တာချီလိတ်မှ လွှတ်တော်ကိုယ်စားလှယ်များ ရပ်ကွက်အလိုက် လူထုတွေ့ဆုံပြီး တင်ပြလာမှု အမှန်တကယ် ဟုတ်မဟုတ် ကွင်းဆင်း

တာချီလိတ်မှ လွှတ်တော်ကိုယ်စားလှယ်များ ရပ်ကွက်အလိုက် လူထုတွေ့ဆုံပြီး တင်ပြလာမှု အမှန်တကယ် ဟုတ်မဟုတ် ကွင်းဆင်း
ဇူလိုငျ 13, 2016
By Tachileik News Agency


ရှမ်းပြည်နယ် မဲဆန္ဒနယ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ် နှင့် တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းတို့သည် ဇူလိုင်လ(၁၃)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ၎င်းတို့ တင်ပြလာမှုများကို မှတ်တမ်းများပြုလုပ်ကာ လက်တွေ့လုပ်ဆောင်ရနိုင်မည့် ကိစ္စရပ်များအား သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြေပြင် ကွင်းဆင်းမှုများနှင့် ပတ်သက်၍ လက်တွေ့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့နယ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်နားရပ်များတွင် ဒေသအကျိုးသယ်ပိုးနိုင်ရန်အတွက် ရပ်ကွက်အလိုက် လူထုတွေ့ဆုံမှုများ ပြုလုပ်ပြီး၊ ရပ်မိရပ်ဖများမှ တင်ပြလာမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ။  ။ အောင်ကျော်ဝင်းစိန်
.....................

တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် လူထုတွေ့ဆုံမှုများနှင့် ရပ်ကွက်များအတွင်း လက်တွေ့ ကွင်းဆင်းကြည့်ရှုမှုများကို တာချီလိတ်မြို့နယ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်နားရပ်များတွင် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ် နှင့် တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းတို့သည် ဇူလိုင်လ(၁၃)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး၎င်းတို့ တင်ပြလာမှုများကို မှတ်တမ်းများပြုလုပ်ကာ လက်တွေ့လုပ်ဆောင်ရနိုင်မည့် ကိစ္စရပ်များအား သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြပြေင် ကွင်းဆင်းမှုများနှင့် ပတ်သက်၍ လက်တွေ့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

"ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ တွေ့ဆုံပွဲလေး လုပ်တော့ အဓိက သူတို့ ရပ်ကွက်ထဲမှာ ရေနုတ်မြောင်းကိစ္စတွေ၊ ရေစီးရေလာကိစ္စတွေ နဲ့ မိလ္လာပိုက် သွယ်တန်းထားမှု ပြဿနာတွေ အပြင် ဝမ်မိုင်နားမှာ နှစ်ပေါင်းတော်တော်ကြာ စွန့်ပစ်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေသိုလှောင်ထားတဲ့ ပီပါကိစ္စတွေရောပေါ့၊ ဒီစွန့်ပစ်ပစ္စည်းကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးကို တင်ပြသွားဖို့ စီစဉ်ထားပါတယ်"ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ်က ပြောသည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့သည် လူထုတွေ့ဆုံမှုအပြီး ရပ်ကွက်အတွင်း ရေစီးရေလာခက်ခဲသော နေရာများ နှင့် ဓာတုပစ္စည်းများ စွန့်ပစ်ထားသည့် နေရာအား သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနဖြေင့် လွှတ်တော်နားရပ်များတွင် ဒေသအကျိုးသယ်ပိုးနိုင်ရန်အတွက် ရပ်ကွက်အလိုက် လူထုတွေ့ဆုံမှုများ ပြုလုပ်ပြီး၊ ရပ်မိရပ်ဖများမှ တင်ပြလာမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ။ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~