ထံုးဘိုအက်ဥ္းဦးစီးဌာနမွ သိမ္းယူထားေသာ ပိုလွ်ံေျမဧက (၁၀၀)ခန္႔အား ျပန္လည္ေပးရန္ ထပ္မံေတာင္းဆိုမည္

ထံုးဘိုအက်ဥ္းဦးစီးဌာနမွ သိမ္းယူထားေသာ ပိုလွ်ံေျမဧက (၁၀၀)ခန္႔အား ျပန္လည္ေပးရန္ ထပ္မံေတာင္းဆိုမည္
ဇူလိုင် 22, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး၊ ထံုးဘိုအက်ဥ္းဦးစီးဌာနမွ အက်ဥ္းေထာင္ေဆာက္လုပ္ရန္အတြက္ ၁၉၇၉ ခုႏွစ္က သိမ္းယူထားသည့္ ေျမဧက (၁၈၀) ခန္႔အနက္မွ လက္ရိွအခ်ိန္ထိ ပိုလွ်ံေျမျဖစ္ေနသည့္ ေျမဧက (၁၀၀)ခန္႔အား မူလေတာင္သူမ်ားက ျပန္လည္ ရရိွေရးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“သိမ္းထားတဲ့ေျမမွာ သူတို႔တကယ္လိုအပ္တာ တစ္၀က္ေတာင္ မရွိပါဘူး။ ကၽြန္ေတာ္တို႔က စိုက္ပ်ိဳး စားေသာက္ဖို႔ ေျမေလးပဲျပန္လိုခ်င္တာပါ။ တကယ္လို႔ ေလ်ာ္ေၾကးေပးမယ္ဆိုရင္လည္း မလိုခ်င္ပါဘူး။ တခ်ိဳ႕ ေျမပိုင္ရွင္ေတြလည္း မရွိတဲ့သူေတြလည္း မရွိၾကေတာ့ပါဘူး။ သူတို႕ရဲ႕သားသမီးေတြပဲ က်န္ပါ ေတာ့တယ္။ အခုလို ျပန္လည္ ပြင့္လင္းလာတဲ့ေခတ္မွာ ရရွိႏိုင္ဖို႕ေတာင္းဆိုခ်င္တာပါ။”ဟု ေတာင္သူ ဦးေအာင္ျမင့္က ဆိုသည္။

၁၉၇၉ ခုႏွစ္တြင္ အက်ဥ္းစခန္းေဆာက္လုပ္ရန္ ထံုးဘိုရြာမွ ေတာင္သူဦးေရ (၅၀) ပိုင္ဆိုင္သည့္ ေျမဧက ( ၁၈၀) ခန္႔သိမ္းယူခဲ့ၿပီး အက်ဥ္းစခန္းတြင္ ပါ၀င္ေသာေျမမွာ ဧက (၈၀) ခန္႔သာရွိေၾကာင္း သိရသည္။

“ေျမသိမ္းယူခဲ့စဥ္တုန္းက သီးႏွံေလ်ာ္ေၾကးဆိုၿပီး ေပးပါတယ္။ လက္မွတ္လည္း ထိုးေပးခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ ဒီေျမ အတြက္ ပံုစံ (၇)လည္း ရွိပါတယ္။ အခြန္လည္း ႏွစ္စဥ္ေဆာင္ပါတယ္။ စာရြက္စာတမ္း အားလံုး ရွိပါတယ္။ ဒါေပမဲ့ ေျမေပၚ/ေျမေအာက္ သယံဇာတဟာ အစိုးရပိုင္ျဖစ္တဲ့ အတြက္ ေျမယာ ေလ်ာ္ေၾကး မရရွိခဲ့ပါဘူး။ ေျမေပၚမွာ ဇီး၊သရက္စတဲ့ ႏွစ္ရွည္သီးႏွံေတြ စိုက္ပ်ိဳးလုပ္ကိုင္ခဲ့ၾကတာပါ။ သိမ္းယူၿပီး ကတည္းက ပိုတဲ့ေျမေပၚက သစ္ပင္ေတြကို ႏွစ္စဥ္ေလလံေခၚျပီး အက်ဥ္းဦးစီး က လုပ္စားေနပါတယ္။ ေလလံ ဆိုေပမဲ့လည္း သူတို႔အခ်င္းခ်င္းသာ လုပ္ေနၾကတာပါ။ ကၽြန္ေတာ္တို႔ ပိုင္ရွင္ေတြက ဘာမွ မသိရပါဘူး။ ဒီႏွစ္ေလလံေစ်းက သိန္း (၆၀) ရတယ္လို႔လည္းၾကားပါတယ္။”ဟု ေျမပိုင္ရွင္ တစ္ဦးက ဆိုသည္။

ေျမသိမ္းခဲ့ၿပီး (၁၀) ႏွစ္ခန္႔အၾကာ ၁၉၈၉  ခုႏွစ္တြင္ ေျမပိုင္ရွင္ေတာင္သူ (၅၀) ဦးအား သီးႏွံေလ်ာ္ေၾကး အျဖစ္ ဇီးပင္တစ္ပင္လွ်င္ (၂၅) က်ပ္၊ သရက္ပင္တစ္ပင္လွ်င္ က်ပ္ (၂၅၀) ႏႈန္းေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေျမမ်ားျပန္လည္ ရရွိရန္အတြက္ ၂၀၁၄ ခုႏွစ္တြင္ တစ္ႀကိမ္၊၂၀၁၅ ခုႏွစ္တြင္ တစ္ႀကိမ္ ေနျပည္ေတာ္သို႔ အသနားခံစာ တင္ျပေတာင္းဆိုခဲ့ေသာ္လည္း ထူးျခားမႈ မရွိသျဖင့္ ၂၀၁၆ ခုႏွစ္အတြင္း ထပ္မံတင္ျပ ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထံုးဘိုအက်ဥ္းေထာင္အတြက္ ၁၉၈၇ ခုႏွစ္က ေျမသိမ္းယူၿပီး လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရး ဥပေဒအရဟုဆိုကာ ထံုးဘိုအက်ဥ္းေထာင္ပိုင္ေျမအျဖစ္ တရား၀င္ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

......................

