ႏိုင္ငံ့ဝန္ထမ္းမ်ားနွင့္ ေက်ာင္းသားမ်ား၏ ေမာ္ေတာ္ယာဥ္မ်ားကိုပါ တာခ်ီလိတ္ရွိ စက္မႈဇုန္ဝမ္ပံုျဖတ္လမ္း(ဦးထြန္းေအာင္)ဂိတ္မွ ဂိတ္ေၾကးေကာက္ခံ၍ ႀကီးမားစြာ အခက္ေတြ႕

ႏိုင္ငံ့ဝန္ထမ္းမ်ားနွင့္ ေက်ာင္းသားမ်ား၏ ေမာ္ေတာ္ယာဥ္မ်ားကိုပါ တာခ်ီလိတ္ရွိ စက္မႈဇုန္ဝမ္ပံုျဖတ္လမ္း(ဦးထြန္းေအာင္)ဂိတ္မွ ဂိတ္ေၾကးေကာက္ခံ၍ ႀကီးမားစြာ အခက္ေတြ႕
ဇူလိုင် 16, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ႏွင့္ မိုင္းဖုန္း - ၀မ္ပံုသို႔ ဆက္သြယ္သည့္လမ္းမွ စက္မႈဇုန္၀မ္ပံုျဖတ္လမ္း(ဦးထြန္းေအာင္)ဂိတ္က ဇူလိုင္လ(၁၅)ရက္ေန႔မွစတင္၍ ႏိုင္ငံ့၀န္ထမ္း မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေမာ္ေတာ္ယာဥ္မ်ားကိုပါ လမ္းျဖတ္သန္းခ ေကာက္ခံေနသည့္အတြက္ ေ၀ဖန္သံမ်ား ထြက္ေပၚေနေၾကာင္း ၾကားသိရသည္။

"ကြ်န္မတို႔က ကေလးေတြကို ၿမိဳ႕ထဲကေန ကားေတြ၊ ဆိုင္ကယ္ေတြနဲ႔ လာၿပီး စာသင္ေပးတာ။ စီးပြားေရး အတြက္ ဒီလမ္းကေန သြားလာေနတာ မဟုတ္ပါဘူး။ ရတဲ့လစာက နည္းနည္းေလးနဲ႔ ဒီဂိတ္ကေန ျဖတ္သန္းခ အျဖစ္ အသြားအျပန္ ဘတ္(၁၀၀) ေပးရမယ္ဆိုတာက မျဖစ္ႏိုင္ပါဘူး။ ကြ်န္မတို႔လို ပညာေရး၀န္ထမ္းေတြ အတြက္ စဥ္းစားေပးသင့္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕တြင္းမွ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စုအတြင္းရွိ ေက်ာင္းသို႔ ေန႔စဥ္သြားေရာက္ သင္ၾကားေပးေနရသည့္ ဆရာမတစ္ဦးက ေျပာသည္။

အဆိုပါလမ္းေၾကာင္းရိွ လမ္းျဖတ္သန္းခေကာက္ယူခံသည့္ ဂိတ္မ်ားအနက္ စက္မႈဇုန္ဝမ္ပံုျဖတ္လမ္းဂိတ္မွာ ဂိတ္ေၾကးအမ်ားဆံုး ေကာက္ခံေနသျဖင့္ ေလွ်ာ့ေပါ့ေပးရန္ ေဒသခံမ်ား၏ ေတာင္းဆိုခ်က္ကို လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ျပည္သူမ်ားက ဂိတ္တာ၀န္ရွိသူ ဦးထြန္းေအာင္အား ဇူလိုင္လ (၁၄)ရက္ေန႔က ေတြ႕ဆံု ညႇိႏႈိင္းခဲ့ရာ ဆိုင္ကယ္ျဖတ္သန္းခတစ္ခုထဲကိုသာ ယခင္ကထက္ (၁၀)ဘတ္ ေလွ်ာ့ေပးလိုက္ၿပီး ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ား၏ ေမာ္ေတာ္ယာဥ္မ်ားကိုပါ ဂိတ္ေၾကးေကာက္ခံ လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"က်န္တဲ့ဂိတ္ေတြက ေက်ာင္းသားေတြနဲ႔ ႏိုင္ငံ့၀န္ထမ္းေတြဆိုရင္ ဂိတ္ျဖတ္သန္းခ မေပးရပါဘူး။ အခုဂိတ္ ကေတာ့ ေပးရတယ္။ ကားနဲ႔သြားသူေတြက ေငြေၾကးရွိလို႔ဆိုၿပီး သတ္မွတ္လို႔မရပါဘူး။ ဒီလိုေဒသမွာက ေငြေၾကးမခ်မ္းသာလည္း ကိုယ္ပိုင္ကား စီးႏိုင္ၾကတာပဲေလ။ ဒီလိုမ်ဳိးသာ တစ္ရက္ ဘတ္(၁၀၀)ေပးရမယ္ ဆိုရင္ေတာ့ ကြ်န္မတို႔အေနနဲ႔ ကေလးေတြကို စာသြားသင္ေပးဖို႔ အခက္အခဲရွိပါတယ္"ဟု မိုင္းဖုန္းေက်းရြာ အုပ္စုမွ ဆရာမတစ္ဦးက ေျပာသည္။

