တာချီလိတ်က ဆိုးဝါးနေတဲ့လမ်းကို တာဝန်ရှိသူများ ပြုပြင်ပေးရန် ဒေသခံများ လိုလား
တာချီလိတ်က ဆိုးဝါးနေတဲ့လမ်းကို တာဝန်ရှိသူများ ပြုပြင်ပေးရန် ဒေသခံများ လိုလား
ဇူလိုငျ 24, 2016
By Tachileik News Agency
တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့လမ်းကြားမှ ၀င်ရောက်ရသည့် တော်ဝင်လမ်း(မြို့ရှောင်လမ်း)တစ်လျှောက်တွင် မိုးတွင်းအခါ၌ လမ်းများမှာ ဆိုးဝါးစွာဖြစ်ပေါ်နေပြီး၊ မိုးကင်းလွတ်သည့် ရာသီများတွင်လည်း အဆိုပါ လမ်းများမှာ ဆိုးဝါးနေဆဲဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ပြုပြင်ပေးနိုင်ရန် ဒေသခံများမှ လိုလားနေလျှက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းအား ၂၀၁၂ခုနှစ် အောက်တိုဘာလ  (၁၅)ရက်နေ့က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန နှင့် မြန်မာဧရာမွန်ကုမ္ပဏီတို့  ကျောက်မြေဖို့မှုများ ပြုလုပ်ခဲ့သော်လည်း ကားကြီးများ အသွားအလာများသည့်အတွက် ယခုအခါမှာ ပြုပြင်သူမဲ့နေပြီး လမ်းသွားလမ်းလာ နှင့် ယာဉ်ကြီးယာဉ်ငယ်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ကိုဇက်
....................
တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့လမ်းကြားမှ ဝင်ရောက်ရသည့် တော်ဝင်လမ်း(မြို့ရှောင်လမ်း)တစ်လျှောက်တွင် မိုးတွင်းအခါ၌ လမ်းများမှာ ဆိုးဝါးစွာဖြစ်ပေါ်နပြေီး၊ မိုးကင်းလွတ်သည့် ရာသီများတွင်လည်း အဆိုပါ လမ်းများမှာ ဆိုးဝါးနေဆဲဖြစ်သည့်အတွက် တာဝန်ရှိသူများအနဖြေင့် ပြုပြင်ပေးနိုင်ရန် ဒေသခံများမှ လိုလားနေလျှက်ရှိကြောင်း သိရသည်။
"ဒီလမ်းကနေ ကျောက်ကားတွေ၊ မြေသယ်ကားတွေ အဲ့လို ကားကြီးတွေ အသွားများတယ်၊ လမ်းကတော့ ထုံးစံအတိုင်းပဲ နွေရာသီဆို ချိုင့်ခွက်တွေနဲ့ ဖုန်ထတာတွဖြေစ်သလို၊ မိုးရာသီဆိုရင် သွားရလာရ တော်တော်ဆိုးတယ်။ ဒီလမ်းပျက်နေတာကြာပြီ တာဝန်ရှိသူတွေ မမြင်တာလားဆိုတာ မပြောတတ်ပါဘူးဗျာ"ဟု အဆိုပါ လမ်းအနီးနေ ကိုအောင်မင်းက ပြောသည်။
ပုံနှင့်တကွ ဖော်ပြထားရှိသည့် လမ်းသည် လွယ်စတုံမှတဆင့် ကျောက်ကား၊ မြေကားများ နှင့် ကားကြီးများ အသွားအလာများသည့် လမ်းဟု သိရပြီး မြို့ရှောင်လမ်းဖြစ်ကြောင်း သိရသည်။
"ဒီလမ်းက ကားကြီးတွေအတွက် ပတ်လမ်းဆိုတော့ လမ်းပျက်တာတော့ မြန်တယ်၊ ဒီလမ်းကို မပြင်ပဲ ထားရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ လမ်းသွားလမ်းလာတွေအတွက် တကယ်အဆင်မပြေလို့ တာဝန်ရှိသူများ ပြင်ပေးစေလိုပါတယ်"ဟု စိုင်းခမ်းခေါင်က ပြောသည်။
အဆိုပါလမ်းအား ၂၀၁၂ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန နှင့် မြန်မာဧရာမွန်ကုမ္ပဏီတို့ ကျောက်မြေဖို့မှုများ ပြုလုပ်ခဲ့သော်လည်း ကားကြီးများ အသွားအလာများသည့်အတွက် ယခုအခါမှာ ပြုပြင်သူမဲ့နပြေီး လမ်းသွားလမ်းလာ နှင့် ယာဉ်ကြီးယာဉ်ငယ်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~