မန္တလေးတိုင်းဒေသကြီး၊ ထုံးဘိုအကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်ဆောက်လုပ်ရန်အတွက် ၁၉၇၉ ခုနှစ်က သိမ်းယူထားသည့် မြေဧက (၁၈၀) ခန့်အနက်မှ လက်ရှိအချိန်ထိ ပိုလျှံမြဖြေစ်နေသည့် မြေဧက (၁၀၀)ခန့်အား မူလတောင်သူများက ပြန်လည် ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သိမ်းထားတဲ့မြေမှာ သူတို့တကယ်လိုအပ်တာ တစ်ဝက်တောင် မရှိပါဘူး။ ကျွန်တော်တို့က စိုက်ပျိုး စားသောက်ဖို့ မြေလေးပဲပြန်လိုချင်တာပါ။ တကယ်လို့ လျော်ကြေးပေးမယ်ဆိုရင်လည်း မလိုချင်ပါဘူး။ တချို့ မြေပိုင်ရှင်တွေလည်း မရှိတဲ့သူတွေလည်း မရှိကြတော့ပါဘူး။ သူတို့ရဲ့သားသမီးတွေပဲ ကျန်ပါ တော့တယ်။ အခုလို ပြန်လည် ပွင့်လင်းလာတဲ့ခေတ်မှာ ရရှိနိုင်ဖို့တောင်းဆိုချင်တာပါ။”ဟု တောင်သူ ဦးအောင်မြင့်က ဆိုသည်။

၁၉၇၉ ခုနှစ်တွင် အကျဉ်းစခန်းဆောက်လုပ်ရန် ထုံးဘိုရွာမှ တောင်သူဦးရေ (၅၀) ပိုင်ဆိုင်သည့် မြေဧက ( ၁၈၀) ခန့်သိမ်းယူခဲ့ပြီး အကျဉ်းစခန်းတွင် ပါဝင်သောမြေမှာ ဧက (၈၀) ခန့်သာရှိကြောင်း သိရသည်။

“မြေသိမ်းယူခဲ့စဉ်တုန်းက သီးနှံလျော်ကြေးဆိုပြီး ပေးပါတယ်။ လက်မှတ်လည်း ထိုးပေးခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီမြေ အတွက် ပုံစံ (၇)လည်း ရှိပါတယ်။ အခွန်လည်း နှစ်စဉ်ဆောင်ပါတယ်။ စာရွက်စာတမ်း အားလုံး ရှိပါတယ်။ ဒါပေမဲ့ မြေပေါ်/မြေအောက် သယံဇာတဟာ အစိုးရပိုင်ဖြစ်တဲ့ အတွက် မြေယာ လျော်ကြေး မရရှိခဲ့ပါဘူး။ မြေပေါ်မှာ ဇီး၊သရက်စတဲ့ နှစ်ရှည်သီးနှံတွေ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြတာပါ။ သိမ်းယူပြီး ကတည်းက ပိုတဲ့မြေပေါ်က သစ်ပင်တွေကို နှစ်စဉ်လေလံခေါ်ပြီး အကျဉ်းဦးစီး က လုပ်စားနေပါတယ်။ လေလံ ဆိုပေမဲ့လည်း သူတို့အချင်းချင်းသာ လုပ်နကြေတာပါ။ ကျွန်တော်တို့ ပိုင်ရှင်တွေက ဘာမှ မသိရပါဘူး။ ဒီနှစ်လေလံဈေးက သိန်း (၆၀) ရတယ်လို့လည်းကြားပါတယ်။”ဟု မြေပိုင်ရှင် တစ်ဦးက ဆိုသည်။

မြေသိမ်းခဲ့ပြီး (၁၀) နှစ်ခန့်အကြာ ၁၉၈၉ ခုနှစ်တွင် မြေပိုင်ရှင်တောင်သူ (၅၀) ဦးအား သီးနှံလျော်ကြေး အဖြစ် ဇီးပင်တစ်ပင်လျှင် (၂၅) ကျပ်၊ သရက်ပင်တစ်ပင်လျှင် ကျပ် (၂၅၀) နှုန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေများပြန်လည် ရရှိရန်အတွက် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် နပြေည်တော်သို့ အသနားခံစာ တင်ပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ၂၀၁၆ ခုနှစ်အတွင်း ထပ်မံတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထုံးဘိုအကျဉ်းထောင်အတွက် ၁၉၈၇ ခုနှစ်က မြေသိမ်းယူပြီး လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရဟုဆိုကာ ထုံးဘိုအကျဉ်းထောင်ပိုင်မြေအဖြစ် တရားဝင်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~