အဆိုပါ ဂိတ္တြင္ ဇူလိုင္လ(၁၅)ရက္ မတိုင္မီက ေမာ္ေတာ္ဆိုင္ကယ္အား (၂၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ ေကာက္ခံခဲ့ရာမွ ဇူလိုင္လ(၁၅)ရက္ေန႔မွစ၍ ေမာ္ေတာ္ဆိုင္ကယ္ အား (၁၀)ဘတ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား မူလႏႈန္းထားအတိုင္း ေကာက္ခံေနၿပီး ယခင္က အခမဲ့ ျဖတ္သန္း သြားလာခြင့္ျပဳထားေသာ ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို ဇူလိုင္လ(၁၅)ရက္ေန႔မွစ၍ ေကာက္ခံလိုက္ျခင္းျဖစ္သည္။

"ႏိုင္ငံေတာ္ပိုင္တဲ့ ဒီလမ္းမွာ ႏိုင္ငံ့တာ၀န္ထမ္းေဆာင္ေနတဲ့ ၀န္ထမ္းေတြကို ေကာက္တယ္ဆိုေတာ့ မျဖစ္သင့္ပါဘူး။ ကြ်န္ေတာ္တို႔က ၀မ္ပံုမွာ တာ၀န္က်လို႔ သြားတာေတြ၊ စစ္ေဆးမႈေတြရွိလို႔ သြားရတာေတြ ရွိပါတယ္။ ကြ်န္ေတာ္တို႔လည္း ဒီလမ္းကေန တာ၀န္အရ သြားၾကတာပါ။ ၀န္ထမ္းေတြကို အရင္က ျဖတ္သန္းခြင့္ေပးခဲ့ၿပီးမွ အခုက်ေတာ့ ျဖတ္သန္းခြင့္မေပးေတာ့ဘဲ ျဖတ္သန္းခ ေကာက္မယ္ဆိုတာ မျဖစ္သင့္ပါဘူး" ဟု ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။

အဆိုပါ လမ္းပိုင္းကို အသံုးျပဳေနသူမ်ားတြင္ မိုင္းဖုန္း(က/ခ)ေက်းရြာမ်ားမွ တာခ်ီလိတ္ၿမိဳ႕ အေျခခံပညာ အထက္တန္းေက်ာင္းမ်ားသို႔ ေန႔စဥ္ေက်ာင္းတက္ေနရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလည္း ရိွေနသျဖင့္ ေက်ာင္းသားမိဘမ်ားမွ ေရရွည္တြင္ အခက္အခဲမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။

"ကြ်န္မရဲ႕ ကေလးေတြက အခုဆို (၈)တန္းေရာက္ၿပီ။ ၿမိဳ႕ထဲက ေက်ာင္းေတြမွာပဲ ထားထားတာ။ မိုင္းဖုန္းနဲ႔ ၿမိဳ႕ထဲက မေ၀းဘူးဆိုေတာ့ ကေလးေတြက မနက္ဆိုသြားၿပီး ေက်ာင္းဆင္းတာနဲ႔ ျပန္လာၾကတာ။ အဲဒီလို ေန႔စဥ္ အသြားအျပန္လုပ္ေနရတဲ့ ကြ်န္မတို႔ ကေလးေတြလို ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ဂိတ္ျဖတ္သန္းခ ေပးရမယ္ဆိုရင္ တကယ္ကို အဆင္မေျပပါဘူး။ ကေလးေတြက စာသင္ဖို႔ သြားၾကတာပါ။ စီးပြားသြားရွာေနၾကတာ မဟုတ္ပါဘူး။ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ မေကာက္ဖို႔ ေမတၱာရပ္ခံ ပါရေစရွင္"ဟု မိုင္းဖုန္း(က)ေက်းရြာအုပ္စုေန ေဒၚနန္း၀ိုးခမ္းက ေျပာသည္။

