို လုပ်မယ်ဆိုရင် ကိုယ်လည်း အန္တရာယ်ကင်းအောင် ထိခို်က်တဲ့သူလည်း ထပ်ပြီးတော့ အန္တရာယ်မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးပို့ချ သွားမှာဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်က ပြောသည်။

သင်တန်းကာလအတွင်း ရှေးဦးသူနာပြုစုခြင်းနှင့် ပတ်သက်၍ ထပ်မံသင်ကြားသွားမည် မဟုတ်သော်လည်း ရှေးဦးသူနာပြုစုခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံဖလှယ်ကာ ဆွေးနွေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် ခေါင်းဆောင်မှု အရည်အချင်း၊ အချိန်တိုအတွင်း စီမံခန့်ခွဲမှု အရည်အချင်းနှင့် မိမိကိုယ်ကို မည်ကဲ့သို့ အကာအကွယ် ပေးသွားရမည် ဆိုသည်များကို သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် မိုင်းအန္တရာယ်နှင့် ပတ်သက်၍လည်း သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အမျိုးသား ကြက်ခြေနီအသင်းများမှာရှိတဲ့ စေတနာ့လုပ်ငန်းရှင်တွေကို အခုလို သင်တန်းတွေပေးပြီးတော့ ရင်းနှီးမြှုပ်နှံထားမှသာလျှင် သဘာဝဘေးအန္တရာယ် သော်လည်းကောင်း၊ အရေးပေါ် အခြေအနေသော် လည်းကောင်း ကြုံတွေ့လာပြီဆိုရင် စေတနာ့လုပ်ငန်းရှင်တွေဟာ သူများတွေထက် အရင် ရောက်အောင်သွားပြီး ကူညီပေးတဲ့အတွက် သူတို့ရဲ့စွမ်းဆောင်ရည်မြင့်မားအောင် ကျွန်မတို့ရဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက အခုလို သင်တန်းများကို ကူညီထောက်ပံ့ ပေးနေရခြင်းဖြစ်ပါတယ်။"ဟု (ICRC)မှ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းရေးမှူး(ရန်ကုန်)မှ Ms Leslie Leach က ပြောသည်။

အဆိုပါ သင်တန်းကို ကျိုင်းတုံမြို့ တွဲဖက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံးတွင် ဇူလိုင်လ(၂၅)ရက်နေ့မှ သြဂုတ်လ (၁)ရက်နေ့ အထိ သင်တန်းပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မို်င်းဆတ်၊ မိုင်းယန်း၊ မိုင်းယောင်း နှင့် မိုင်းပျဉ်း စသည့်မြို့များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် အရာရှိ(၃၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

"သင်တန်းမှာ ပို့ချပေးမယ့် ဘာသာရပ်များကို နိုင်ငံတကာ အတွေ့အကြုံများ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနဲ့အညီ သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် ဒီသင်တန်းကို လာတက်ကြတဲ့ မြို့နယ် အသီးသီးက သင်တန်းသူ၊ သင်တန်းသားများ အနေနဲ့ ဂရုတစိုက်လေ့လာသင်ယူပြီးတော့ မိမိမြို့နယ် များကို ပြန်လည်ရောက်ရှိတဲ့ အခါမှာ ဒီကရတဲ့ ပညာတွေနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြပါ။"ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန် နှင့် (ICRC)မှ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းရေးမှူး(ရန်ကုန်)မှ Ms Leslie Leachနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~