ေရႊရင္ေအး မ်ဳိးစပါးမ်ားအား မိုင္းယု၌ မိုးစပါးအျဖစ္ စံျပစိုက္ပ်ဳိး

ေရႊရင္ေအး မ်ဳိးစပါးမ်ားအား မိုင္းယု၌ မိုးစပါးအျဖစ္ စံျပစိုက္ပ်ဳိး
ဇူလိုင် 14, 2016
By Tachileik News Agency

 ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕တြင္ ေရႊရင္ေအး မ်ဳိးစပါးအား မိုးစပါး စံျပကြက္ စိုက္ပ်ဳိးပြဲ အျဖစ္ ဇူလိုင္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက မိုင္းယုၿမိဳ႕စိုက္ပ်ဳိးေရးဦးစီးဌာနႏွင့္ အက်ဳိးေဆာင္ ေတာင္သူတို႔မွ စုေပါင္းကာ စိုက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ရွိ ေဒသခံေတာင္သူ ဦးေက်ာက္မိုင္ရြက္၏ လယ္ကြင္းအမွတ္ (၆၅)ရွိ စံျပကြက္ (၅)ဧကတြင္ စိုက္ပ်ဳိးၾကျခင္း ျဖစ္သည္။

မိုးစပါး စံျပစိုက္ပ်ဳိးပြဲတြင္ "အက်ဳိးေဆာင္ ေတာင္သူမ်ားႏွင့္ မ်ဳိးေကာင္းမ်ဳိးသန္႔ စပါးမ်ဳိးမ်ားကို ယခုစိုက္ပ်ဳိးထားၿပီးေၾကာင္း၊ ေနာက္ႏွစ္မ်ားတြင္လည္း အဆိုပါ မ်ဳိးေကာင္းမ်ဳိးသန္႔ စပါးမ်ဳိးမ်ား သံုးစြဲႏိုင္ရန္ အတြက္ နည္းစနစ္တက် တိုးခ်ဲ႕စိုက္ပ်ဳိးသြားမည္ ျဖစ္ေၾကာင္း ႏွင့္ ယခု စံျပစိုက္ပ်ဳိးထားရွိေသာ ေကာက္ကြက္အား တစ္ဧကလွ်င္ တင္း(၁၅၀)ထြက္ရွိႏိုင္ရန္ ေမွ်ာ္လင့္ထားရွိေၾကာင္း" မိုင္းယုၿမိဳ႕ စိုက္ပ်ဳိးေရး ဦးစီးဌာနမွ ဦးစီးမွဴး ဦးစိုးမင္းဦးေက်ာ္က ေျပာၾကားသည္။

အဆိုပါ စံျပကြက္မ်ားတြင္ မ်ဳိးေကာင္းမ်ဳိးသန္႔ စပါးမ်ဳိးျဖစ္ေသာ ေရႊရင္ေအး မ်ဳိးစပါးမ်ားအား ေဘာင္စနစ္ျဖင့္ ပ်ဳိးေထာင္စိုက္ပ်ဳိးထားရွိၿပီး၊ ယခု စိုက္ပ်ဳိးသည့္ေန႔တြင္ အဆိုပါ မ်ဳိးစပါးပင္မ်ား၏ သက္တမ္းသည္ ရက္(၂၀)သား ရွိၿပီျဖစ္ၿပီး ပင္ပြား(၃)ပင္မွ (၄)ပင္အထိ ထြက္ရွိေနၿပီျဖစ္ေၾကာင္း စိုက္ပ်ဳိးပြဲသို႔ တက္ေရာက္လာသူမ်ားအား ၎မွ ဆက္လက္ ရွင္းလင္းေျပာၾကားသည္။

မိုးစပါး စံျပကြက္ စိုက္ပ်ဳိးပြဲသုိ႔ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံ အက်ဳိးေဆာင္ ေတာင္သူမ်ား စုစုေပါင္း (၂၅ )ဦး တက္ေရာက္လာၾကၿပီး  ပူးေပါင္းပါဝင္ ေဆာင္ရြက္စိုက္ပ်ဳိးေပးခဲ့ေၾကာင္း သိရွိရသည္ ။

သတင္း/ဓာတ္ပံု။  ။ ကိုကိုႏိုင္(မိုင္းယု)

.............

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ရွှေရင်အေး မျိုးစပါးအား မိုးစပါး စံပြကွက် စိုက်ပျိုးပွဲ အဖြစ် ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူတို့မှ စုပေါင်းကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၊ မြို့မရပ်ကွက်ရှိ ဒေသခံတောင်သူ ဦးကျောက်မိုင်ရွက်၏ လယ်ကွင်းအမှတ် (၆၅)ရှိ စံပြကွက် (၅)ဧကတွင် စိုက်ပျိုးကြခြင်း ဖြစ်သည်။

မိုးစပါး စံပြစိုက်ပျိုးပွဲတွင် "အကျိုးဆောင် တောင်သူများနှင့် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ယခုစိုက်ပျိုးထားပြီးကြောင်း၊ နောက်နှစ်များတွင်လည်း အဆိုပါ မျိုးကောင်းမျိုးသန့် စပါးမျိုးများ သုံးစွဲနိုင်ရန် အတွက် နည်းစနစ်တကျ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း နှင့် ယခု စံပြစိုက်ပျိုးထားရှိသော ကောက်ကွက်အား တစ်ဧကလျှင် တင်း(၁၅၀)ထွက်ရှိနိုင်ရန် မျှော်လင့်ထားရှိကြောင်း" မိုင်းယုမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမင်းဦးကျော်က ပြောကြားသည်။

အဆိုပါ စံပြကွက်များတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးဖြစ်သော ရွှေရင်အေး မျိုးစပါးများအား ဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးထားရှိပြီး၊ ယခု စိုက်ပျိုးသည့်နေ့တွင် အဆိုပါ မျိုးစပါးပင်များ၏ သက်တမ်းသည် ရက်(၂၀)သား ရှိပြီဖြစ်ပြီး ပင်ပွား(၃)ပင်မှ (၄)ပင်အထိ ထွက်ရှိနပြေီဖြစ်ကြောင်း စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား၎င်းမှ ဆက်လက် ရှင်းလင်းပြောကြားသည်။

မိုးစပါး စံပြကွက် စိုက်ပျိုးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ အကျိုးဆောင် တောင်သူများ စုစုပေါင်း (၂၅ )ဦး တက်ရောက်လာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။ ကိုကိုနိုင်(မိုင်းယု)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~