အဆိုပါဂိတ္မွ ျဖတ္သန္းခ ေကာက္ခံရာတြင္ တစ္ေန႔အတြင္း ျဖတ္သန္းသြားသည့္ အႀကိမ္တိုင္းအတြက္ ဂိတ္ေၾကးေပးေနရသျဖင့္ ေဒသခံမ်ားအေနျဖင့္ လမ္းပိုင္းအသံုးျပဳခေၾကာင့္ အခက္အခဲျဖစ္ေနမွဳကုိ ေတာင္းဆို ညိႇႏိႈင္းခဲ့သည္ကို ႏုိင္ငံ့ဝန္ထမ္းႏွင့္ ေက်ာင္းသားမ်ားအေပၚတြင္ပါ ထပ္တိုး ေတာင္းခံလုိက္ျခင္းအေပၚ ေဒသတြင္း ေဝဖန္မႈမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

"အခုလို လမ္းခင္းေပးထားတာကိုေတာ့ ေက်းဇူးတင္ရမွာ ျဖစ္ေပမဲ့ (၁၇)ႏွစ္လံုးလံုး ႏိုင္ငံေတာ္ကို အခြန္လည္း မေပးဘဲ ပိုက္ဆံေကာက္ခံလာတာၾကည့္ရင္ ႏိုင္ငံေတာ္အတြက္လည္း အက်ိဳးအျမတ္မရွိဘူး။ ျပည္သူ အတြက္လည္း အခြန္ေပးရတာ ဘာအတြက္မွန္းမသိဘူး။ ေနာက္တစ္ခုက ဒီလိုလမ္းခင္းၿပီး ပိုက္ဆံေကာက္လို႔ရရင္ ပိုက္ဆံရွိတဲ့ လူတိုင္း လမ္းေတြ၊ တံတားေတြ လိုက္တည္ေဆာက္ခင္းၿပီး အခြန္ပဲ ထိုင္ေကာက္ေနၾကေတာ့မွာေပါ့့။ အခုက ဆိုင္ကယ္ကို (၁၀)ဘတ္ေလး ေလွ်ာ့ေပးၿပီး ၀န္ထမ္းေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြအေပၚ ျဖတ္သန္းခ ေကာက္တယ္ဆိုတာက ေစတနာပါပါနဲ႔ လုပ္တဲ့အလုပ္ မဟုတ္ဘူးလို႔ သံုးသပ္မိပါတယ္"ဟု လူ႔အခြင့္အေရးေလ့လာသံုးသပ္သူ ဦးေအာင္သိန္းက ေဝဖန္လိုက္သည္။

အဆိုပါလမ္းေၾကာင္းရိွ ျမန္မာဧရာမြန္ကုမၸဏီမွ ေကာက္ခံသည့္ လမ္းျဖတ္သန္းခဂိတ္ေၾကးမွာ ေမာ္ေတာ္ဆိုင္ကယ္ (၁) စီးလွ်င္ (၅)ဘတ္ႏွင့္ ေမာ္ေတာ္ကားတစ္စီးလွ်င္ ဘတ္(၂၀)သာ ေကာက္ခံေနျခင္းျဖစ္ေၾကာင္း သိရသည္။

စက္မႈဇုန္၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွာ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ ေရႊႀတိဂံတိုင္းမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ေဒသဖြံ႕ၿဖိဳးေရး စီမံခ်က္ျဖင့္ အရွည္(၂)မိုင္ (၂)ဖာလံုရိွသည့္ လမ္းပိုင္းကုိ အႏွစ္ (၂၀)ေပးခဲ့ျခင္းျဖစ္ရာ ဂိတ္ေၾကးေကာက္ခံပိုင္ခြင့္မွာ ၂၀၁၉ ခုႏွစ္ မတ္လ(၁)ရက္ေန႔အထိ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုေဇာင္း

......................

