ဒေသတွင်း တိုက်ပွဲများကြောင့် သီပေါမြို့သို့ စစ်ဘေးရှောင်များ ထပ်တိုးရောက်လာ
ဒေသတွင်း တိုက်ပွဲများကြောင့် သီပေါမြို့သို့ စစ်ဘေးရှောင်များ ထပ်တိုးရောက်လာ
ဇူလိုငျ 14, 2016
By Tachileik News Agency
ဒေသတွင်းတိုက်ပွဲများကြောင့် သီပေါမြို့သို့  ဇွန်လ (၈) ရက်နေ့က စစ်ဘေးရှောင် (၂၀၀)ကျော် ရောက်ရှိနေရာမှ ဇူလိုင်လ (၉)ရက်တွင် ထပ်တိုးရောက်လာသဖြင့် စုစုပေါင်း စစ်ဘေးရှောင် (၃၀၀)နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်းစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်(၃၃၉)ဦးရှိသည့်အနက် မီးဖွားထားသည့် မိခင်(၈)ဦး၊ မူကြိုကလေးငယ် (၂၃)ဦးနှင့် မူလတန်းကျောင်းသား (၁၃)ဦး ပါဝင်သဖြင့် တိုက်ပွဲအခြေအနေကြည့်၍ အဆိုပါ ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကို စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်များအတွက် စားသောက်ရေးအတွက် အလှူရှင်များ လိုအပ်လျှက်ရှိပြီး လတ်တလောတွင် ပထမစစ်ဘေးရှောင်စခန်းဖွင့်လှစ်စဉ်က ရှမ်းပြည်နယ်အစိုးရက ကူညီပေးထားသည့် ငွေကျပ်သိန်း (၁၀၀)ဖြင့် ကူညီထောက်ပံ့နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။  ။ အောင်ပြည့်
................
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အွန်မုကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာအနီးတွင် RCSS/SSA နှင့် PSLF/TNLA တို့၏ ဇူလိုင်လ (၇) ရက်နေ့မှ စတင်သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ သီပေါမြို့သို့ ထပ်တိုးရောက်လာကြောင်း သိရသည်။
ဒေသတွင်းတိုက်ပွဲများကြောင့် သီပေါမြို့သို့ ဇွန်လ (၈) ရက်နေ့က စစ်ဘေးရှောင် (၂၀၀)ကျော် ရောက်ရှိနေရာမှ ဇူလိုင်လ (၉)ရက်တွင် ထပ်တိုးရောက်လာသဖြင့် စုစုပေါင်း စစ်ဘေးရှောင် (၃၀၀)နီးပါး ရှိနပြေီဖြစ်ကြောင်း သိရသည်။
"(၉)ရက်နေ့ ည (၁၂)နာရီလောက်ကလည်း ရွာထဲကနေ လှမ်းပစ်လို့ ရွာသားတွေက ကြောက်လန့်ပြီး အိမ်စောင့် ချန်နေသူတွေပါ မြို့ထဲက စစ်ဘေးရှောင်စခန်းကို ရောက်လာတာပါ။ ဒီနေ့ရောက်လာတာနဲ့ဆို (၃၃၉) ဦးရှိပြီ။”ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံ အတွင်းရေးမှူး ဒေါ်ဝါဝါတင်က ဆိုသည်။
ယင်းစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်(၃၃၉)ဦးရှိသည့်အနက် မီးဖွားထားသည့် မိခင်(၈)ဦး၊ မူကြိုကလေးငယ် (၂၃)ဦးနှင့် မူလတန်းကျောင်းသား (၁၃)ဦး ပါဝင်သဖြင့် တိုက်ပွဲအခြေအနကြေည့်၍ အဆိုပါ ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကို စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
"ကျောင်းသားတွေအတွက်တော့ လက်ရှိဘာမှမလုပ်ဆောင်ရသေးပါဘူး။ စောင့်ကြည့်အနေအထားပဲ ရှိပါသေးတယ်။ ကျေးရွာက ဆရာ/မတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ စခန်းမှာ လာရောက်နေထိုင်ခြင်း မရှိသေးတော့ ဘယ်လိုလုပ်မယ်ဆိုတာ မစီစဉ်ရသေးပါဘူး။ ပြီးခဲ့တဲ့ ပထမတစ်ခေါက်တုန်းကတော့ မြို့မှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းနဲ့ တွဲလိုက်တယ်" ဟု ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ ကိုအောင်အောင်က ပြောသည်။
လက်ရှိတွင် ဘုန်းကြီးကျောင်းအတွင်း ဖွင့်ထားသည့် စစ်ဘေးရှောင်စခန်းမှာ မကြာမီ ဝါတွင်းဥပုသ်ကာလ ရောက်တော့မည်ဖြစ်သဖြင့် နေထိုင်ရေး အခက်အခဲများ ရှိလာနိုင်ကြောင်း စခန်းကြီးကြပ်ရေးမှူး ဦးခင်ဇော်က ပြောသည်။
"အိမ်မှာ လယ်ယာသုံးပစ္စည်းတွေ၊ အိမ်မွေးတိရစာ္ဆန်ကျွဲနွား၊ဝက်၊ကြက်တွေပါ ထားခဲ့ရတာ။ တချို့ကျတော့ အိမ်စောင့်တစ်ယောက်လောက် ထားခဲ့ကြတာရှိတယ်။ တချို့ကျတော့ တံခါးပိတ်ချိန်တောင် မရခဲ့ပါဘူး။ ရွာမှာစိုက်ပျိုးထားတဲ့ စပါး၊ပြောင်းပင်တွေကိုသွားရောက် လုပ်ကိုင်ဖို့ဆိုတာ တိုက်ပွဲတွပြေီးမှ အေးချမ်းမှ ဖြစ်မှာမို့ ဖြစ်နိုင်ရင် တိုက်ပွဲတွေကို အမြန်ရပ်စေချင်ပါတယ်"ဟု မန်လွယ်ရွာသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များအတွက် စားသောက်ရေးအတွက် အလှူရှင်များ လိုအပ်လျှက်ရှိပြီး လတ်တလောတွင် ပထမစစ်ဘေးရှောင်စခန်းဖွင့်လှစ်စဉ်က ရှမ်းပြည်နယ်အစိုးရက ကူညီပေးထားသည့် ငွေကျပ်သိန်း (၁၀၀)ဖြင့် ကူညီထောက်ပံ့နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း။ အောင်ပြည့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~