တာခ်ီလိတ္၌ ထိုင္းႏိုင္ငံသား တစ္ဦး၏ အတြင္းခံ ေဘာင္းဘီအတြင္းမွ စိတ္ၾကြေဆးမ်ား ရွာေဖြေတြ႕ရွိ

တာခ်ီလိတ္၌ ထိုင္းႏိုင္ငံသား တစ္ဦး၏ အတြင္းခံ ေဘာင္းဘီအတြင္းမွ စိတ္ၾကြေဆးမ်ား ရွာေဖြေတြ႕ရွိ
ဇူလိုင် 6, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္ (၆)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္ ေဝွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ထုိင္းႏိုင္ငံသားတစ္ဦး အတြင္းခံေဘာင္းဘီအတြင္း ခိုးဝွက္သယ္ေဆာင္လာသည့္ က်ပ္(၈)သိန္းေက်ာ္တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားအား စစ္ေဆးေတြ႔ရိွရေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ေဝွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇူလိုင္(၅)ရက္ေန႔က ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ထိုင္းႏုိင္ငံသား ပက္တနာဘြန္(ခ)နီးအား  ရွာေဖြစစ္ေဆးရာမွ ၎၀တ္ဆင္ထားေသာ အတြင္းခံေဘာင္းဘီအတြင္း ဝွက္၍ သယ္ေဆာင္လာသည့္ WY စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား(၁၈၀)ျပားပါ (၁)ထုပ္ႏွင့္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား(၁၇၈)ျပားပါ (၁)ထုပ္၊ စုစုေပါင္း စိတ္ၾကြေဆးျပား(၃၅၈)ျပား ကာလတန္ဖိုး က်ပ္(၈.၉၅)သိန္းခန္႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္ ထံမွ သိရသည္။

"ပိတ္ဆို႔စစ္ေဆးေရးလုပ္ေနတဲ့ အခ်ိန္မွာေတြ႕လို႔ စစ္ေဆးလိုက္ေတာ့ ေပါင္ခြၾကားထဲမွာထည့္ၿပီး သယ္လာတာေတြ႕ရတာ။ ေ၀ွေလလန္ကေန တာခ်ီလိတ္ကုိလာတာပါ။ အဲဒီတစ္ရက္္တည္းမွာပဲ မူးယစ္ေဆး၀ါးေတြ (၃)မႈေလာက္ဖမ္းမိတယ္"ဟု မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္ မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

စိတ္ၾကြ မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာသည့္ အသက္(၂၃)ႏွစ္ရွိ ထိုင္းႏိုင္ငံသား ပက္တနာဘြန္(ခ)နီးအား ၀မ္ပံုနယ္ေျမရဲစခန္း မယ(ပ)၁၀/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...................

တာချီလိတ်၊ ဇူလိုင် (၆)ရက်
တာချီလိတ်မြို့နယ် ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ထိုင်းနိုင်ငံသားတစ်ဦး အတွင်းခံဘောင်းဘီအတွင်း ခိုးဝှက်သယ်ဆောင်လာသည့် ကျပ်(၈)သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား စစ်ဆေးတွေ့ရှိရကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇူလိုင်(၅)ရက်နေ့က ဆိုင်ကယ်မောင်းနှင်လာသည့် ထိုင်းနိုင်ငံသား ပက်တနာဘွန်(ခ)နီးအား ရှာဖွေစစ်ဆေးရာမှ၎င်းဝတ်ဆင်ထားသော အတွင်းခံဘောင်းဘီအတွင်း ဝှက်၍ သယ်ဆောင်လာသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား(၁၈၀)ပြားပါ (၁)ထုပ်နှင့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၁၇၈)ပြားပါ (၁)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား(၃၅၈)ပြား ကာလတန်ဖိုး ကျပ်(၈.၉၅)သိန်းခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် ထံမှ သိရသည်။

"ပိတ်ဆို့စစ်ဆေးရေးလုပ်နေတဲ့ အချိန်မှာတွေ့လို့ စစ်ဆေးလိုက်တော့ ပေါင်ခွကြားထဲမှာထည့်ပြီး သယ်လာတာတွေ့ရတာ။ ဝှေလေလန်ကနေ တာချီလိတ်ကိုလာတာပါ။ အဲဒီတစ်ရက်တည်းမှာပဲ မူးယစ်ဆေးဝါးတွေ (၃)မှုလောက်ဖမ်းမိတယ်"ဟု မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိတ်ကြွ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသည့် အသက်(၂၃)နှစ်ရှိ ထိုင်းနိုင်ငံသား ပက်တနာဘွန်(ခ)နီးအား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၁၀/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~