တာချီလိတ်မြို့နှင့် မိုင်းဖုန်း - ဝမ်ပုံသို့ ဆက်သွယ်သည့်လမ်းမှ စက်မှုဇုန်ဝမ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ်က ဇူလိုင်လ(၁၅)ရက်နေ့မှစတင်၍ နိုင်ငံ့ဝန်ထမ်း များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်များကိုပါ လမ်းဖြတ်သန်းခ ကောက်ခံနေသည့်အတွက်ေဝဖန်သံများ ထွက်ပေါ်နေကြောင်း ကြားသိရသည်။

"ကျွန်မတို့က ကလေးတွေကို မြို့ထဲကနေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာပြီး စာသင်ပေးတာ။ စီးပွားရေး အတွက် ဒီလမ်းကနေ သွားလာနေတာ မဟုတ်ပါဘူး။ ရတဲ့လစာက နည်းနည်းလေးနဲ့ ဒီဂိတ်ကနေ ဖြတ်သန်းခ အဖြစ် အသွားအပြန် ဘတ်(၁၀၀) ပေးရမယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ကျွန်မတို့လို ပညာရေးဝန်ထမ်းတွေ အတွက် စဉ်းစားပေးသင့်ပါတယ်"ဟု တာချီလိတ်မြို့တွင်းမှ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသို့ နေ့စဉ်သွားရောက် သင်ကြားပေးနေရသည့် ဆရာမတစ်ဦးက ပြောသည်။

အဆိုပါလမ်းကြောင်းရှိ လမ်းဖြတ်သန်းခကောက်ယူခံသည့် ဂိတ်များအနက် စက်မှုဇုန်ဝမ်ပုံဖြတ်လမ်းဂိတ်မှာ ဂိတ်ကြေးအများဆုံး ကောက်ခံနေသဖြင့် လျှော့ပေါ့ပေးရန် ဒေသခံများ၏ တောင်းဆိုချက်ကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများက ဂိတ်တာဝန်ရှိသူ ဦးထွန်းအောင်အား ဇူလိုင်လ (၁၄)ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ရာ ဆိုင်ကယ်ဖြတ်သန်းခတစ်ခုထဲကိုသာ ယခင်ကထက် (၁၀)ဘတ် လျှော့ပေးလိုက်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသားများ၏ မော်တော်ယာဉ်များကိုပါ ဂိတ်ကြေးကောက်ခံ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျန်တဲ့ဂိတ်တွေက ကျောင်းသားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုရင် ဂိတ်ဖြတ်သန်းခ မပေးရပါဘူး။ အခုဂိတ် ကတော့ ပေးရတယ်။ ကားနဲ့သွားသူတွေက ငွေကြေးရှိလို့ဆိုပြီး သတ်မှတ်လို့မရပါဘူး။ ဒီလိုဒေသမှာက ငွေကြေးမချမ်းသာလည်း ကိုယ်ပိုင်ကား စီးနိုင်ကြတာပဲလေ။ ဒီလိုမျိုးသာ တစ်ရက် ဘတ်(၁၀၀)ပေးရမယ် ဆိုရင်တော့ ကျွန်မတို့အနေနဲ့ ကလေးတွေကို စာသွားသင်ပေးဖို့ အခက်အခဲရှိပါတယ်"ဟု မိုင်းဖုန်းကျေးရွာ အုပ်စုမှ ဆရာမတစ်ဦးက ပြောသည်။

အဆိုပါ ဂိတ်တွင် ဇူလိုင်လ(၁၅)ရက် မတိုင်မီက မော်တော်ဆိုင်ကယ်အား (၂၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ မော်တော်ဆိုင်ကယ် အား (၁၀)ဘတ်နှင့် မော်တော်ယာဉ်များအား မူလနှုန်းထားအတိုင်း ကောက်ခံနပြေီး ယခင်က အခမဲ့ ဖြတ်သန်း သွားလာခွင့်ပြုထားသော နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ ကောက်ခံလိုက်ခြင်းဖြစ်သည်။

"နိုင်ငံတော်ပိုင်တဲ့ ဒီလမ်းမှာ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ကောက်တယ်ဆိုတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့က ဝမ်ပုံမှာ တာဝန်ကျလို့ သွားတာတွေ၊ စစ်ဆေးမှုတွေရှိလို့ သွားရတာတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဒီလမ်းကနေ တာဝန်အရ သွားကြတာပါ။ ဝန်ထမ်းတွေကို အရင်က ဖြတ်သန်းခွင့်ပေးခဲ့ပြီးမှ အခုကျတော့ ဖြတ်သန်းခွင့်မပေးတော့ဘဲ ဖြတ်သန်းခ ကောက်မယ်ဆိုတာ မဖြစ်သင့်ပါဘူး" ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းကို အသုံးပြုနေသူများတွင် မိုင်းဖုန်း(က/ခ)ကျေးရွာများမှ တာချီလိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်းများသို့ နေ့စဉ်ကျောင်းတက်နေရသည့် ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေသဖြင့် ကျောင်းသားမိဘများမှ ရေရှည်တွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

"ကျွန်မရဲ့ ကလေးတွေက အခုဆို (၈)တန်းရောက်ပြီ။ မြို့ထဲက ကျောင်းတွေမှာပဲ ထားထားတာ။ မိုင်းဖုန်းနဲ့ မြို့ထဲက မေဝးဘူးဆိုတော့ ကလေးတွေက မနက်ဆိုသွားပြီး ကျောင်းဆင်းတာနဲ့ ပြန်လာကြတာ။ အဲဒီလို နေ့စဉ် အသွားအပြန်လုပ်နေရတဲ့ ကျွန်မတို့ ကလေးတွေလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂိတ်ဖြတ်သန်းခ ပေးရမယ်ဆိုရင် တကယ်ကို အဆင်မပြေပါဘူး။ ကလေးတွေက စာသင်ဖို့ သွားကြတာပါ။ စီးပွားသွားရှာနကြေတာ မဟုတ်ပါဘူး။ ကျောင်းသား၊ ကျောင်းသူတွေအတွက် မကောက်ဖို့ မေတ္တာရပ်ခံ ပါရစေရှင်"ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်စုနေ ဒေါ်နန်းဝိုးခမ်းက ပြောသည်။

အဆိုပါဂိတ်မှ ဖြတ်သန်းခ ကောက်ခံရာတွင် တစ်နေ့အတွင်း ဖြတ်သန်းသွားသည့် အကြိမ်တိုင်းအတွက် ဂိတ်ကြေးပေးနေရသဖြင့် ဒေသခံများအနဖြေင့် လမ်းပိုင်းအသုံးပြုခကြောင့် အခက်အခဲဖြစ်နေမှုကို တောင်းဆို ညှိနှိုင်းခဲ့သည်ကို နိုင်ငံ့ဝန်ထမ်းနှင့် ကျောင်းသားများအပေါ်တွင်ပါ ထပ်တိုး တောင်းခံလိုက်ခြင်းအပေါ် ဒေသတွင်း ဝေဖန်မှုများ ထွက်ပေါ်နခြေင်းဖြစ်သည်။

"အခုလို လမ်းခင်းပေးထားတာကိုတော့ ကျေးဇူးတင်ရမှာ ဖြစ်ပေမဲ့ (၁၇)နှစ်လုံးလုံး နိုင်ငံတော်ကို အခွန်လည်း မပေးဘဲ ပိုက်ဆံကောက်ခံလာတာကြည့်ရင် နိုင်ငံတော်အတွက်လည်း အကျိုးအမြတ်မရှိဘူး။ ပြည်သူ အတွက်လည်း အခွန်ပေးရတာ ဘာအတွက်မှန်းမသိဘူး။ နောက်တစ်ခုက ဒီလိုလမ်းခင်းပြီး ပိုက်ဆံကောက်လို့ရရင် ပိုက်ဆံရှိတဲ့ လူတိုင်း လမ်းတွေ၊ တံတားတွေ လိုက်တည်ဆောက်ခင်းပြီး အခွန်ပဲ ထိုင်ကောက်နကြေတော့မှာပေါ့။ အခုက ဆိုင်ကယ်ကို (၁၀)ဘတ်လေး လျှော့ပေးပြီး ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအပေါ် ဖြတ်သန်းခ ကောက်တယ်ဆိုတာက စေတနာပါပါနဲ့ လုပ်တဲ့အလုပ် မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်"ဟု လူ့အခွင့်အရေးလေ့လာသုံးသပ်သူ ဦးအောင်သိန်းက ဝေဖန်လိုက်သည်။

အဆိုပါလမ်းကြောင်းရှိ မြန်မာဧရာမွန်ကုမ္ပဏီမှ ကောက်ခံသည့် လမ်းဖြတ်သန်းခဂိတ်ကြေးမှာ မော်တော်ဆိုင်ကယ် (၁) စီးလျှင် (၅)ဘတ်နှင့် မော်တော်ကားတစ်စီးလျှင် ဘတ်(၂၀)သာ ကောက်ခံနခြေင်းဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ရွှတြေိဂံတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် အရှည်(၂)မိုင် (၂)ဖာလုံရှိသည့် လမ်းပိုင်းကို အနှစ် (၂၀)ပေးခဲ့ခြင်းဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~